Chapter 49 Part 1(U+Z)

6K 1.2K 24
                                    

-Unicode-

အခန်း ၄၉: အခု ဒါက တကယ့်အစစ်အမှန် စိတ်ကြည်နူးစရာ အံ့အားသင့်မှုတစ်ခုပဲ

အခု ကျွမ်းကျိုးမှာ ကြွယ်ဝခြင်းနတ်ဘုရားနတ်ကွန်းတစ်ခုရှိထားပြီဆိုတော့ သူက နှစ်ရက်သုံးရက်လောက်ကြာအောင် စိတ်ဓာတ်တွေ တက်ကြွနေတယ်။

အရင်က သူအတန်းပြီးသွားတာနဲ့ ဝမ်ရှောင်းယွင်ရဲ့အိမ်တော်ကိုပြန်ပြီး ရှောင်ဖော့လန်နဲ့ ကာတွန်းကားကြည့်ရင်ကြည့် မဟုတ်ရင် မက်ခါတချို့ လုပ်နေတတ်တယ်။

အခုတော့ သူအတန်းပြီးသွားတာနဲ့ ကြွယ်ဝခြင်းနတ်ဘုရားနတ်ကွန်းကိုသွားပြီး ဟိုထိဒီထိလုပ်လိုက်၊ လျှောက်ပတ်ကြည့်လိုက်နဲ့ ရတနာတစ်ခုခု ရထားသလိုမျိုး လုပ်နေတော့တယ်။

စုန့်ချင့်ယွီကလည်း သူ့ရဲ့တည်ရှိမှုကို လူတွေမေ့မသွားအောင် မကြာခဏဆိုသလို ပေါ်လာတတ်တယ်။

ကျွမ်းကျိုးအတန်းပြီးလောက်တဲ့အချိန်ဆိုရင် သူက နံပါတ်တစ်စစ်သင်တန်းကျောင်းရဲ့ ဂိတ်ဝမှာ ပန်းစည်းတစ်စည်းကိုင်ပြီး စောင့်နေတတ်တယ်။ ကျွမ်းကျိုးထွက်လာတာနဲ့ ပန်းတွေနဲ့အတူ ရှေ့ကိုထွက်လာလိမ့်မယ်။

"ကျွမ်း-လောင်ရှီး တစ်နေကုန် စာသင်ထားတာ။ ပင်ပန်းသွားမှာပဲ"

သင်တန်းကျောင်းကို အဝင်အထွက်လုပ်နေတဲ့ ကျောင်းသားတွေက ကျွမ်းကျိုးကို ပန်းစည်းပေးနေတဲ့သူက ဝမ်ရှောင်းယွင်မဟုတ်ဘူးဆိုတာကိုတွေ့တော့ အားလုံး မျက်လုံးတွေကို အလန့်တကြားဖွင့်လာကြတယ်။ ဒါက ဘယ်လိုအခြေအနေမျိုးကြီးလဲ။

ဒုတိယတပ်ဖွဲ့ တပ်ဖွဲ့မှူးက ကျွမ်း-လောင်ရှီးကို ပိုးပန်းဖို့ စီစဥ်နေတာလား!

အဲဒီနောက် ဘေးမှာ ဝမ်ရှောင်းယွင် ရပ်နေတာကို တွေ့လိုက်ရတယ်။ အူးဝါး! ဗိုလ်ချုပ်ကြီးဝမ်ရဲ့မျက်နှာက မဲပုပ်နေတာပဲ။

ကျွမ်းကျိုးက ပန်းတွေကို လက်မခံခဲ့ဘူး။ သူက မျက်လုံးလေးတွေ ကွေးညွတ်သွားအောင်ပဲ ပြုံးပြလိုက်တယ်။ "ကျေးဇူးတင်ပါတယ်"

စုန့်ချင့်ယွီ: "ကျွမ်း-လောင်ရှီး ကြွယ်ဝခြင်းနတ်ဘုရားနတ်ကွန်းကို သွားမှာမလား။ အတူတူ သွားရအောင်"

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now