Chapter 22 (U+Z)

6.6K 1.3K 103
                                    

-Unicode-

အခန်း ၂၂: ကျိုးကျိုး သဘောအကျဆုံးလူ

ကျွမ်းကျိုးက ဆရာကြီးကယ်လုအန်းနဲ့ စက်ရုပ်လေးတွေအကြောင်း စကားပြောဖို့ ငြင်းနေတယ်။

ကယ်လုအန်းဟာလည်း အင်မတန်မှ စိတ်ရှုပ်ထွေးသွားတယ်။ သူ ရှေ့နောက်မစဉ်းစားဘဲ ဒီစကားတွေ ပြောမိတာရယ်၊ သူငယ်ချင်းလေးရဲ့ ယုံကြည်ကိုးကွယ်ရာကို သားပုပ်လေလွင့်ပြောမိတာရယ်နဲ့ သူ့ကို စိတ်မပျော်ရွှင်အောင်လုပ်မိတာကို နောင်တရနေတယ်။

ဘယ်လိုပဲဖြစ်ဖြစ်လေ ကယ်လုအန်းက ဒါကို စိတ်ထဲမှာအတည်အတံ့ မမှတ်ယူထားဘူး။ သူက သက်တမ်းအတော်လေး နေလာခဲ့ပြီးပြီလေ၊ ဒီကိစ္စလေးအတွက် ကလေးတစ်ယောက်နဲ့ ဖက်ပြိုင်ပြီး ဆူဆူညံညံ မငြင်းခုံချင်ဘူး။

နောက်ပြီး ဒီကလေးက အသက်ဘယ်လောက်ရှိသေးလို့လဲ။ တကယ်လို့ ကယ်လုအန်းက ငြင်းခုံချင်ရင်တောင်မှ သူ့ကိုယ်သူ အဲဒီလောက်ထိ အောက်ကျအောင် မနှိမ့်ချနိုင်ဘူး။

ကောင်းတဲ့အချက်က ချန်ကျင့်ရွှယ်က တာဝန်ကျေပွန်တဲ့ ဒုဗိုလ်ချုပ်တစ်ယောက်ဖြစ်နေတာပဲ။ ကျွမ်းကျိုးက ကယ်လုအန်းနဲ့ ဆက်သွယ်ပြောဆိုဖို့ ငြင်းဆိုလိုက်တဲ့အတွက် ချန်ကျင့်ရွှယ်က ကယ်လုအန်းကို ရှောင်ဖော့လန်နဲ့တွေ့ဖို့ ခေါ်သွားပေးတယ်။

ရှောင်ဖော့လန်က ဟန်ဆောင်တဲ့နေရာမှာ အရမ်းတော်တယ်။

ကျွမ်းကျိုးရှေ့မှာဆိုရင် သူက အမြဲတမ်း ချစ်စရာကောင်း၊ လိမ္မာပြီး စပီကာလေးတစ်လုံးတောင်မပိုင်တဲ့ သနားစရာ စက်ရုပ်လေးတစ်ရုပ်ပေါ့။

ကျွမ်းကျိုးရဲ့ အကြွင်းမရှိ အချစ်တွေနဲ့ အလိုလိုက်မှုတွေကို အပိုင်သိမ်းထားတယ်။

ရှောင်ဖော့လန်က သခင်အရှေ့မှာ အခြားသူတွေဘယ်လိုနေလဲဆိုတာ သူမသိဘူး။ သူသိသမျှက သခင်က ထူးခြားတဲ့ စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားတယ်။ အဲဒီစွမ်းအားက ရှောင်ဖော့လန်ကို ပိုပိုပြီး သန်မာလာအောင် လုပ်ပေးနိုင်တယ်။

အဲဒါကြောင့် သခင့်အရှေ့မှာဆို သဘာဝအလျောက် ရှောင်ဖော့လန်က အလွန်မှ နာခံတတ်တယ်။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now