Chapter 60 (U+Z)

6.1K 1.2K 64
                                    

-Unicode-

အခန်း ၆၀: ဆိုတော့ သူက တကယ်တမ်း ဘာမှမဟုတ်တဲ့ကိစ္စကို ရေးကြီးခွင်ကျယ်လုပ်မိနေတာလား?

ကျွမ်းကျိုးက တခြား လှေကြီးနှစ်စင်း ဘာဖြစ်သွားလဲ မသိခဲ့ဘူး။ ဒါပေမဲ့ ကြယ်တာရာသမိုင်းကတော့ သိထားတယ်။

လူသားမျိုးနွယ်တွေက ကျယ်ပြန့်တဲ့ စကြဝဠာကြီးကို ခရီးနှင်လာပြီး အဆုံးမှာ နေထိုင်စရာ ဂြိုလ်တစ်လုံး ရှာတွေ့သွားကြတယ်။ ဒါပေမဲ့ သူတို့က သိပ်မကြာခင်မှာ တခြား ဂြိုလ်သားအဖွဲ့အစည်းတွေရဲ့ ပစ်မှတ်ထားခြင်းခံကြရတယ်။

ကြယ်တာရာရာဇဝင်မှတ်တမ်းတွေထဲမှာ လူသားမျိုးနွယ်တွေက လူမှုအဖွဲ့အစည်းကို ပြန်လည်မထူထောင်နိုင်ခင် အလွန်ကြာရှည်အောင် ဖိနှိပ်မှုဒဏ်ကို ခံစားခဲ့ကြရတယ်။

ရွှမ်းရွှမ်းပြောသလိုပဲ ဂြိုလ်သားအဖွဲ့အစည်းတွေရဲ့ ဖိနှိပ်မှုအောက်မှာ လူသားတွေက ဘယ်လိုအသက်ရှင်ကျန်ရစ်အောင် လုပ်ရမလဲကိုပဲ စဉ်းစားနိုင်ကြတယ်၊ နတ်ဘုရားတွေကို ဆုတောင်းဖို့ကိစ္စကို အာရုံမရကြဘူး။

နောက်တော့ လူတွေက တကယ်ပဲ တခြားဂြိုလ်သားအဖွဲ့အစည်းတွေ အများအပြား ရှိတယ်ဆိုတာ သိလိုက်ရတယ်။ အဲဒီတုန်းက ကမ္ဘာဆိုတာ အရမ်းရှေးကျလွန်းနေပြီ။

အဲဒါကြောင့် လက်ရှိခေတ်နောက်ကျနေတဲ့ သူတို့တွေဟာ တခြားသောယဉ်ကျေးမှုအဖွဲ့အစည်းတွေရဲ့ နယ်ချဲ့ကျူးကျော်မှုမျိုးစုံကို ခံစားရကြတယ်။

လူသားတွေက ဂြိုလ်သားအဖွဲ့အစည်းတွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ အသက်ရှင်နေနိုင်ဖို့အတွက် အဲဒီအဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံနဲ့ အသိပညာတွေကို မဖြစ်မနေ လေ့လာရတော့တယ်။ ဒီအဖွဲ့အစည်း ထွက်ခွာသွားရင် နောက်ထပ်အဖွဲ့အစည်းတစ်ခု ပေါ်လာပြန်ရော။ အဲဒီတော့ လူသားတွေက နောက်တစ်ဖန် အသက်ရှင်နေထိုင်နိုင်ဖို့အတွက် အဲဒီအဖွဲ့အစည်းရဲ့ အသိပညာနဲ့ ဖွဲ့စည်းပုံတွေကို လေ့လာရပြန်တယ်။

ဂြိုလ်သားအဖွဲ့အစည်းတွေရဲ့ လွှမ်းမိုးမှုကြောင့် လူသားတွေဟာ တခြားအဖွဲ့အစည်းတွေရဲ့ အဆင့်မြင့် အားကောင်းတဲ့ သိပ္ပံနဲ့ နည်းပညာကို လေ့လာခြင်းကပဲ သူတို့ကို သူတို့ခြေထောက်ပေါ် သူတို့ရပ်တဲ့အထိ အစစ်အမှန် သန်မာလာနိုင်စေမယ်ဆိုတာ သိလာကြတယ်။ လူတွေက သူတို့သင်ယူနိုင်သမျှအရာအားလုံးကို ကမန်းကတန်း သင်ယူပြီး သူတို့ကိုယ်သူတို့ ကြိုးစားမေ့ဖျောက်ပစ်ကြရင်း ဂြိုလ်သားတွေရဲ့ ယဉ်ကျေးမှုကို လက်ခံနိုင်အောင် အကောင်းဆုံး သင်ယူကြတယ်။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now