Chapter 39 (U+Z)

6.1K 1.4K 73
                                    

-Unicode-

အခန်း ၃၉: ကြွယ်ဝခြင်းနတ်ဘုရားလေးက အစွမ်းတွေပြတော့မယ်

အခုအချိန်က ရက်သတ္တပတ်အဆုံးနားရက်ဖြစ်တယ်။ နံပါတ်တစ်စစ်သင်တန်းကျောင်းရဲ့ အားလပ်ရက်ပဲ။

ချုံပုတ်တွေထဲမှာ စခန်းချနေတဲ့ သတင်းထောက်တစ်ယောက်က လူကြားသူကြားမှာ မျက်နှာပြခဲတဲ့ နံပါတ်တစ်စစ်သင်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီးကို ဝမ်ရှောင်းယွင်နေထိုင်တဲ့ ရပ်ကွက်မှာ တကယ်ကြီး တွေ့လိုက်ရတယ်။

နံပါတ်တစ်စစ်သင်တန်းကျောင်းရဲ့ ကျောင်းအုပ်ရောက်လာတယ်ဆိုတော့ ကျွမ်းကျိုး နံပါတ်တစ်စစ်သင်တန်းကျောင်းမှာ တက်မယ်ဆိုတဲ့သတင်းက တရားဝင်ဖြစ်တော့မဲ့ပုံပဲ။

နံပါတ်တစ်စစ်သင်တန်းကျောင်းက ကျောင်းသားတွေအများကြီးက အကုန်လုံး အင်ပါယာရဲ့အရပ်ဒေသမျိုးစုံက ထူးချွန်တဲ့သူတွေဖြစ်တယ်။ တချို့သောကဏ္ဍတွေမှာဆို သူတို့ဟာ များပြားတဲ့ ကိုယ်ပိုင်အတ္တလေးတွေ ကိုင်ဆွဲထားကြတယ်။

ပထမတပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူး တီးဝမ် အရင်က မွှေထားတဲ့ အွန်လိုင်းကအရှိန်နဲ့ ကျောင်းသားတွေ တော်တော်များများက သူတို့ကျောင်းက နှိုင်းယှဉ်မရအောင် ကြီးမြတ်တယ်လို့ ခံစားနေရနှင့်ပြီးပြီ။ ဒီလိုကျောင်းမှာ ပညာသင်ယူဖို့ဆိုတာက ဂုဏ်ယူစရာဖြစ်ပြီး သူတို့ကို အဆင့်အတန်းမြင့်တယ်ဆိုတဲ့ အားကောင်းတဲ့ခံစားချက်မျိုးကို ပေးစွမ်းနေတယ်။

ဒါက သင်တန်းကျောင်းသားတွေအများကြီး အကုန် တတိယတပ်ဖွဲ့မှာ ဝင်ချင်နေကြတဲ့အချိန် အရင်တုန်းကသာဆိုရင်၊ ဝမ်ရှောင်းယွင် ဒီလိုမျိုး တစ်ခုခုလုပ်လိုက်တာနဲ့ သူတို့အားလုံးက ဝိုင်းပြီး ထောက်ခံကြမှာပဲ။

ဒါပေမဲ့ အခုကတော့ အရင်နဲ့ မတူတော့ဘူး။ ဝမ်ရှောင်းယွင်ရဲ့ စိတ်စွမ်းအားတွေက ဓာတ်ရောင်ခြည်သင့်ခံထားရတယ်။ သူက အရင်တုန်းက တတိယတပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူးမဟုတ်တော့ဘူး။ သူက ဒီရာထူးမှာ သိပ်ကြာကြာဆက်နေခွင့်မရဖို့က ဖြစ်နိုင်ခြေအရမ်းများတယ်။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now