Chapter 20 (U+Z)

7K 1.4K 69
                                    

-Unicode-

အခန်း ၂၀: ကြွယ်ဝခြင်းနတ်ဘုရား၊ ကောင်းချီးပေးတော်မူပါ

ကျွမ်းကျိုးက နတ်ဘုရားပုံတော်ထဲမှာပဲ အမြဲအိပ်တဲ့အတွက် အရင်က ဘယ်သူနဲ့မှ အတူတူ မအိပ်ဖူးဘူး။

သူ နတ်ဘုရားပုံတော်ထဲ ဝင်သွားပြီး အချိန်မီပြန်လာဖို့ မေ့သွားတဲ့ည၊ ဝမ်ရှောင်းယွင်နဲ့ အတူအိပ်တဲ့ ပထမဆုံးညကတည်းက သူ အင်မတန်မှ ဂရုစိုက်နေခဲ့တာ။

နေ့တိုင်း ဝမ်ရှောင်းယွင်အိပ်တဲ့အထိ သူစောင့်ပြီးမှ နတ်ဘုရားပုံတော်ထဲကို ဝင်တယ်။

ဝမ်ရှောင်းယွင် မနိုးခင်လေးမှာ နတ်ဘုရားပုံတော်ထဲကထွက်ပြီး သူ့ကို စောင့်တယ်။

အဲဒါကြောင့် လွန်ခဲ့တဲ့လဝက်အတွင်းမှာ ဒါက ပထမဆုံး ဝမ်ရှောင်းယွင်နဲ့ တကယ်အစစ်အမှန် အတူတူအိပ်တဲ့ ပထမဆုံးအကြိမ်ပဲ။

သူ လူတစ်ယောက်နဲ့ ဒီလောက်.... နီးနီးကပ်ကပ်နေဖူးတာလည်း ပထမဆုံးပဲ။

ဝမ်ရှောင်းယွင်ရဲ့ ခန္ဓာကိုယ်အပူချိန်က အလွန်မြင့်တယ်။ သူ့လက်က ကျွမ်းကျိုးရဲ့ခါးပတ်လည်မှာ ဝေ့ဝဲနေပြီး ကျွမ်းကျိုး ရင်ဘတ်ရှေ့မှာ ချထားတယ်။ သူ့လက်ဖဝါးက အလွန်ကြီးမားတယ်။

သူတို့ရဲ့ ပါးလျတဲ့အဝတ်တွေကနေတစ်ဆင့် အားကောင်းပြီး ပြင်းထန်တဲ့ နှလုံးခုန်သံတွေဟာ ကူးစက်သွားကြတယ်။ ဒုတ် ဒုတ်၊ ဒုတ် ဒုတ်။ အဲဒီကနေ ထပ်တလဲလဲဖြစ်နေတဲ့ ရင်ဘတ် အနိမ့် အမြင့်ကိုတောင်မှ ခံစားမိနိုင်လောက်တယ်။

ကျွမ်းကျိုးက မနေနိုင်တော့ပဲ သူ့ရင်ဘတ်ကိုသူ လှမ်းထိကြည့်မိတယ်။

သူ့နှလုံးခုန်သံက အရင်ကထက် နည်းနည်း ပိုမြန်နေတဲ့ပုံပဲ...

သူ ဒီခံစားချက်မျိုးကို သဘောကျသလိုလိုတော့ရှိပေမဲ့ နည်းနည်းလည်း ရှက်နေသေးတယ်။

ကျွမ်းကျိုးရဲ့ လှုပ်ရှားမှုကို သတိထားမိတာနဲ့ ဝမ်ရှောင်းယွင်ရဲ့အသံ သူ့အနောက်ကနေ ထွက်လာတယ်။

"ဘာဖြစ်လို့လဲ"

ကျွမ်းကျိုး သူ့နှုတ်ခမ်းတွေကို သပ်လိုက်ပြီးနောက် အသံတိုးတိုးလေးနဲ့ ပြောတယ်: "ဒီလိုမျိုးကို နည်းနည်း မရင်းနှီးလို့ပါ"

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now