Chapter 5 (U+Z)

7.8K 1.5K 49
                                    

-Unicode-

အခန်း ၅: ခင်ဗျားက ဉာဏ်ကြီးရှင်ပဲ ဖြစ်ရမယ်

ကျွမ်းကျိုးက နှစ်ရက်ဆက်တိုက် အလုပ်ပျက်ခဲ့တယ်။

ပိုထူးဆန်းနေတာက သူ့မှာ နတ်ဘုရားတန်ခိုး ရှိနေသေးတာပဲ။ သူ့ရဲ့ နတ်ဘုရားတန်ခိုးက အားနည်းတယ်ဆိုပေမဲ့ မဟာနတ်မင်းကြီးက သူ့ကို ကြွယ်ဝခြင်းနတ်ဘုရားဆိုတဲ့ ရာထူးကနေ ထုတ်မပစ်ရသေးဘူးဆိုတာ သူခံစားလို့ရနေသေးတယ်။

"အရှေ့အရပ်မှာ တကယ်ပဲ ကြွယ်ဝခြင်းနတ်ဘုရား သိပ်မရှိဘူးထင်တယ်"

ရလဒ်အနေနဲ့ ကျွမ်းကျိုးဟာ ဆက်ပြီး စိတ်ပူမနေတော့ဘဲနဲ့ ပထမဆုံး 'ဒေသိယစကားဟောင်း' ကို သေသေချာချာ သင်ယူဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီနောက်မှပဲ ဒီနေရာက ဘယ်နေရာလဲဆိုတာရယ်၊ ဒီကနေ ဘယ်လိုထွက်သွားရမယ်ဆိုတာကို သိအောင်လုပ်တော့မယ်။

ကျွမ်းကျိုးရဲ့ မှတ်ဉာဏ်စွမ်းရည်က အင်မတန်ကောင်းတယ်။

ကျွမ်းကျိုးကို စကားပြောနည်း သင်ပေးဖို့အတွက် ဝမ်ရှောင်းယွင်ဟာ ရုပ်ပြစာအုပ်ထဲက စကားလုံးတွေအကုန်လုံးကို တစ်ခေါက်ပဲ ဖတ်ပြလိုက်တယ်။

ဝမ်ရှောင်းယွင် သူ့စက်ရုပ်လေးကို ပြင်နေတဲ့အချိန်မှာ ကျွမ်းကျိုးက သူ့ဘေးမှာ စာလုပ်ရင်း ထိုင်နေတယ်။ သူ သေချာမသိတဲ့ စကားလုံးတွေ့တဲ့အခါတိုင်း ဝမ်ရှောင်းယွင်ကို ချက်ချင်းမေးတော့တာပဲ။

ရုပ်ပြစာအုပ်ထဲက စကားလုံးတွေအကုန်လုံးနဲ့ ရင်းနှီးအောင် လုပ်ပြီးသွားတဲ့အချိန်ထိ ဝမ်ရှောင်းယွင်က စက်ရုပ်လေးကို ပြင်နေတုန်းပဲဆိုတာ ကျွမ်းကျိုးတွေ့လိုက်တယ်။

ဒီစက်ရုပ်လေးက တစ်ချိန်လုံး အမှိုက်ကောက်ရင်း ဝမ်ရှောင်းယွင်နောက်ကနေ လိုက်နေခဲ့တဲ့ ပျက်စီးဟောင်းနွမ်းနေတဲ့ အန်းဒရိုက်လေးပဲ။ ကျွမ်းကျိုးဟာ မနေ့ကတည်းက အဲဒီစက်ရုပ်လေးကို စိတ်ဝင်စားနေတာဆိုတော့ မနေနိုင်တော့ဘဲ မေးလိုက်တယ်။ "အဲဒါက ဘာဖြစ်နေလို့လဲ"

ဝမ်ရှောင်းယွင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သာမန်ကာလျှံကာ ဖြေလိုက်တယ်။ "အဲဒါ ပျက်နေလို့"

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now