၉၉။ ဧကရီ အနက်​ရောင်​ (၁၃)

270 59 2
                                    

ဧကရီ အနက်​ရောင်​ (၁၃)
~~~~~~~~~~~~~~~~~~~

လင်​ဖုန်း၏ အကြံပြုချက်​အတိုင်း ရှီရှန်း ကြေးစားအဖွဲ့ ဖွဲ့ရန်​ စာရင်းသွင်းဖြစ်​ခဲ့သည်​။ အဖွဲ့ကို လွန်​စွာ မောက်​မာလှသော နာမည်​လည်း ပေးခဲ့လေသည်​။

အဖွဲ့အမည်​က《Fight Us!!!》{ထို့ကြောင့်​ အတိုကောက်​အနေဖြင့်​ FU ဟု ခေါ်ရပေမည်​}။
(T/n: သတိထားမိမလား မသိပေမဲ့ FU က Fuck U နဲ့ သဘောတရားတူပါတယ်​)

သူတို့ သုံးယောက်​ကတော့ အနှီ စိတ်​ကြီးဝင်​ စိတ်​ရူးပေါက်​ နာမည်​ကြီးကို ငြင်းလိုက်​ချင်​မိသည်​။ သို့သော်​လည်း သူတို့၏ ကန့်​ကွက်​ချက်​များကို ရှီရှန်းက အရေးတယူ မရှိလှ။

ယခင်​ လ တစ်​လလုံး ရှီရှန်းတစ်ယောက်​ အပီအပြင်​ ကျိတ်​ {တာဝန်​တွေ လုပ်​-*အဟမ်း*- စစ်​ဆင်​ရေးတွေ လုပ်​}နေခြင်းကြောင့်​ မအားနိုင်​ပေ။ သူမသည်​ FU အဖွဲ့ကြီးကို ဟာရီကိန်း ကြေးစားအဖွဲ့ထက်​ တစ်​ဆင့်​သာနိမ့်​သော အနေအထားထိ ဆွဲမြှင့်​တင်​နိုင်​ခဲ့လေသည်​။ ဒါပေါ့၊ သူမ၏ ရည်​မှန်းချက်​က ပို၍ အဆင့်​မြင့်​ရန်​၊ ဟာရီကိန်းအဖွဲ့ကို ကျော်​နိုင်​ရန်​ ဖြစ်​လေသည်​။

အာဏာပိုင်​ ခေါင်းဆောင်​ပိုင်းများသာလျှင်​ ကြေးစားအဖွဲ့အသီးသီး၏ အတွင်းရေး အသေးစိတ်​အချက်​အလက်​များကို သိနိုင်​သည်​။ ထို့ကြောင့်​ ဘာမှ မသိရသည့်​ လူအများက FU အဖွဲ့ကို စိတ်​ဝင်​စားနေသည်​မှာ မဆန်းတော့။

စီမံခန့်​ခွဲရေးကို တာဝန်​ယူထားသူများမှအပ FU အဖွဲ့ဝင်​များ မည်​သူမည်​ဝါဖြစ်​ကြောင်းကို တခြား ဘယ်​သူမှ မသိကြပေ။ မစ်​ရှင်​များ စစ်​ဆင်​ရေးများခွဲဝေရေး ဘုတ်​မှာ ဖော်​ပြထားသည်​က FU အဖွဲ့ မစ်​ရှင်​လာရွေးလျှင်​ ညနက်​သန်းခေါင်​ သို့မဟုတ်​၊ မနက်​ဝေလီဝေလင်းအစောပိုင်းများတွင်​သာ လာတတ်​သည်​ဟု ဆို၏။ ထို့ကြောင့်​ အခြားအဖွဲ့များနှင့်​ မဆုံဖြစ်​ကြပေ။

ထိုကဲ့သို့ ထူးခြားဆန်းပြားနေသော ကြေးစားအဖွဲ့မျိုး တွေ့ဖူးကြသလား။ မတွေ့ဖူးကြ။ ထိုမျှမက သူတို့ အဖွဲ့သည်​ တစ်​လဟူသော အချိန်​ကလေးအတွင်း၌ ဟာရီကိန်း အဖွဲ့ကို အမီလိုက်​လာနိုင်​လေသည်​။ ဒီလိုအဖွဲ့မျိုးက လူတကာ၏ သိချင်​စိတ်​ကို မနှိုးဆွဘဲ နေပါ့မလား။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now