၁၁၈။ ဧကရီ အနက်​ရောင်​ (၃၂)

292 57 0
                                    

ဧကရီ အနက်​ရောင်​ (၃၂)
~~~~~~~~~~~~~~~~~~~

ရှီရှန်း ဘေးက ဇွန်​ဘီတော်​တော်​များများ သူတို့ လူအဖြစ်​တုန်းက မှတ်​ဉာဏ်​တွေ ပြန်​ရကုန်​ကြပြီ။ သူတို့၏ အပြင်​ပန်း သွင်​ပြင်​ကတော့ ပုံမှန်​ လူသားတစ်​ယောက်​နှင့်​ မတူသေးသည့်​ နေရာများရှိနေသော်လည်း နောက်​ထပ်​ အဆင့်​များ မြင့်​တက်​လာလျှင်​တော့ အကောင်းပကတိလူပုံစံအတိုင်း ပြန်​ဖြစ်​တော့မည်​ ဖြစ်​၏။

သူတို့၏ လူ့ဘဝ မှတ်​ဉာဏ်​များ ပြန်​ရလာကတည်းက ထိုဇွန်​ဘီများသည်​ စုတ်​ပြဲညစ်​ပေနေသော အဝတ်အစားများ မဝတ်​ကြတော့။ သန့်​ရှင်းသပ်​ရပ်​သော အဝတ်​အစားများ ပြောင်းလဲဝတ်​ကြတော့လေသည်​။

မှတ်​ဉာဏ်​ ခပ်​စောစောပြန်​ရကြသော ဇွန်​ဘီများမှာ အစကတည်းက အဆင့်​ပိုမြင့်​နေကြသူများဖြစ်​၏။ ထိုဇွန်​ဘီများသည်​ ချင်းယွီတို့ သုံးယောက်​အဖွဲ့၏ ညွှန်​ကြား အုပ်​ချုပ်​ ခန့်​ခွဲ့မှုအောက်​တွင်​ ရှိကြပြီး တရားဝင်​ အမာခံ အဖွဲ့ဝင်​များ ဖြစ်​လာကြသော အဦးဆုံး ဇွန်​ဘီများဆိုလျှင်​လည်း မမှား။

လောလောဆယ်​၌ သူတို့မှာ ရေအရင်းအမြစ်​ပြန်​လည်​ရရှိရေးနှင့်​ လျှပ်​စစ်​ဓာတ်​အား ပြန်​လည်​ထုတ်​လုပ်​ သုံးစွဲနိုင်​ရေးတို့အတွက်​ အပတ်​တကုတ်​ ကြိုးစားနေကြလေသည်​။ အစည်းအဝေးခန်းမှာ တစ်​နေကုန်​ အလစ်​အလပ်​မရှိ၊ လူပြည့်​နေခဲ့တော့သည်​။

ရှီရှန်း ချန်​လီကို အစည်းအဝေးခန်းဘက်​ဆီခေါ်လာတော့ ချင်းယွီတို့ အစည်းအဝေး အဆုံးသတ်​ပြီးကာစ ဖြစ်​လေသည်​။ မူလက ကြည့်​ကောင်း ခံ့ညားသော လူငယ်​၏ သွင်​ပြင်​မှာ ယခုတော့ ဖရိုဖရဲဖြစ်​နေသည်​။ ရက်​ပေါင်းများစွာ အိပ်​ရေးပျက်​ထားဟန်​ ရှိနေ၏။

"Boss, အရှင်..." ရှီရှန်းကို တွေ့သောအခါ ချင်းယွီ အံ့အားသင့်​သွားခဲ့လေသည်​။ "ဘယ်​တုန်းက ရောက်​လာတာလဲ Boss... လုပ်​နေတဲ့ ကိစ္စ ပြီးသွားပြီလား"

ရှီရှန်း သူတို့အားလုံးကို ခြုံ၍ ကြည့်​လိုက်​သည်​။ "အင်း၊ ပြီးသလောက်​ပဲ... ဒီမှာရော အခြေအနေ ဘယ်​လိုလဲ"

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Donde viven las historias. Descúbrelo ahora