၁၀၉ ။ ဧကရီ အနက်ရောင် (၂၃)

284 75 0
                                    

ဧကရီ အနက်ရောင် (၂၃)
~~~~~~~~~~~~~~

သို့သော်ငြား သူတို့ ဂိတ်ဆီမရောက်ခင် တားဆီးခံလိုက်ရသည်။ စွမ်းအားရှင်များက သူတို့လမ်းကိုတားဆီးထားစဉ် သေနတ်များကိုင်ထားသော စစ်တပ်က သူတို့နောက်ဆုတ်မှာကို ဖြတ်တားထားသည်။ ရှီရှန်းတို့အုပ်စုမှာ အလယ်တွင် ညပ်နေ၏။ သူတို့ ထိုပေါက်ကွဲပစ္စည်းများကို ကြောက်၍ထင့် တိုက်ခိုက်မှုတော့ မပြု။ နှစ်ဖက်စလုံးမှာ မတိုးသာမဆုတ်သာအခြေအနေဖြစ်နေ၏။

"ဘော့စ်၊ ဒီမှာသာမန်လူတွေအများကြီးရှိတယ်၊ ငါတို့ ဗုံးဆက်ဖောက်ရင် အပြစ်မဲ့တဲ့သူတွေကို ထိခိုက်မိစေတော့မယ်" ချင်းယွီက ပြတင်းပေါက်အပြင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ ပြောသည်။

"ခဏနေရင် အခွင့်အရေးရတာနဲ့ ထွက်ပြေးဖို့ သတိရ၊ နေရာတစ်နေရာရှာပြီး စခန်းတစ်ခုတည်ဆောက်၊ လူအများကြီးရှိဖို့မလိုဘူး၊ ဒါပေမဲ့ နင်တို့ခေါ်သမျှလူတွေက လိုက်လျောညီထွေမှုရှိဖို့လိုတယ်၊ ငါဘာပြောလဲ နင်တို့နားလည်မှာပါ"

"ဘော့စ်..." သူမ၏စကားလုံးများက အနည်းငယ်မဆီမလျော်ဖြစ်နေသည်။

"ဒီမှာ၊ ဒါကိုယူသွား၊ ဒါက လေဟာနယ်သိုလှောင်ကိရိယာပဲ၊ ပိုင်ရှင်အဖြစ်သတ်မှတ်ဖို့ သွေးတစ်စက်ချလိုက်ရင်ရပြီ၊ အထဲက ပစ္စည်းတွေက နင်တို့စခန်းဆောက်ဖို့လုံလောက်တယ်"

သုံးယောက်သား မျက်လုံးပြူးသွားကြသည်။ 'လေဟာနယ်သိုလှောင်ကိရိယာတဲ့လား! ဘော့စ်မှာ ဒါတောင်ရှိတယ်ပေါ့...! အမလေးဘုရားသခင်၊ သူ့ကိုကောင်းကင်ဘုံကနေ ကမ္ဘာကြီးကယ်တင်ဖို့ လွှတ်​လိုက်​တာ​တော့ မဟုတ်​ပါဘူး​နော်​၊ ဖြစ်​နိုင်လား...!'

"စခန်း​ဆောက်​ပြီးပြီဆိုတာနဲ့ ငါ နင်​တို့ကို လွယ်​လွယ်​ရှာလို့ရ​အောင်​ နာမည်​ကြီး​အောင်​လုပ်​ဖို့ မ​မေ့နဲ့" ရှီရှန်းက အလျင်​အမြန်​ အဆုံးသတ်​လိုက်​သည်​။
"​မေးစရာရှိသေးလား"

သုံး​ယောက်​သားမှာ ပြန်​မတုံ့ပြန်​နိုင်​​သေး​ပေ။ ခဏကြာမှ သူတို့အသိပြန်​ဝင်​လာသည်​။ "​ဘော့စ်​၊ ကျွန်​တော်​တို့နဲ့ မသွားဘူးလား"

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Kde žijí příběhy. Začni objevovat