၁၀၁။ ဧကရီ အနက်​ရောင်​ (၁၅)

267 61 1
                                    

ဧကရီ အနက်​ရောင်​ (၁၅)
~~~~~~~~~~~~~~~~

ဟာရီကိန်း ကြေးစားအဖွဲ့သည်​ ဆယ့်​လေးရက်​ ဆယ့်​လေးညဟူသော အချိန်​ကာလဆက်​တိုက်​ ကြိုးပမ်းခဲ့ကာမှ နာမည်​ကျော်​ကြားလာခဲ့ခြင်းဖြစ်​သည်​။ ထိုနောက်​ပိုင်းမှ အဆင့်​သတ်​မှတ်​ချက်​ သင်​ပုန်းပေါ်တွင်​ ထိပ်​ဆုံးကို ရောက်​ခဲ့သည်​။ သို့ပေလျက်​ စိတ်​ကြီးဝင်​ ဘဝင်​ရူးနေသော ဤကြေးစားအဖွဲ့လေး 《Fight Us!!!》 ဆိုသည်​အဖွဲ့ကတော့ သင်​ပုန်းပေါ် နာမည်​တင်​ပြီး သိပ်​မကြာခင်​မှာပင်​ ကျော်​ကြားလာခဲ့သည်​။ သူတို့ အဆင့်​သတ်​မှတ်​ချက်​ သင်​ပုန်းပေါ်၌ မဖော်​ပြခံရခင်​က သူတို့အဖွဲ့အကြောင်း သိကြားဖူးသူ သိပ်​မရှိကြပေ။

ဖြစ်​နိုင်​သည်​က ဒီကြေးစားအဖွဲ့သည်​ တစ်​ချိန်​လုံး မစ်ရှင်​တာဝန်​များ ထမ်းဆောင်​နေကြသည်​ဖြစ်​၍ အခြားအဖွဲ့များနှင့်​ အပြောအဆို အဆက်​အသွယ်​မရှိဟု ယူဆနိုင်​သည်​။ သို့သော်​ ထိုကဲ့သို့ သီးသန့်​တစ်​ကိုယ်​တော်​သွားရသည့်​ မစ်​ရှင်​မျိုးမှာ ဆုကြေးက နည်းပါးတတ်​သဖြင့်​ ကြေးစားအများစုက လက်​မခံတတ်​ကြ။ အဖွဲ့အစည်းမရှိသော စွမ်းအားရှင်​များ၊ မစ်​ရှင်​ထမ်းဆောင်ဖို့ ယာယီ စုဖွဲ့ထားသော အစွမ်းအသုံးပြုသူများနှင့်​ တစ်​ကိုယ်​တော်​ အစွမ်းရှိသူများသာ ထိုမစ်​ရှင်​မျိုးကို လက်​ခံတတ်​ကြသည်​။

ထိုကဲ့သို့ မစ်​ရှင်​များကို တစ်​ဖွဲ့တည်း လုပ်​ပြီး အသက်​ရှင်​လျက်​ အောင်​မြင်​နိုင်​သည်​ကို ထောက်​ရသော်​ သူတို့၏ အဖွဲ့မှာ အစွမ်းအစရှိပုံ ရလေသည်​။ ဒီလပိုင်းအတွင်း သူတို့ သိနားလည်​ခဲ့ရသည်​မှာလည်း အမျိုးသမီးများနှင့်​ ကလေးများကိုလည်း အထင်​သေး၍ မရဟူသော အချက်​ပင်​ဖြစ်​၏။

ချန်းရှင်း အသက်​ပြင်းပြင်း တစ်​ချက်​ရှူလိုက်​သည်​။ "ခေါင်းဆောင်​ကု၊ ဒီမစ်​ရှင်​က လုံးဝကို လျှို့ဝှက်​ချက်​ ပေါက်​ကြားစေလို့ မဖြစ်​တဲ့အတွက်​ ကျုပ်​တို့ကို တိကျတဲ့ အဖြတစ်​ခုပေးနိုင်​ဖို့ မျှော်​လင့်​တယ်​၊ ဖြေရှင်းချက်​မပေးနိုင်​ရင်​တော့ ဒီနေရာမှာ ချက်​ချင်း သတ်​ပစ်​လိုက်​ရတော့မှာပဲ..."

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now