Chapter 51 (U+Z)

6.3K 1.2K 22
                                    

-Unicode-

အခန်း ၅၁: ယုံကြည်မှုတို့ ပေါက်ကွဲထွက်လာခြင်း!!

ကျွမ်းကျိုးရဲ့ တန်ခိုးစွမ်းအင်တွေနဲ့ အားဖြည့်ပြီးနောက် နတ်ဘုရားပုံတော်က သူနဲ့ ဆက်သွယ်မှုတစ်ခု တည်ဆောက်ပြီးသားဖြစ်သွားတယ်။ အဲဒါက သူ့ရဲ့ ခန္ဓာကိုယ်တွေထဲက နောက်တစ်ခုနဲ့ အတူတူပဲဖြစ်သွားတယ်။

ဒီခန္ဓာကိုယ်က တိုက်ခိုက်ခံနေရတာကို သူသတိထားမိတဲ့အချိန် ကျွမ်းကျိုုးရဲ့ ရှုပ်ထွေးပွေလီနေတဲ့ အတွေးတွေက ချက်ချင်း ပြတ်သားသွားတယ်။

ဒါ ဝမ်ရှောင်းယွင် မဟုတ်ဘူး။

ဝမ်ရှောင်းယွင်က သူ့ကို တိုက်ခိုက်မှာ မဟုတ်ဘူး။

ကျွမ်းကျိုးက သူ့ရဲ့တန်ခိုးအာရုံကို ဖြန့်ကျက်လိုက်တဲ့အခါ သူတစ်ခါမှမမြင်ဖူးတဲ့ တချို့လူတွေက နတ်ဘုရားရုပ်တုကို တိုက်ခိုက်နေကြတာကို တွေ့လိုက်ရတယ်။ သူက မသိစိတ်အရ ဒီလူတွေကို နတ်ကွန်းအပြင်ကို နှင်ထုတ်ဖို့ လုပ်လိုက်တယ်။

အဖွဲ့ချုပ်အေးဂျင့်တွေက ဘာကြောင့် စွမ်းအင်ကျည်ဆန်တွေက အဲဒီထူးဆန်းတဲ့အကာအရံမှာ ပိတ်မိနေလဲဆိုတာကို အခုထိ ထိတ်လန့်ပြီး တောင့်ခဲနေကြတုန်းပဲ။ အဲဒီနောက်မှာ ဒီဧရာမရုပ်တုကြီးက ရုတ်တရက် စတင်လှုပ်ရှားလာတာကို သတိထားမိသွားကြတယ်။

နတ်ဘုရားရုပ်တုက ၁၀ မီတာ မြင့်မားပြီး ရွှေသားအတိနဲ့ ထုလုပ်ထားတယ်။ အဲဒါကြောင့် အကာအရံကနေ ရောင်ပြန်ထွက်လာတဲ့ မီးရောင်အောက်မှာ အဲဒါက ရွှေရောင်အရောင်အဝါတွေ မှိန်ပျပျ လင်းလက်နေတယ်။ တစ်ချိန်တည်းမှာပဲ အဲဒါက ထုထည်ကြီးမားပြီး လေးလံလွန်းတယ်။

အဲဒါတောင်မှပဲ ဒီလို တော်တော်လေး ထုထည်ကြီးမားပြီး လေးလံပုံပေါက်တဲ့ နတ်ဘုရားရုပ်တုကြီးက ဒီလုံးဝ အသက်မရှိတဲ့ ရုပ်တုကြီးက.... တကယ်ကြီး လှုပ်ရှားလာတယ်!

ဒါက ဘယ်သူကမှ ပါဝါအရင်းအမြစ်ကို မဖွင့်ပါဘဲ သူ့ဘာသူ ထပြီး စက်နှိုးတဲ့ စက်ရုပ်တစ်ရုပ်ကို မြင်ရတာနဲ့ အတော်လေး ဆင်တူတယ်။

"လခွမ်း!"

အဖွဲ့ချုပ်အေးဂျင့်တွေက အားလုံး သူ့တို့ရှေ့ကမြင်ကွင်းကြောင့် ချောက်ချားစရာကောင်းတဲ့ မကောင်းဆိုးဝါးတစ်ကောင် သို့မဟုတ် မိစ္ဆာတစ်ကောင်ကို တွေ့လိုက်ရသလိုပဲ ကြောင်အနေကြတယ်။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now