၃၀။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၀)

384 79 1
                                    

ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၀)
~~~~~~~~~~~~~~~~~~~~~~~~~

"ရှမန် နင် ပြန်လာရဲသေးတယ်ပေါ့လေ၊ ဘယ်လိုတောင် ရှက်ကြောမရှိတာလဲ၊ ငါသာဆိုရင် ပြည်ပမှာပဲ တစ်သက်လုံးနေပြီး ပြန်လာမှာတောင် မဟုတ်ဘူး၊ ရှမိသားစုနဲ့ ကိုယ့်ကိုယ်ကိုယ် အလကားနေ အရှက်မကွဲရအောင်လို့ပေါ့"

ရှီရှန်း ဆက်လျှောက်သွားတော့မည့်စဲစဲ၊ ရှမန်နာမည်ကို ခေါ်၍ ပြောဆိုနေသံများကို ကြားလိုက်ရလေသည်။ သူမလည်း တုံ့ခနဲ ရပ်သွားကာ ပြန်လှည့်လာမိတော့သည်။

ရှီရှန်းနှင့် ခြေလှမ်းအနည်းငယ်အကွာ နေရာ၌ လှပ ကျော့မော့နေအောင် ဝတ်စားထားသော အမျိုးသမီးတစ်ဦးက ရှမန်ကို ဆက်သွားခွင့်မရအောင် လမ်းပိတ်ထားသည်။ ရှမန် အကြည့်လည်း မာကြောသွားပြီး အေးစက်စက်အသံနှင့် တုံ့ပြန်တော့၏။

"ငါနဲ့ ရှမိသားစုက ဘာမှ မဆိုင်တော့ဘူး"

ရှရွှမ်းမျက်နှာပေါ်၌ လှောင်ပြောင်သရော်လိုမှုတို့က အထင်းသားနှင့် သူမက ဆိုလာသည်။

"​ဪ နင်က မာရေကျောရေနဲ့ပါလား၊ ဘာလဲ နောက်က အားကိုးစရာများ ရှိနေပြီမို့လား၊ ဟုတ်သားပဲ၊ နင့်မှာ အသုံးချစရာ အားကိုးစရာဆိုလို့ ဒီခန္ဓာကိုယ်ပဲ ရှိတော့တာမလား"

ဖြောင်း

ရှရွှမ်း ယိုင်လဲသွားပြီး ရှီရှန်းကို ဝင်တိုက်မိတော့သည်။ ရှီရှန်းပါ ခြေလှမ်းများ ယိုင်သွားကာ အနီးရှိ ပန်းအိုးအား ဝင်တိုက်မိသွား၏။ ထိုပန်းအိုးမှာ လေးထောင့်စပ်စပ်ဖြစ်သောကြောင့် သူမခါးမှာ ထောင့်တစ်ထောင့်နှင့် ဆောင့်မိသွားပြီး အထိနာသွားလေသည်။

'ငါက ပွဲကြည့်ရုံလေးလေ၊ ဘယ်လိုလုပ် ငါပါ ခံလိုက်ရတာတုန်းလို့ ပြီးတော့ လုချင်းယွင်စုတ်. . . နင် ငါ့ကို ဖမ်းပေးထားလိုက်ရင် သေသွားမှာမို့လား '

လုချင်းယွင်မှာ သူမနံဘေး ရပ်နေခြင်းဖြစ်သည်။ သူ အထူးတလည် ကြိုးစားစရာမလိုဘဲ သူမ လဲမကျသွားအောင် ထိန်းပေးလိုက်နိုင်ရက်နှင့်၊ လက်ပိုက်ကာ ပြုံးလျက် ကြည့်ပေးရုံသာ နေသည်။

"မင်း ဘာဖြစ်သွားသေးလဲ"

လက်တစ်စုံက သူမကို တွဲထူပေးလာသည်။ ရှီရှန်း မျက်မှောင်ကြုတ်လျက် မော့ကြည့်လိုက်တော့ ရှီးမော့ပင်။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now