Chapter 27 (U+Z)

6.6K 1.4K 35
                                    

-Unicode-

အခန်း ၂၇: ကျိုးကျိုး မင်းက အရမ်းဘဝင်မြင့်နေခဲ့တာလေ

ဝမ်ရှောင်းယွင်က 'ရုပ်တု' ကို တိတ်တဆိတ် စစ်ဆေးကြည့်နေတယ်။

လွန်ခဲ့တဲ့နှစ်လအတွင်း ဒီ 'ရုပ်တု' က ဒီမှာ တစ်ချိန်လုံး ရှိနေခဲ့တာ။ အရင်က ကျိုးကျိုး ဒါကို သူ့ရဲ့ဒိုင်မန်းရှင်းသိုလှောင်စနစ်ထဲကို ထည့်တာကို သူမြင်ဖူးတယ်။ နောက်တော့ ဝမ်ရှောင်းယွင် သတိထားမိတယ်။ ကျိုးကျိုးက နေ့ဘက်မှာ ဒီ 'ရုပ်တု' ကို သိမ်းထားတယ်ဆိုရင်တောင် အိပ်တဲ့အခါကျရင် ပြန်ထုတ်ပြီး ဖက်အိပ်တတ်တယ်။

ဝမ်ရှောင်းယွင်က ဒီအပြုအမူက အတော်လေး ပုံမှန်မဟုတ်ဘူးဆိုတာ သူတစ်လျှောက်လုံး သိထားတယ်။

ဘယ်သူက ကွယ်လွန်သွားတဲ့အဖေကို တစ်နေ့မပျက်ဘဲ ဖက်အိပ်မှာလဲ။

သို့ပေမဲ့ ဝမ်ရှောင်းယွင် သံသယစိတ် နည်းနည်းလေး ဝင်မိတဲ့အခါတိုင်း ကျိုးကျိုးက ငယ်သေးလို့ပဲလို့ သူခံစားမိပြန်ရော။ ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ ချစ်ရတဲ့လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီး လူတစ်ယောက်က နှလုံးသားမှာ အမာရွတ်ထင်ကျန်ခဲ့မဲ့ အဖြစ်ကို ရှောင်လွှဲဖို့ဆိုတာ ခက်ခဲမှာပဲ။

ကျိုးကျိုးက အသက်သိပ်မကြီးသေးဘူး။ ဒါကို စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိဖို့သုံးတဲ့ ပစ္စည်းအနေနဲ့ သတ်မှတ်တယ်ဆိုတာက အလွန် နားလည်ပေးလို့ရတယ်။

ဝမ်ရှောင်းယွင်ငယ်ငယ်က သူ့အဖေကို ဆုံးရှုံးလိုက်ရတုန်းက သူလည်း မကြာခဏ စိတ်ဓာတ်ကျမှုတွေ ခံစားခဲ့ရတယ်။ သူလည်း မကြာခဏဆိုသလို သူ့ရဲ့ဝမ်းနည်းကြေကွဲမှုတွေကို ညည်းတွားဖို့အတွက် ပလာဇာက သူ့အဖေ ရုပ်တုရှေ့မှာ ဒူးထောက်ဖို့ ပြေးသွားဖူးတယ်မလား။

ဝမ်ရှောင်းယွင် အတွေးလွန်နေတာကို မြင်တော့ ကျိုးဟုန်ရိဟာ ဘယ်လောက်ထူးဆန်းတဲ့စကားတွေ သူပြောမိသွားလဲဆိုတာ သိလိုက်ရပြီး ပို၍တောင် စိတ်ရှုပ်ထွေးလာတယ်။

"ဗိုလ်ချုပ်ကြီး ကျွန်တော်... ကျွန်တော် ဘာတွေ ပြောနေမိမှန်း ကျွန်တော်မသိပါဘူး။ ကြည့်ရတာ မနေ့ညက ကောင်းကောင်း မအိပ်ခဲ့လို့ ကျွန်တော့်စိတ်က အခု ရှုပ်ထွေးနေတာဖြစ်မယ်။ ကျွန်တော့်ရဲ့ ဒီခေါင်းကိုပဲ အပြစ်ပုံချလိုက်ပါ" ကျိုးဟုန်ရိက သူ့ခေါင်းသူ ရိုက်လိုက်ပြီး ဆဲရေးနေတယ်: "မဒမ့်အဖေကို ဘယ်လိုလုပ်ပြီး ကြွယ်ဝခြင်းနတ်ဘုရားအဖြစ် သတ်မှတ်လိုက်ရတာလဲ...."

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now