၁၂၂။ ဆေးမှန်မှန်သောက် (၃)

289 67 1
                                    

ဆေးမှန်မှန်သောက် (၃)
~~~~~~~~~~~~~~~

ရှီရှန်းက သူမ၏တည်ရှိမှုကို မထင်ပေါ်စေချင်ပေ။ သူမ အခန်းထဲသို့သာ ပြန်သွားခဲ့လေ၏။ ဒီနေရာတွင် သူမအား မည်သူကမှ အမှန်တကယ်နှစ်သက်ကြသည်မဟုတ်၊ သူတို့၏ သခင်မလေးကို အမှန်​တကယ်​ အသိအမှတ်​ မပြုကြပေ။

ကျိရှောင်ယွီသည် ထိုမိန်းမချောလေး မည်သူဖြစ်ကြောင်းမေးချင်သော်ငြား ပေကျယ်၏ အမူအရာက အခုချိန်​၌ အတော်လေးဆိုးနေ၍ ဘာမှမပြောရဲတော့ပေ။ ထိုအစား သူမ အိမ်စာလုပ်ပြီးနောက် အလုပ်သာလုပ်နေခဲ့သည်။

ထိုမိန်းကလေး ညစာစားဖို့ဆင်းလာတာ မမြင်တော့ ကျိရှောင်ယွီ ပို၍ပင် သိချင်စိတ်ပြင်းပြလာလေ၏။ သူမ အိမ်တော်ထိန်း ဦးလေးဟော်ကို လက်​တို့၍ မေးလိုက်လေသည်။ "ဦးလေးဟော်၊ ကျွန်မ ဒီနေ့လည်တုန်းက ခြံထဲမှာ အရမ်းလှတဲ့ မိန်းကလေးတစ်ယောက်တွေ့ခဲ့တယ်၊ သူ ဘယ်သူလဲ ဟင်"

"သြော်၊ အဲဒါက ဦးလေးတို့ မမလေးလေ၊ သူက ဒီနေ့မှပြန်ရောက်လာတာ..."

"မမလေးလား" ကျိရှောင်ယွီ အံ့အားသင့်သွားသည်။
'ပေမိသားစုမှာ ပေကျယ်ဆိုတဲ့ သခင်လေးတစ်ယောက်ပဲရှိတယ်ထင်ခဲ့တာ၊ ဘယ်လိုလုပ် မမလေးပါ ရှိနေတာလဲ'

"သိပ်ပြီး စပ်​စပ်​စုစု မလုပ်နဲ့" ဦးလေးဟော်က ကျိရှောင်ယွီကို ကြည့်လိုက်သည်။ သူက ကိစ္စတော်တော်များများကိုသိသည့် ဝန်ထမ်းဟောင်းတစ်ယောက်ဖြစ်သည်။ သူ ပေကျီ့အပေါ်သနားသော်ငြား ဤသည်​မှာ အလုပ်​ရှင်​ သူဌေးအိမ်၏ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ကာ ၎င်းတို့ကဲ့သို့ အလုပ်သမားများ စွက်​ဖက်​ မေးမြန်း၍ရသည့် အကြောင်းအရာမျိုးမဟုတ်ပေ။

ကျိရှောင်ယွီကတော့ 'ဩော်'ဟုသာ အသံပြုပြီးနောက်​တော့ ပေကျယ် သူမအား ခေါ်နေသံကို ကြား၍ အလျင်အမြန်အပြင်ပြေးထွက်ခဲ့လေသည်။

……

ရှီရှန်းတစ်​ယောက်​ အခန်းထဲတွင်သာ ညစာစားနေသည်။ အဲလစ်အကယ်ဒမီ တက်ရန် လိုအပ်သော ပစ္စည်းများ၊ စာရွက်​စာတမ်းများကို ရှေ့နေယန်က ပြင်ဆင်ပေးပြီးသားဖြစ်ကာ သူမက ယခုရွေးကြည့်နေသည်။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now