၁၁၄။ ဧကရီအနက်ရောင် (၂၈)

283 62 0
                                    

ဧကရီအနက်ရောင် (၂၈)
~~~~~~~~~~~~~~~~~

နောက်တစ်နေ့ မနက်၌ မြို့တော်ဝန်က သူ့လူတို့ကို အဆင်သင့်ပြင်ခိုင်းထားလိုက်ပြီး ချီမင်ရွှယ့်ကို မြို့တော်ကနေ ခေါ်ထုတ်သွားသည်။ အဖွဲ့ထဲ၌ တစ်ဝက်က စမ်းရေကို သောက်ထားပြီး ကျန်တစ်ဝက်က ထိုရေကို မသောက်ထားပေ။ သူတို့ ဇွန်ဘီနှင့်တွေ့သည့်အခါ ရေသောက်ထားသည့်သူများက ဇွန်ဘီတို့ ပိုအာရုံစိုက်ခံရတာ ရှင်းလေသည်။

မြို့တော်ဝန်၏ ဖိအားပေးသည့် အကြည့်တို့က ချီမင်ရွှယ့်ဆီ ရွေ့သွားလေကာ သူမ စိတ်ထဲ နည်းနည်း တုန်လှုပ်နေသော်ငြား ထွက်ပြေးချင်သည့် ဆန္ဒက သူမကို နောက်မဆုတ်ရန် ခွန်အားပေးနေ၏။

"ချီမင်ရွှယ့်၊ မင်း ရှင်းပြသင့်တယ်မလား"

ချီမင်ရွှယ့်က "ဘာလို့ အဲလိုဖြစ်တာလဲဆိုတာ ကျွန်​မလဲ မသိဘူး" မျက်နှာပြောင်တိုက်၍ ပြောင်​ငြင်းလိုက်သည်။

ဖြန်း...

မြို့တော်ဝန်က ချီမင်ရွှယ့်ကို ပါးရိုက်လိုက်​တော့သည်။

"မင်း ပိုင်တဲ့ဟာကို မင်းမသိဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်း တမင်တကာ လုပ်တာမလား"

သည်းမခံနိုင်သည့် အဆုံး မြို့တော်ဝန်က သူမ ဆံပင်ကို ဆွဲကာ သူမကို ကားနှင့် ကပ်၍ဖိထား၏။ သူမပါးနှင့် ကားမှန် ကပ်၍ဖိထားသဖြင့် သူမမျက်နှာ ရွဲ့စောင်းနေ၏။ ချီမင်ရွှယ့် နာကျင်နေသော်လည်း၊ "ကျွန်​မ တကယ် မသိဘူး" ဟု အတင်း ခံပြောလေသည်။

မြို့တော်ဝန် ချီမင်ရွှယ့်ကို ဆွဲဆောင့်ခေါ်သွားကာ ဇွန်ဘီ ကြားထဲ တွန်းပို့လိုက်လေသည်။

ချီမင်ရွှယ့်၏ အစွမ်းက တော်ရုံမဟုတ်သဖြင့် သူမ အသက်ရှင်လိမ့်မည်ကို မြို့တော်ဝန် ကြိုသိပြီးသားဖြစ်သည်။ သို့သော် ချီမင်ရွှယ့် မခုခံဘဲ သူမကိုယ်သူမ ဇွန်ဘီတို့ဖြင့် အဝိုင်းခံလိုက်မည်ကို သူ မမျှော်လင့်ထားပေ။ မကြာခင်မှာပင် သူမတစ်ကိုယ်လုံးသည် ဇွန်ဘီများဖြင့် ကွယ်သွား၏။

မြို့တော်ဝန်က သူ့လူများကို ဇွန်ဘီများ မြန်မြန် သတ်ခိုင်းလိုက်သော်လည်း သူတို့ အကုန် ရှင်းပြီးချိန်၌ချီ မင်ရွှယ့် ပျောက်သွားပြီး ဖြစ်သည်။ ဤအခွင့်အရေးကို ချီမင်ရွှယ့် စောင့်စားနေတာ ဖြစ်လေသည်။ သူမ၏ လေဟာနယ်ထဲသို့ ဝင်ပုန်းရန် အခွင့်အရေးကို ဖြစ်၏။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now