Chapter 32 (U+Z)

7.2K 1.4K 84
                                    

-Unicode-

အခန်း ၃၂

ကျွမ်းကျိုး မှတ်မိတဲ့အချိန်ကတည်းက သူက အမြဲတမ်း အရန်နတ်ဘုရားတစ်ပါး ဖြစ်ခဲ့တယ်။

သူလုပ်စရာလိုတဲ့ တစ်ခုတည်းသောအရာမှာ နတ်ဘုရားတစ်ပါး ဘယ်လိုဖြစ်အောင်လုပ်ရမလဲဆိုတာ လေ့လာဖို့သာဖြစ်တယ်။

သူက အလွန်တတ်မြောက်လွယ်သူတစ်ဦးဖြစ်ပြီး အရန်နတ်ဘုရားတွေအုပ်စုကြားတွင် ထင်ပေါ်တယ်။ အဲဒါကြောင့် သူ ကြွယ်ဝခြင်းနတ်ဘုရားတစ်ပါးအဖြစ် အလုပ်သင်ဆင်းဖို့ အခွင့်အရေးရခဲ့တယ်။

သူ့နှလုံးသားကို ပိုင်စိုးထားတဲ့ တစ်ခုတည်းသောအရာမှာ စစ်မှန်တဲ့ တရားဝင် ကြွယ်ဝခြင်းနတ်ဘုရားတစ်ပါး ဘယ်လိုဖြစ်အောင်လုပ်ရမလဲဆိုတာပဲ ဖြစ်ခဲ့တယ်။ အရင်က ဘယ်တုန်းကမှ ချစ်ခြင်းမေတ္တာအကြောင်း တစ်ခါမှ မစဉ်းစားဖူးသလို သူ့အစီအစဉ်တွေထဲမှာ ဒီလိုကိစ္စမျိုးကို ထည့်တောင် မတွေးဖူးဘူး။

ချန်ကျင့်ရွှယ် လက်ထပ်ချင်တယ်လို့ သူထင်တုန်းက ကျွမ်းကျိုးက သူ့သက်ဝင်ယုံကြည်သူရဲ့ဆန္ဒကို အတတ်နိုင်ဆုံး ဖြည့်စည်းပေးဖို့ ကြိုးစားခဲ့ပြီး သူမကြာခင် လက်ထပ်နိုင်အောင် ကံကောင်းခြင်းတွေနဲ့ ကောင်းချီးပေးလိုက်သေးတယ်။ ဒီမှာ အောင်သွယ်တော်*မှ မရှိပဲလေ။ (အောင်သွယ်နတ်ကို ပြောချင်တာပါ)

တကယ်လို့ ဒါက ကမ္ဘာမှာသာဆိုရင် ဒီလူနှစ်ယောက်ကို အတူတူချည်နှောင်ထားတဲ့ ကြိုးနီကို ပိုပြီးတိုသွားအောင်လုပ်ပေးဖို့ ချန်ကျင့်ရွှယ်ရဲ့ဖူးစာဖက်က ဘယ်သူလဲဆိုတာ သွားမေးလိုက်ပြီးပြီ။

သူကိုယ်တိုင်အတွက် ဒီလိုကိစ္စမျိုးနဲ့ ကြုံလာရမယ်လို့ သူတကယ် တစ်ခါမှ မတွေးဖူးဘူး။

ဝမ်ရှောင်းယွင်က အမြဲတမ်း သူ့ကို အလွန်ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ ဝမ်ရှောင်းယွင်က သူ့မှာ ပုံမှန်မဟုတ်တဲ့အချက်တွေ အများကြီး သိုဝှက်ထားတယ်ဆိုတာကို ကောင်းကောင်းကြီးသိထားပေမဲ့ တစ်ဖက်လူက ဘာမှထုတ်မပြောဘဲ ကျွမ်းကျိုး ဖုံးကွယ်နိုင်ဖို့တောင်မှ ကူညီပေးသေးတယ်။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now