၇။ ရွှေပေါ်မြတင် (၇)

517 94 1
                                    

ရွှေပေါ်မြတင် (၇)
~~~~~~~~~~~~~

ချူထန်းအတွက် ယခုကသာ ဘတ်စ်ကား ပထမဆုံးအကြိမ် စီးဖူးခြင်းဖြစ်သည်မို့ ကားပေါ်မှ မဆင်းမချင်း ဆက်ထိုင်နေခြင်းကို နားလည်ပေး၍ ရသည်။ သူ သက်သောင့်သက်သာ ရှိမနေသော်လည်း သိသာအောင် ထုတ်မပြခဲ့။ ချူထန်းသည် သူ၏ ကျော့မော့သော ပုံရိပ်ကို ဆက်လက်ထိန်းထားနိုင်စေရန် ကြိုးစားခဲ့လေသည်။

ရှီရှန်း သူ့ကို မလှောင်ပြောင်သော်ငြား သနားတော့ မသနားမိပေ။

'နင့် ဒါရိုက်ဘာကို အိမ်ပြန်လွှတ်လိုက်တာကိုး၊ နည်းတောင် နည်းသေးတယ်၊ သူ အိမ်ပြန်ဖို့အရေးပါ ငါ့ကို ပိုက်ဆံစိုက်ထုတ်စေချင်နေတာ၊ ဒီလောက်ငွေမက်နေရင်လဲ အဲဒီငွေတွေနဲ့ပဲ သွားနေလိုက်တော့...'

ရှီရှန်းသည် အိမ်မပြန်ခင် ချူထန်းအား ပန်းခြံကလေးဘက် လမ်းလျှောက်ထွက်ရန် ခေါ်လာခဲ့လိုက်သည်။ System မှာတော့ သူတို့နှစ်ဦးကြားက အပြန်အလှန် တုန့်ပြန်မှုများကို ဆက်မကြည့်နိုင်တော့။ သူတို့ ရန်ထဖြစ်မည်ဆိုသည့်တိုင် System အတွက် အံ့ဩစရာ မဟုတ်တော့ပေ။ System ကတော့ ဒီ လျှို့ဝှက်တာဝန်ကျရှုံးတော့မည်ဟုပင် အာရုံရနေမိ၏။

ရှီရှန်းတို့ အိမ်နှင့် နီးကပ်သည့်တိုင်အောင် ချူထန်းတစ်ယောက် သူ့အိမ် သူ ပြန်မည့် အရိပ်အယောင်လက္ခဏာ စိုးစင်းမျှ မပြ။ ရှီရှန်းလည်း မနေသာတော့ဘဲ မေးလိုက်မိတော့သည်။ "မစ္စတာချူ ရှင် အိမ် မပြန်သေးဘူးလား"

ချူထန်းက သူ့လက်တွေကို ဘောင်းဘီ အိတ်ကပ်ထဲ အခန့်သားထည့်ရင်း ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးဆီသို့ လျှောက်သွားလေသည်။

"ကျွန်တော့်ကို မစ္စရွှီ ပိုင်မှတော့ မစ္စ ရွှီနဲ့ အတူတူ အိမ်လိုက်ပြန်တာသဘာဝကျပါတယ်လေ..."

'အိမ်လိုက်ပြန်မယ်ဆိုပဲ'

ရှီရှန်း နှုတ်ခမ်းတွေကို ဖိကိုက်ထားလိုက်မိတော့သည်။ 'သေချာတယ်... ဒီကောင် ဦးနှောက်က ဇကာပေါက်ဖြစ်နေတာနေမယ်'

ချူထန်း ဦးနှောက်က ဇကာပေါက်ပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ။ ရှီရှန်း အိမ်ပေါက်ဝရောက်သည်အထိ သူ လိုက်လာ၏။ ရှီရှန်း၏ ဖခင်က မအိပ်သေး။ တီဗွီအစီအစဉ်တစ်ခု ကြည့်နေလေသည်။ ထို့ကြောင့် ရှီရှန်း သူစိမ်းယောက်ျားတစ်ဦး အိမ်ပြန်ခေါ်လာသည်နှင့် ပက်ပင်းတိုးမိသွားတော့သည်။ ရွှီအဖေကြီးသည် တစ်ခဏလောက်ကြောင်နေမိပြီးမှ ထိုင်နေရာက ထလိုက်ပြီး အော်လေတော့သည်။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now