၁၁၇။ ဧကရီ အနက်​ရောင်​ (၃၁)

258 60 0
                                    

ဧကရီ အနက်​ရောင်​ (၃၁)
~~~~~~~~~~~~~~~~~~~

ချီမင်​ရွှယ့်​၏ စကားကြောင့်​ ဒီလူအများ သွေးပွက်​ပွက်​ ဆူသွားရတော့သည်​။ 'ငါတို့ အဲ့ဒီ ဇွန်​ဘီဘုရင်​ကို ဖမ်းလိုက်​နိုင်​ရင်​ လောကကြီးတစ်​ခုလုံးကို အုပ်​စိုးလို့ ရပြီဆိုတဲ့ သဘော မဟုတ်​လား'

ချီမင်​ရွှယ့်​သည်​ အားရတက်​ကြွစွာနှင့်​ တိုင်​ပင်​ဆွေးနွေးနေကြသော လူစုကို ကြည့်​ရင်း အေးစက်​စက်​ ပြုံးလိုက်​လေသည်​။ 'အဆင့်​မြင့်​ ဇွန်​ဘီတွေ အများကြီး ဝန်းရံနေတဲ့ ဇွန်​ဘီဘုရင်​နားကို ကပ်​ဖို့ဆိုတာလေးကတောင်​ စိတ်​ကူးယဉ်​ဆန်​လွန်းတယ်​ဆိုတာ သူတို့ မတွေးမိကြတာလား...

ဒါပေမဲ့ ဒီလူတွေက အာရုံလွှဲစရာ ဖြစ်​လာမှာပဲ...

ငါကတော့ ကုနန်​ကို သတ်​မယ်​'

ဤသို့သော ဘဝမျိုးမှာ အနေကြာပြီး လမ်းဆုံး မမြင်​နိုင်​တော့သောကြောင့်​လားတော့ မသိ၊ လူအများစုကို ခေါင်းဆောင်​က စည်းရုံးသိမ်းသွင်းနိုင်​သွားခဲ့သည်​။ စခန်းမြို့ထဲမှ ထောင်​ချီသော လူအင်​အားဖြင့်​ ချီတက်​ခဲ့ကြလေသည်​။

"ဘယ်​သွားကြမလို့လဲ" ဂိတ်​တံခါးဝကို စောင့်​ကြပ်​သူက မေးလာသည်​။

"ကျုပ်​တို့တွေ ရိက္ခာစုဆောင်းမလို့" ဤသည်​မှာ သူတို့ ကြိုတင်​ညှိနှိုင်းထားသော ဆင်​ခြေဖြစ်​၏။ အစောင့်​သည်​လည်း ဆက်​မမေးနေတော့။ ထွက်​သွားမည့်​ လူဦးရေကို မှတ်​ထားပြီးနောက်​တော့ သွားခွင့်​ပြုလိုက်​လေသည်​။

သူတို့ ထွက်​သွားပြီး သိပ်​မကြာလိုက်​၊ ရိက္ခာရှာပြီး ပြန်​လာကြသော စုန့်​ရှစ်တို့ အုပ်​စုနှင့်​ ဆုံမိလေသည်​။ ဤသည်​မှာ ချီမင်​ရွှယ့်​ စုန့်​ရှစ်​ကို ပထမဆုံးတွေ့ခြင်း မဟုတ်​သော်​လည်း ပထမဆုံး ထိပ်​တိုက်​ ပြန်​ဆုံတွေ့ခြင်းဖြစ်​လေသည်​။

ချီမင်​ရွှယ့်​ လွန်​စွာ ပြောင်းလဲခဲ့သောကြောင့်​လစုန့်​ရှစ်​ သူမကို မမှတ်​မိ။ သူမ ယခင်​ကထက်​ ပိုလှလာပြီး အဝတ်​အစားများကိုလည်း ပို၍ ရဲတင်းစွာ ဝတ်​စားထားလေသည်​။ ခပ်​လှမ်းလှမ်းမှ ကြည့်​ရုံနှင့်​ သူမက စက္ခုအာရုံကို ဖမ်းစားနိုင်​သည်​။ ခေါင်းဆောင်​လု နံဘေး၌ အလွန်​လှပသော မိန်းကလေးတစ်​ဦးရှိသည်​ဟု ပြောသည့်​ စကားများ သူ ကြားခဲ့သော်​ငြား ချီမင်​ရွှယ့်​ ဖြစ်​နေမည်​ဟုတော့ ထင်​မထား။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now