Chapter 52 (U+Z)

6K 1.2K 27
                                    

-Unicode-

အခန်း ၅၂: အားလုံး အတုအယောင်တွေပဲ

ချက်ချင်းဆိုသလို ၇ ရက်နေ့ကို ရောက်လာခဲ့တယ်။

မနက်ဖြန်က သူတို့ရဲ့ လက်ထပ်မှတ်ပုံတင်တဲ့နေ့တင်မကဘူး။ နတ်ဘုရားပုံတော်အတွက် မျက်လွှာဖွင့်ပွဲလည်း ဟုတ်တယ်။

နတ်ဘုရားရုပ်တုက ကျွမ်းကျိုးရဲ့ တန်ခိုးစွမ်းအင်တွေနဲ့ အောင်အောင်မြင်မြင် အားဖြည့်ပြီးသွားပြီ။ ဒီလောက်ကြီးတဲ့ နတ်ဘုရားရုပ်တုကြီးက အခုဆို သူရဲ့ ပင်မခန္ဓာကိုယ်တွေထဲက တစ်ခုလိုပဲ သတ်မှတ်လို့ရပြီး သူတစ်နေကုန် သယ်သွားနေတဲ့ နတ်ဘုရားရုပ်တုနဲ့ အတူတူပဲ ဖြစ်သွားပြီ။ အဲဒါကြောင့် မျက်လွှာဖွင့်ပွဲရဲ့ ကျန်နေသေးတဲ့ကိစ္စတွေက အင်မတန် လွယ်ကူသွားပြီ။

ဝမ်ရှောင်းယွင်က ဒီလောက်ကြီးမားပြီး နေရာအရမ်းယူတဲ့ ဘုရားကျောင်းနတ်ကွန်းကို တည်ဆောက်ခဲ့တာ၊ သူ့ရည်ရွယ်ချက်က စကြဝဠာတစ်ခုလုံးအတွက် ဖွင့်ပေးဖို့ပဲ။

ဒါက စကြဝဠာတစ်ခုလုံးအတွက် ဖွင့်ပေးထားတာမို့ ဒီကိုရှိခိုးပူဇော်ဖို့လာတဲ့လူတိုင်းက ကျိုးကျိုးကို ယုံကြည်မှုတွေ ပေးနိုင်လိမ့်မယ်။ ဒီအကြောင်းပြချက်ကြောင့်ပဲ ဝမ်ရှောင်းယွင်က ပြဿနာတစ်ခုနဲ့ ရင်ဆိုင်နေရတယ်။

ကြယ်အစုအဝေးကလူတွေက နတ်ဘုရားတွေကို ယုံကြည်ခဲတယ်။ လူတွေအများကြီးလာပြီး ကျိုးကျိုးအတွက် ယုံကြည်မှုရအောင် သူဘယ်လိုဆွဲဆောင်လို့ရမလဲ။

ကျိုးကျိုး သူ့ကိုယ်သူ အားကိုးနေရုံနဲ့ မလုံလောက်တော့ဘူး။ နောက်ပြီး သူငယ်ချင်းလေး အမြဲတမ်း သူ့ကိုယ်သူ ပြန်ပူဇော်နေရတာက ကျိုးကျိုးကို လွယ်လွယ် အရှက်ရစေတာတင်မကဘူး၊ သူလည်းပဲ ကသိကအောက်ဖြစ်ရတယ်။

အရှက်ရတယ်ဆိုပေမဲ့ ကျွမ်းကျိုးကတော့ သူ့ကိုယ်ပိုင် ကြွယ်ဝခြင်းနတ်ဘုရားနတ်ကွန်းကို တော်တော်လေး ဂရုစိုက်နေတုန်းပဲ။

"ကိစ္စမရှိပါဘူး" သူက ဆိုတယ်။ "ကျွန်တော့်ကိုယ်ကျွန်တော် အရင်က မပူဇော်ဖူးတာလည်း မဟုတ်ဘူး..."

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now