ဇာမဏီ၏ ခွန်းသံသာ (၃၄)
~~~~~~~~~~~~~~~~~~~မြောက်ပိုင်းတောင်တန်းထိပ်တွင်တော့ အနီရောင်ဝတ်စုံများ ဝတ်ဆင်ထားသူ နှစ်ဦး တစ်ဦးလက်ကို တစ်ဦးကိုင်ဆွဲကာ ရပ်နေကြသည်။ ရှီရှန်း သူမ အရှေ့ရှိ မြေပုံမို့မို့နှင့် ကမ္ပည်းတိုင်ကို ကြည့်နေလိုက်သည်။ ထိုဘေးတွင်တော့ ယုရှောင်း၏ ဝတ်စုံတစ်စုံ မြေပေါ်ပုံကျနေလေသည်။
ထိုအဝတ်အစားများကို အတည်တကျ သေချာစွာ မြုပ်နှံပေးပြီး အုတ်ဂူမှတ်တိုင်ထောင်ပေးပြီးသွားသောအခါမှ ရှီရှန်း မြေပုံကို ဂါရဝပြုလိုက်သည်။ ဖုန်းစီ တစ်ချက်မလှုပ်သည်ကို သတိထားမိတော့ ရှီရှန်း သူ့ကို မျက်စောင်းထိုးလေသည်။
ဖုန်းစီ သူမကို အပြစ်ကင်းလေဟန်နှင့် ပြန်ကြည့်ပြန်သည်။ 'ရှောင်ရှု ငါ့ကို ဘာလို့ မျက်စောင်းထိုးလိုက်တာလဲ၊ ငါ ဒီနေ့ မလှလို့လား...'
ရှီရှန်းလည်း မတတ်သာတော့ သူ့ကို အတင်း ဂါရဝပြုခိုင်းရတော့လေသည်။ သူတို့ တောင်ထိပ်မှာ ခေတ္တမျှ နေပြီးနောက် ရှီရှန်းရော ဖုန်းစီပါ တောင်အောက်ပြန်ဆင်းလာကြတော့သည်။
ထိုကဲ့သို့သော နက်ရှိုင်းသည့်အချစ်မျိုးကို သူမ နားမလည်သော်လည်း လေးစားသည်။ ယုရှောင်းမှာ သူတစ်ပါးအတွက် သူ့အသက်ကို စွန့်လွှတ်ဝံ့သည့် လူစားမျိုး။ ရှီရှန်းနှင့် ဖုန်းစီတို့ အိမ်ပြန်ရောက်တော့ လုကျန်းက ပြန်သွားလေပြီ။ လင့်ရီရီနှင့် ပိုင်လန်တို့တော့ ရှိသေးသည်။
ရှီရှန်းက ပိုင်လန်ကို ယုရှောင်းအဖြစ်အပျက်များအား ပြောပြလိုက်သည်။ ပိုင်လန်က ယုရှောင်းကို တွေ့လိုသည်ဟုဆိုကာ လင့်ရီရီကို ခေါ်၍ သူတို့အား နှုတ်ဆက်ထွက်ခွာသွားတော့သည်။
"ရှောင်ရှု. . ." ဖုန်းစီ ရှီရှန်း အနားသွားရပ်နေလိုက်သည်။ "အခုကစပြီး... မင်းက ကိုယ့် ဇနီးပဲ၊ ကိုယ့်အသက်နဲ့ မင်းကို ကာကွယ်ပေးသွားမယ်..."
ဘာကြောင့်ရယ်မသိ၊ ရှီရှန်း နှလုံးသားလေးက ဒိန်းကနဲဖြစ်သွားမိကာ ဖုန်းစီကို ငေးကြောင်ကြည့်နေမိတော့သည်။ သူမ နှုတ်ခမ်းတို့အပေါ် နွေးထွေးမှုတို့ ကျရောက်လာသောအခါမှ သူမ ယောင်ယမ်းကာ နောက်ဆုတ်ရှောင်လိုက်မိသည်။ ဖုန်းစီလည်း သူမ နေသားကျအောင် စိတ်ရှည်စွာ စောင့်နေပေးသည်။ ခဏကြာတော့ ရှီရှန်းဘက်က ပြန်တုန့်ပြန်လာသည်။
CZYTASZ
Boss အဆိပ်မပြင်းလွန်းနဲ့...! [Zawgyi]
RomansSide Charecter Transmigration: Final Boss is no Joke ကို ဘာသာပြန်ထားတာပါ။ Zawgyi Ver. ပါ။ Unicode Ver. က သက်သက်ရှိပါတယ်