၉၂။ ဧကရီ အနက်​ရောင်​ (၆)

285 61 1
                                    

ဧကရီ အနက်​ရောင်​ (၆)
~~~~~~~~~~~~~~~~

'လီး လီး လီး လီး လီး...! ဒီခွေးသားလေး ငါ့ကို စားချင်​နေတယ်​၊ ဓား ဘယ်​မှာလဲ၊ ငါ ဒီကောင့်​ကို သေအောင်​ ခုတ်​ပစ်​မယ်...!' ရှီရှန်း ဓားကို ဆွဲထုတ်​တော့မည့်​ အချိန်​မှာပဲ သူမ လက်​ချောင်းထိပ်​မှာ အေးစက်​စက်​နှသ့်​ နူးညံ့သော အထိအတွေ့ကို ခံစားလိုက်​ရလေသည်​။ သူမ တစ်​ကိုယ်​လုံး တုန်​ရင်​သွားမိပြီး ဇွန်​ဘီကို အထူးတဆန်း ကြည့်​နေမိတော့၏။

အခုချိန်​မှာ သူက ရှီရှန်း၏ လက်​ချောင်းများကို လျှာဖြင့်​ လျက်​နေသည်​။ သူ့အကြိုက်​အရသာ မဟုတ်​နေသည်​ကို သိလိုက်​ရသည့်​အလား မျက်​မှောင်​က ကုတ်​လိုက်​သေး။ "ဟာ ဟာ...!"

". . ." 'နားမလည်​နေဘူး... လူလို ပြောပါလား...'

"ဟာ... ဟာ...!!!" ဇွန်​ဘီသည်​ သူမလက်​ကို သူမဘက်​ ပြန်​ပုတ်​ထုတ်​လိုက်​ပြီး ပူပန်​ပြင်းပြစွာ မာန်​ဖီလာတော့သည်​။ ရှီရှန်း သူမလက်​ကို သူမ ပြန်​ကြည့်​လိုက်​မိ၏။ 'အေး ဟုတ်​တယ်​ဟ အရမ်းလှပြီး သန့်​နေရောပဲ၊ ငါ သိပါတယ်​ဟ...'

"ဟာ ဟာ...!"

ဇွန်​ဘီက သူ့လက်​ချောင်းတွေနှင့်​ သူမ လက်​ချောင်းကို လာထိခတ်​သည်​။ သူ၏ မင်​သေသေမျက်​ဝန်းများမှာတော့ မျှော်​လင့်​တောင့်​တခြင်းနှင့်​ ဆင်​တူသော ခံစားချက်​တို့ ဆောင်​နေလေသည်​။ ရှီရှန်းလည်း သူမ လက်​ချောင်းကလေးနှင့်​ သူ့ကို ပြန်​တို့နေလိုက်​တော့လေ၏။ 'နင်​ ဘာလိုချင်​နေတာလဲ ဟမ်​၊ နင်​ ငါလေးကို သေအောင်​ တို့နေမလို့လား ဟမ်​'

သူ အလိုရှိသည့်​အရာကို မည်​သို့ ဖော်​ပြရမည်​ မသိရှာလေသော ဇွန်​ဘီခမျာ သူမကို ဆောက်​တည်​ရာမရ ချာချာလည်​အောင်​ ပတ်​ပြီး လျှောက်​နေရုံသာ တတ်​နိုင်​လေသည်​။ နောက်​တော့ သူ ရုတ်​တရက်​ ထပြေးသွားလေ၏။

ရှီရှန်း၊ ". . ." 'ဆိုတော့ကာ... အာ့ ဘာလုပ်​တာလဲလို့၊ ဇွန်​ဘီတွေ ဘယ်​လို အတွေးပေါက်​ကြသလဲ ငါလေးတော့ နားကို မလည်​နိုင်​ဘူး'

သူ ထွက်​သွားပြီးခါမှ ရှီရှန်း မိမိရောက်​နေသော ပတ်​ဝန်းကျင်​ကို အကဲခတ်​ဖြစ်​တော့သည်​။ သူမ ရောက်​နေသည်​မှာ သိပ်​မကျယ်​လွန်းသည့်​ ဂူတစ်​ဂူထဲ။ မျက်​နှာကျက်​မှာ အပေါက်​မရှိနေသောကြောင့်​ သူမ အပေါ်ကနေ ပြုတ်​ကျလာခဲ့ခြင်း မဟုတ်​လေသည်​။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Onde histórias criam vida. Descubra agora