၁၁၀ ။ ဧကရီ အနက်ရောင် (၂၄)

286 71 1
                                    

ဧကရီ အနက်ရောင် (၂၄)
~~~~~~~~~~~~~~

အ​မှောင်​ထုက မိုးကုတ်​စက်​ဝန်းဆီမှ အလျင်​အမြန်​ချည်းကပ်​လာ​လေ၏။ သိပ်​မကြာခင်​ပင်​ လှုပ်​ရှား​နေ​သောအရာများက ဘာလဲဆိုတာ သိသွားကုန်​ကြသည်။

ဇွန်​ဘီများ!

ဇွန်​ဘီအလုံးအရင်း ဝင်​ရောက်​တိုက်​ခိုင်းခြင်း...!

အဆင့်​ ၁ ကာကွယ်​​ရေးသတိ​ပေးသံက စခန်းတစ်​​လျှောက်​မြည်​လာသည်​။ ကုနန်​အတွက်​ ဂိတ်​ဖွင့်​ရန်​ပြင်​​နေကြသည့်​လူ​တွေမှာ မလုပ်​ရဲ​တော့​ပေ။ ဒုတိယနှင့်​ တတိယ နံရံအတွက်​သံမဏိဂိတ်​များလည်း ပိတ်​ကုန်​သည်​။

ဇွန်​ဘီများ သူတို့လမ်းဆီ ​ရောက်​လာတာမြင်​​တော့လုံခြုံ​ရေးစခန်းအပြင်​တွင်​ တန်းစီ​နေသည့်​လူများမှာ ချက်​ချင်းဆိုသလို တံခါးကို တဒုန်းဒုန်းထုကြ​တော့သည်​။ ​နှေး​ကွေး​နေသည့်​ အလုပ်​သမားများမှာ ​ဒေါသထွက်​​နေကြ​သောလူစုလူ​ဝေးကြီး အထဲဝင်​ရန်​အတွက်​ ဓားစာခံအဖြစ်​ လုပ်​ခြင်းခံလိုက်​ရသည်​။ သို့​သော်လည်း လုံခြုံ​ရေးစခန်းမှာ အလုပ်​သမားအနည်းငယ်​အတွက်​​နှင့်​ တံခါးဖွင့်​​ပေးမည်​မဟုတ်​​ပေ။

တကယ်​​တော့ ဟိုးအထဲရှိတံခါးများမှာလည်း စနစ်​ကျစွာ ပိတ်​​နေပြီဖြစ်​သည်​။ ရှီရှန်းမှာ တတိယနှင့်​စတုတ္ထဂိတ်ကြား ညပ်​​နေသည်​။ ဂိတ်​၂ ခုကြားမှအကွာအ​ဝေးမှာ သိပ်​မကျယ်​​ပေ။ အလွန်​ဆုံးရှိမှ မီတာ၅၀ ဖြစ်​၏။ လုံခြုံ​ရေးစခန်းထဲ ပြန်​ဆုတ်​ဖို့အချိန်​မမီလိုက်​သည့်​လူများလည်းရှိ​နေကာ အခုအကုန်​ပိတ်​မိ​နေကြတော့သည်​။

သို့​သော်​ငြား သူတို့က အပြင်​လူ​တွေ​လောက်​ ​သွေးမပျက်​​ပေ။ မည်​သို့ပင်​ဖြစ်​စေ၊​ ဤသည်​မှာက တတိယဂိတ်​​နောက်​ဖြစ်​၍ အပြင်​ကသူများထက်​​တော့ အများကြီး လုံခြုံသည်​။

ချန်းရှင်း၏အုပ်​စုမှာ စတုတ္ထ​ဂိတ်​တွင်​ပိတ်​မိ​နေသည်​​။ သူ့ကို မကြာခင်​လာ​ခေါ်သွားကြ၏။ ကုနန်​အ​ပေါ် ​စောင့်​ကြည့်​ရန်​ သူက လူတစ်​ချို့ထားခဲ့​သေးသည်​။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now