Chapter 17 (U+Z)

6.9K 1.3K 40
                                    

-Unicode-

အခန်း ၁၇: ဆိုတော့ မင်းတကယ်က... သူ့အဖေကို သဘောကျတာလား

ဝမ်ရှောင်းယွင်ရဲ့ အိပ်မက်ကမ္ဘာက အရမ်းထူးဆန်းတယ်။

အနည်းဆုံးပြောရရင် ကျွမ်းကျိုး ဒီလိုမျိုးအိပ်မက်မျိုး ဘယ်သူ့ဆီမှာမှ မတွေ့ဖူးဘူး။

အခြားသူတွေ အိပ်မက်မက်ရင် သူတို့ရဲ့အသိစိတ်က အလွန်ပြန့်ကြဲနေပြီး ဦးတည်ရာမဲ့နေသလိုမျိုး လျှောက်သွားနေကာ စိတ်ထဲပေါ်လာသလို လုပ်နေကြတာမျိုး ဒါမှမဟုတ် ကိုယ်သူတို့ကို လုပ်စေချင်သလို ပြုမူတတ်ကြတယ်။

ဘာဖြစ်လို့ လူတွေအတွက် အိပ်မက်တွေက သဘာဝနှင့်ကင်းကွာနေသလို ထင်ရတာလဲ။ အဖြစ်အပျက်တစ်ခုခု ဖြစ်နေရင်တောင်မှ ဘာဖြစ်လို့ လုံးဝ ရောက်တတ်ရာရာ၊ အဆက်အစပ်မရှိဖြစ်နေပုံပေါက်နေတာလဲ။

အဲဒါက ဘာဖြစ်လို့လဲဆိုတော့ အိပ်မက်ထဲမှာ ဖြစ်ရပ်တွေရဲ့ ပေါ်ထွက်လာတဲ့ပုံစံက အချိန်မရွေး အဲဒီလူရဲ့ မသိစိတ်က ပြောင်းလဲမှုတွေအပေါ်လိုက်ပြီး ကူးပြောင်းသွားနိုင်တယ်။

ကျွမ်းကျိုးအရင်က သွားလည်ဖူးတဲ့ အိပ်မက်အများစုမှာ အဲဒီလူရဲ့အိပ်မက် အခြေခံအကြောင်းအရာကို စကားတစ်ခွန်းနှစ်ခွန်းပြောရုံနဲ့ ပြောင်းလဲနိုင်ပြီးတော့ အဲဒီလူကို သူ့တွေးတောမှုအစဉ်နောက်ကို လိုက်ပါသွားစေတယ်။

ဝမ်းရှောင်းယွင်တစ်ယောက်သာ။

အိပ်မက်ထဲမှာတောင်မှ ဒီလူရဲ့အတွေးတွေနဲ့ ရည်ရွယ်ချက်တွေက အလွန်တရာမှ ရှင်းလင်းပြတ်သားနေတယ်...

နောက်တစ်နည်းပြောရရင် လှည့်စားဖို့ မလွယ်ကူဘူး။

ကျွမ်းကျိုး ဝမ်ရှောင်းယွင်ရဲ့အိပ်မက်ထဲကို ရင်းနှီးနေသလို လွယ်လွယ်ကူကူပဲ ဝင်သွားတယ်။ ဝမ်ရှောင်းယွင်က သူ့အိပ်မက်ထဲမှာ ဘာမှလုပ်မနေဘူး၊ ပင်မထိန်းချုပ်ခန်းထဲမှာ ထိုင်နေပြီး တစ်ခုခုကို စောင့်မျှော်နေသလိုမျိုး တံခါးဘက်ကို ငေးကြည့်နေတယ်။

ကျွမ်းကျိုးဝင်လာတော့ ဝမ်ရှောင်းယွင်ရဲ့အကြည့်ဟာ ကျွမ်းကျိုးဆီကို တန်းတန်းမတ်မတ် ရောက်သွားတယ်။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now