၁၉။ ရွှေပေါ်မြတင် (၁၉)

516 84 0
                                    

ရွှေပေါ်မြတင် (၁၉)
~~~~~~~~~~~~~

တစ်နှစ်ဆိုသည့်အချိန်သည် မကြာညောင်းလှသော်လည်း တိုတောင်းသည့်အချိန်တော့ မဟုတ်ပေ။ လင်းဟောက်တို့ ဖခင်ဘက်က အကြီးဆုံးဦးလေးသည် ကုမ္ပဏီကို အမွေရပြီးနောက် လင်းဟောက်မိဘတွေကို ခေါ်ထားသော်လည်း လင်းဟောက်ကိုတော့ နှင်ထုတ်ခဲ့လေသည်။

လင်းဟောက်၏ ခြေထောက်က ပေါက်ကွဲမှုကြောင့်ဒဏ်ရာရခဲ့ပြီး ပြန်ကောင်းအောင်လုပ်ဖို့ ငွေကြေးလိုအပ်ခဲ့သောကြောင့် လမ်းလျှောက်ရာတွင် ခဲယဉ်းခဲ့သည်။ ပထမတော့ သူ စုယိယိကို တွေ့ဖို့ကြိုးစားခဲ့သော်လည်း နန်ကုန်းကျင်းက တွေ့ခွင့်မပြုခဲ့။ သူ ငွေကြေးချို့တဲ့လာသည်နှင့်အမျှ နားလည်လိုက်ရတာက သူဟာ အရင်ကလို သူဌေးသားမဟုတ်တော့သည့် အကြောင်းပင်။ စုယိယိကို တွေ့ချင်နေစိတ်ပါ ရပ်တန့်သွားခဲ့သည်။ အဆုံးမှာတော့ လင်းဟောက်တစ်ယောက် ပျောက်ကွယ်သွားခဲ့သည်။

နန်ကုန်းကျင်းနှင့် သူ၏ တရားမဝင်ညီတို့၏ တိုက်ပွဲက အခိုးအငွေ့တွေ လောင်မြိုက်ထွက်လို့ ဝုန်းဒိုင်းကြဲအဆင့်ကို ရောက်နေပြီ။

သူအနားရှိနေသရွေ့ နန်ကုန်းကျင်းအတွက် အဆင်မပြေတော့။ မူလဇာတ်ကြောင်းမှာတုန်းက တရားမဝင်ကလေးက နောက်ကျမှပေါ်လာခဲ့သည်။ ထိုအချိန်တွင် နန်ကုန်းကျင်းမှာ ကုမ္ပဏီတစ်ခုလုံး ထိန်းချုပ်နေခဲ့ပြီ။ ထို မိမစစ်ဖမစစ်ဆိုသည့်သူမှာ အစွမ်းတော့ရှိသည်။ အချိန်အနည်းငယ်ကြာ တည်ရှိခဲ့သော်လည်း နောက်ဆုံးတော့ နန်ကုန်းကျင်းက ရှင်းထုတ်နိုင်ခဲ့လေသည်။

သို့သော် ယခုတော့ အနှီမယားငယ်သားသည် နန်ကုန်းကျင်း လွှမ်းမိုးမှု သိပ်မရှိသေးချိန်၊ အစောကြီးပေါ်လာသည်။ နန်ကုန်းကျန်း၏ အကူအညီပါရထားတော့ ဒီတစ်ခေါက် နောက်ဆုံးအောင်မြင်သူက နန်ကုန်းကျင်း မဖြစ်နိုင်တော့ပေ။

ဟုတ်တာပေါ့။ အမှန်တော့ ထိုမိမစစ်ဖမစစ်လေး စောစောပေါ်လာသည့် အကြောင်းရင်းမှာ ရှီရှန်းပင်။ တကယ်တမ်း ကုမ္ပဏီမှ သူ့ကိုထောက်ခံသူတွေမှာ ရှီရှန်းက ခြိမ်းခြောက်အကြပ်ကိုင်ထား၍ ထောက်ခံကူညီနေခြင်းဖြစ်လေသည်။ သူ့ကို ကူညီပေးဖို့အတင်းအကြပ်ခိုင်းခံရသည်။ မဟုတ်ရင် ဘာလို့ ရုတ်တရက်ကြီး ပေါ်လာသည့် သူတို့လည်း မသိသော လူတစ်ယောက်ကို ကူညီနိုင်မည်တဲ့လဲ။ နောက်ပိုင်းသူတို့ကို ထိန်းချုပ်နိုင် မချုပ်နိုင်ကတော့ ရှီရှန်းကိစ္စမဟုတ်။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now