Chapter 63 (U+Z)

7K 1.2K 56
                                    

-Unicode-

အခန်း ၆၃ - နောက်ဆုံးပိုင်း

အကန့်အသတ်မဲ့ စကြဝဠာ

ကြီးကျယ်ထင်ရှားတဲ့ ယာဉ်ပျံကြီးနှစ်စင်းက အမျိုးမျိုးသော ကြယ်စနစ်တွေကို ခရီးလှည့်လည်သွားနေတယ်။

ကြယ်အစုအဝေးခေတ်မှာ နိုင်ငံတိုင်း၊ အဖွဲ့အစည်းတိုင်းရဲ့ ကြီးမားတဲ့ သွားလာလှုပ်ရှားမှုမျိုးက နေရာတကာက အာရုံစိုက်မှုမျိုးကို လက်ခံရလေ့ရှိတယ်။

အထူးသဖြင့် အဲဒီသွားလာနေတဲ့အရာက ဒီလောက်ထိစကေးကြီးမားပြီး အကြီးအကျယ်ဖျက်ဆီးနိုင်သော 'လက်နက်'ဖြစ်တဲ့ စစ်သင်္ဘောတစီးဖြစ်နေရင်ပေါ့။ ယာဉ်က ဘယ်ကိုသွားသွား တခြားနိုင်ငံတွေရဲ့ ဂရုတစိုက်စောင့်ကြည့်ခြင်းကို ခံရလိမ့်မယ်။

တတိယတပ်ဖွဲ့ရဲ့ စစ်သင်္ဘောဝီဗန် အာကာသထဲကို ခရီးသွားလာနေတာကို မြင်ရတာက သိပ်တော့ မထူးဆန်းပါဘူး။ ပြောရမယ်ဆိုရင် စစ်သင်္ဘောဝီဗန်က အင်ပါယာရဲ့နယ်နိမိတ်ကို စောင့်ကြပ်တဲ့နေရာမှာ အသုံးပြုတဲ့ စစ်သင်္ဘောဖြစ်ခဲ့တာမို့လေ။

ဒါပေမဲ့ စစ်သင်္ဘော 'မရွေ့လျားကြယ်' ကတော့ အတူတူမဟုတ်ဘူး။ သူက မြို့တော်ဂြိုလ်ကို စောင့်ကြပ်တဲ့နေရာမှာ တာဝန်ကျတဲ့ စစ်သင်္ဘောဖြစ်တယ်။ သူ့ကို တီထွင်လိုက်တဲ့အချိန်ကတည်းက တိုက်ပွဲ တစ်ခါပဲ ဝင်ဖူးတယ်။ အဲဒီကတည်းက သူက မြို့တော်ဂြိုလ်ကိုပဲ စောင့်ကြပ်ပေးလာတာ အင်ပါယာရဲ့မြို့တော်ရဲ့ ဂါးဒီးယန်းအိန်ဂျယ် (ကိုယ်စောင့်နတ်သမီး) တစ်ပါးလိုပဲ။

အခုတော့ ဂါးဒီးယန်းအိန်ဂျယ်ကိုတောင် လွှတ်လိုက်ပြီ။ ဒီအဖြစ်ကြောင့် တခြားမြို့တော်တွေအတွက် အတွေးမလွန်ဖို့ဆိုတာ တကယ်ခဲယဉ်းစေတယ်။

အကြီးအကျယ်ဖျက်ဆီးနိုင်တဲ့ လက်နက်ကြီးနှစ်စင်းက ဘယ်ကိုသွားနေတာလဲ။

အင်ပါယာက ဘယ်နိုင်ငံကို စစ်ကြေညာမလို့လဲ။

ဒါမှမဟုတ် အင်ပါယာရဲ့နယ်နိမိတ်က ဂြိုလ်သားအင်းဆက်တွေပဲ ပြာပုံထဲကနေ တဖန်ပြန်ရှင်လာလို့လား။

အင်ပါယာက ဘာတွေလုပ်ဖို့များ စီစဉ်နေတာလဲ!

အထူးသဖြင့် အင်ပါယာနဲ့ လတ်တလောကမှ အနည်းငယ်အဖုအထစ်လေးရှိထားတဲ့ အဖွဲ့ချုပ်... အဆုံးမှာ ဝမ်ရှောင်းယွင်က သူတို့နဲ့ 'လျှို့ဝှက်' အပေးအယူလေးတစ်ခု လုပ်ခဲ့တယ်ဆိုပေမဲ့ အင်ပါယာက ရုတ်တရက် မမျှော်လင့်ထားတဲ့တစ်ခုခုကို လုပ်လိုက်မလားဆိုတာ ဘယ်သူမှ မပြောနိုင်ဘူးလေ။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now