၇၀။ ဇာမဏီ၏ ခွန်းသံသာ (၁၉)

242 70 3
                                    

ဇာမဏီ၏ ခွန်းသံသာ (၁၉)
~~~~~~~~~~~~~~~~~~~

ထိုကိစ္စက ရှီရှန်း ထင်ထားသကဲ့သို့ မဟုတ်ပါချေ။ သူမ လည်ချောင်းတစ်လျှောက် နွေးထွေးသောအရာတစ်ခု ဆင်းသွားသည်ကိုသာ ခံစားလိုက်ရသည်။ ထိုအပူငွေ့စီးဆင်းသွားသည့်လမ်းကြောင်းတစ်လျှောက် သူမ ခန္ဓာကိုယ်တစ်​ခုလုံး နွေးထွေးသိမ်မွေ့သော စွမ်းအင်တစ်ခု၏ လွှမ်းခြုံထားခြင်းခံရလိုက်သည့်အလား ခံစားမိသည်။ ဖုန်းစီ သူမကို ပြန်လွှတ်ပေးလိုက်သည်။ သူ့နှုတ်ခမ်းများ စွတ်စိုနေသေးသည်။ "မကြောက်ပါနဲ့၊ စိတ်လျော့ထား..."

ရှီရှန်းမှာ စကားတုန့်ပြန်ဖို့ပင် အချိန်မရလိုက်ပေ၊ အမှောင်ထုက သူမအမြင်ကို စိုးမိုးသွားလေသည်။ ခေတ္တအကြာတွင်တော့၊ မီးလျံများတောက်လောင်နေသော လမ်းကြောင်းများစွာ ပေါ်လာလေသည်။ သူမက ထိုလမ်းကြောင်းများအနက် တစ်ခုအပေါ်၌ ရပ်နေလေသည်။

'ဒါ ဘာနေရာကြီးလဲ...!'

ရှီရှန်း စမ်းသပ်သည့်အနေနှင့် ထိုမီးလျံများကို လက်ဖြင့် လှမ်းကိုင်ကြည့်သည်။ မီးတောက်မီးလျံတို့ သူမ လက်ဖဝါးကို ဖြတ်ဖောက်ထွက်သွားသော်လည်း သူမ မည်သို့မျှ မခံစားရပေ။

"သူ့ကို သေအောင်သာရိုက်...! အထူးအဆန်းကောင်...!"

"သူနဲ့ မဆော့နဲ့ ...! သူက မကောင်းဆိုးဝါးကြီး...!"

"သတ္တဝါဆန်း...! မကောင်းဆိုးဝါး...!"

တစ်သံနှင့် တစ်သံ ထပ်ကာရောယှက်နေသော ကလေးငယ်တို့၏ အသံများကို ကြားလိုက်ရသည်။

ရှီရှန်း ရှေ့ကို မျှော်ကြည့်လိုက်သည်။ မီးများတောက်လောင်နေသော လမ်းပေါ်၌ ကလေးတချို့ တစ်ကိုယ်လုံး မီးလျံများဝန်းရံနေသော ကလေးငယ်ကို ဝိုင်းကြည့်နေကြသည်။ ကောင်လေးက မလှုပ်မယှက်ရပ်နေစဉ် သူတို့က သူ့ကို တုတ်များ ခဲများနှင့် ထုကြ၊ ရိုက်ကြ၊ ပစ်ပေါက်နေကြသည်။ ကောင်လေးကတော့ လုံးဝမလှုပ်၊ သူတို့ ချွန်ထက်သော အရာများနှင့် ပစ်ပေါက်ထိုးနှက်နေသည်ကိုသာ ငြိမ်ခံနေလေသည်။

သိပ်မကြာလိုက်၊ သူ့နဖူးပြင်နှင့် ပါးပြင်တို့မှာ ဒဏ်ရာ အနာတရများ ဖြစ်ပေါ်လာတော့သည်။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Hikayelerin yaşadığı yer. Şimdi keşfedin