၉၁။ ဧကရီ အနက်​ရောင်​ (၅)

287 64 3
                                    

ဧကရီ အနက်​ရောင်​ (၅)
~~~~~~~~~~~~~~~~

ချီမင်​ရွှယ့်​ မျက်​နှာထားက နွေးထွေးနေသည်​။ သူမ စိတ်​ထဲမှာကတော့ တွေးဖြစ်​နေ၏။ 'ဇာတ်​လိုက်​မဆိုတဲ့အတိုင်းပဲ၊ ငါ ထွက်​လာတုန်းက တံခါး မပိတ်​ပေးခဲ့တာကို သူ့ကံက ကောင်းလွန်းအားကြီးတယ်​၊ ဒီနေရာအထိ အကောင်းပကတိအတိုင်း လိုက်​မီလာနိုင်​တယ်...!

ဒါပေမဲ့ သူ့ရဲ့ အကြီးဆုံး cheat ကို ငါ ယူပြီးသွားပြီပဲ၊ ဒီဇာတ်​လိုက်​မ cheat တွေမပါဘဲ ဝတ္ထုထဲမှာလို အစွမ်းပြနိုင်​ဦးမလား ကြည့်​ကြသေးတာပေါ့...!'

"မင်​ရွှယ့်​ ဘာလို့ သူနဲ့ စကားပြောနေတာလဲ၊ အဲ့ဟာမက ကျေးဇူးတရားနားလည်​တာ မဟုတ်​ဘူး" မေမေကုက ချီမင်​ရွှယ့်​ကို လာဆွဲခေါ်ပြီး ထွက်​သွားဖို့ လုပ်​တော့သည်​။

"အန်​တီ၊ ညီမလေးက တစ်​ယောက်​တည်း ဖြစ်​နေတာလေ..."

"သမီး ဘာလို့ သူ့ကို လိုက်​စဉ်းစားပေးနေသေးတာလဲ၊ မနေ့တုန်းက သမီး ဒီမှာ ရှိမနေလို့၊ အဲ့ဟာမ ဘယ်​လို စကားတွေ ပြောထားလဲ မသိတာ၊ အခုချိန်​ကစပြီး ငါ့မှာ သူ့လို သမီးမျိုး မရှိတော့ဘူး"

"အန်​တီ သမီးတို့က မိသားစုတွေပဲလေ၊ ပြီးတော့ ညီမလေးက ငယ်​သေးတဲ့အချိန်​မှာ သွေးပူပြီး ခေါင်းမာတတ်​တာကို၊ အန်​တီ သူ့အပေါ် အရမ်းကြီး မတင်းကြပ်​နေပါနဲ့လား..."

သူတို့၏ စကားသံများက တဖြည်းဖြည်းနှင့်​ ဝေးလွင့်​သွားကြသည်​။ ရှီရှန်းလည်း ခေါင်းငုံ့ကာသာ လက်​ထဲမှ ဓားနှင့်​ ဆော့ကစားနေတာ့၏။ ထိုစဉ်​ အရိပ်​တစ်​ခု သူမ မြင်​ကွင်းအတွင်း ကျရောက်​လာခဲ့သည်​။ သူမ ခေါင်းမော့ကြည့်​လိုက်​တော့ အေးစက်​စက်​ မျက်​ဝန်းတစ်​စုံနှင့်​ ဆုံမိတော့သည်​။

ဇာတ်​လိုက်​မင်းသားပီပီ၊ စုန့်​ရှစ်မှာ အလွန်​ခံ့ညားသည်။ လူ့ဘုံအလွန်​ကို ချောမောခံ့ညားနေကြသော ချူထန်၊ လုချင်းယွင်​တို့နှင့်​ နှိုင်းလျှင်မူ စုန့်​ရှစ်သည်​ သာမန်​ထက်​ ပိုကြည့်​ကောင်းသည်​ဟူသော အဆင့်​မျိုး ဖြစ်​သွားရသည်သာ။

"ငါတို့ အဖွဲ့မှာ မင်းကို မကြိုဆိုဘူး... အခု ထွက်​သွားတော့" စုန့်​ရှစ်အသံက သူ့အသွင်​လိုပင်​၊ အေးက်​နေသည်​။ ခံစားချက်​မဲ့နေသည်​။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now