၇၆။ ဇာမဏီ၏ ခွန်းသံသာ (၂၅)

243 72 1
                                    

ဇာမဏီ၏ ခွန်းသံသာ (၂၅)
~~~~~~~~~~~~~~~~~~~

[Host... 'မိုးကြိုးလွှဲ' ဝယ်လိုပါသလား။]

'အာ့ ဘာကြီးလဲ... ငါက ဘာလို့ မိုးကြိုးလွှဲဝယ်ရမှာလဲ၊ ယဲ့ချင်းချိုးက မိုးကြိုးအပစ်ခံနေရတဲ့သူ မဟုတ်ဘူးလား...'

[တစ်ခါသုံး 'မိုးကြိုးလွှဲ' ဝယ်လိုပါသလား]

အလွန် ပရော်ဖက်ရှင်နယ်ဖြစ်သော System က သူ့မေးခွန်းကို ထပ်မေးလေသည်။

မိုးကြိုးလျပ်စီးများပင် ပျောက်ကွယ်သွားခဲ့ပြီ။ ရှီရှန်းလည်း ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ 'မိုင်ပေါင်းများစွာ ရှင်းလင်းကြည်လင်နေတာ ဘယ်က ဘယ်လို လျှပ်စီးလက်နေတာတုန်း၊ ယဲ့ချင်းချိုးရဲ့ မိုးကြိုးစမ်းသပ်မှုက လက်ကျန်တွေလား၊ ပြီးတော့ ငါက မိုးကြိုးလွှဲကို ဘာလို့ လိုမှာလဲ၊ ခေါင်းပေါ်မှာ ထောင်ထားလို့ရအောင်လား...'

"ခုနက ဘာဖြစ်သွားတာလဲ၊ မိုးကြိုးပစ်စမ်းသပ်လို့ ပြီးသွားပြီ မဟုတ်လား၊ ဘာလို့ လျပ်စီးတွေ လက်နေသေးတာလဲ..."

"မသိဘူးလေ... ဒါမျိုးဖြစ်တာ တစ်ခါမှ မကြားဖူးဘူး"

"ဒီလျပ်စီးကြောင်းတွေက ခုနကဟာတွေထက် ပိုကြီးတာ မင်းတို့ သတိထားမိကြလား... ပြီးတော့... သူတို့က ပိုအစွမ်းပြင်းထန်မယ်လို့ ငါ ထင်မိတယ်... ငါ ဒီအဝေးကြီးကနေတောင် မသက်မသာဖြစ်နေမိတာ"

"ရှေ့တန်းမှာကျန်ခဲ့တဲ့ တချို့ဆို ဖိအားကြောင့် သွေးပါအန်ကုန်ပြီ. . ."

"ဘာရယ်...? အဲ့သလောက်တောင် အားပြင်းတာလား...! ဒါ ဘယ်လို လျပ်စီးမျိုးလဲ...! ယဲ့ဂိုဏ်းချုပ်က နတ်ဘုရားအဆင့်တက်တာများလား...!"

"နောက်မနေနဲ့၊ နတ်ဘုရားတွေရဲ့ လောကက ပျောက်ဆုံးသွားတာ ကြာလှပြီ... သူ ဘယ်လိုလုပ် နတ်ဘုရားဖြစ်လာရမှာလဲ"

နောက်ဆုံးစကားကို ဝိုင်းဝန်းလှောင်ပြောင်းရင်း ပြောနေကြလေသည်။

လှောင်ပြောင်ခံရသူကလည်း စကားအဖြစ်သာပြောခြင်းကို ဝိုင်းဝန်းပြက်ရယ်ပြုခံရသောအခါ ဒေါသထွက်သွားပြီး ပြန်လည် ငြင်းခုန်တော့လေသည်။ ရန်ပွဲက ရိုက်ပွဲအဖြစ်ပြောင်းခါနီးဆဲဆဲမှာပဲ. . .

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now