၆၉။ ဇာမဏီ၏ ခွန်းသံသာ (၁၈)

245 70 0
                                    

ဇာမဏီ၏ ခွန်းသံသာ (၁၈)
~~~~~~~~~~~~~~~~~~~

ဖုန်းစီ သတိရလာတော့ ရှီရှန်းက ဂူပေါက်ဝ၌ ရပ်ကာ အပေါ်သို့မော့ကြည့်နေလေသည်။

"ရှောင်ရှု. . ." ဖုန်းစီ သူမကို တွေ့သည်နှင့် ခုန်ထလိုက်ပြီး သူမထံ အမြန်ပြေးလာကာ နောက်ကနေ သိုင်းဖက်လိုက်သည်။ "တော်သေးတာပေါ့... မင်း ဘာမှ မဖြစ်လို့ ...!"

အလစ်တိုက်ခိုက်ခံလိုက်ရသည်ဆိုတော့ ရှီရှန်း ချောင်းတွေ အဆက်မပြတ်ဆိုးတော့သည်။ လေထဲ သွေးနံ့တို့ ပျံ့ထွက်လာတော့သည်။

"ဘယ်လိုဖြစ်တာလဲ" ဖုန်းစီ ရှီရှန်းကို လွှတ်ပေးပြီး သူမ ရှေ့ကို လာလိုက်သည်။ "မင်း မျက်နှာ ဘာလို့ ဒီလောက် ဖြူဖျော့နေရတာလဲ၊ မင်းရဲ့ ကျင့်ကြံဆင့်အတွင်းအားတွေရော...? သူတို့ကြောင့် ဖြစ်ရတာလား... မကြောက်ပါနဲ့၊ ကိုယ် မင်းအတွက် ကလဲ့စားချေပေးမယ်... သူတို့ကို ဘယ်လိုသေစေချင်လဲ ပြော... ကိုယ် လုပ်ပေးမယ်"

ရှီရှန်း အသက်လုရှူနေရသည်။ သူမ အကြည့်က အပေါ်သို့ရောက်သွားသောအခါ ရုတ်တရက် သူမ မျက်နှာထား ပြောင်းလဲသွားတော့သည်။ သူမ စကားမပြောနိုင်၊ ထို့ကြောင့် အပေါ်ဘက်ဆီသို့ လက်ညိုးထိုးပြလေသည်။

ဖုန်းစီ၏ မျက်ဝန်းနီရင့်တို့မှာ စိုးရိမ်ပူပန်မှုတွေသာ ပြည့်နေလေသည်။ ရှီရှန်း ဆိုလိုသည်ကို သူ နားမလည်။ ထို့ကြောင့် သူ သူမကိုသာ အူကြောင်ကြောင်နှင့် ငေးကြည့်နေမိလေသည်။

ရှီရှန်း ရင်ဘတ်က ဖုတ်လှိုက်ဖုတ်လှိုက်နှင့် အမောဖောက်နေပြီးနောက် ရုတ်တရက် သူမ ဖုန်းစီကို ဆွဲကာ ဘေးသို့ ရှောင်လိုက်သည်။ သူတို့ ခုနကလေးတင်ရပ်နေသောနေရာပေါ်သို့ လေးလံသော အရာတစ်ခု ပြုတ်ကျသွားသံကို ကြားလိုက်ရသည်။ ရှီရှန်း နောက်ကျောက နံရံဘက်မှာ ရှိသည်။ မသေသေးသော အရှိန်ကြောင့် ဖုန်းစီ သူမ ကိုယ်ပေါ် ဖိလိုက်မိသည်၊ သူ့ အေးစက်စက် နှုတ်ခမ်းတစ်စုံက သူမ နှုတ်ခမ်းထောင့်ကို ဖိကပ်မိလျက်သား. . .။

ဖုန်းစီ မျက်လုံးမျက်ဆန်ပြူးသွားရပြီး သူ့မျက်တောင် ရှည်ကော့ညွတ်တို့က တဖြတ်ဖြတ်တုန်ခါလာတော့သည်။ ဒီလောက်နီးကပ်နေရာမှ သူတို့နှစ်ဦးစလုံး၏ အသက်ရှူသံပင် သူ ကြားလာရသည်။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now