Chapter 64 - Extra 1 (U+Z)

6.1K 1.1K 32
                                    

-Unicode-

အခန်း ၆၄ - Extra 1: နတ်ဘုရားတို့အပြန်

ကမ္ဘာ ပြန်ပေါ်လာတဲ့အဖြစ်ဟာ စကြဝဠာထဲမှာ လှိုင်းတစ်လှိုင်းပြီးတစ်လှိုင်း ဖန်တီးခဲ့တယ်။

တခြားမျိုးနွယ်တွေကို ထားလိုက်ဦး လူသားအကြောင်းသက်သက်ပဲ ပြောကြတာပေါ့။ နှစ်ပေါင်းထောင်ချီတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအားလုံးပြီးနောက် လူသားမျိုးနွယ်တွေဟာ မူလကနဦးက လူသား သန်းဂဏန်းအချို့ကို ကျော်လွန်ခဲ့တာ ကြာခဲ့ပြီဖြစ်တယ်။ အခုဆို လူဦးရေဟာ တစ်ထရီလီယမ်ကိုတောင် ကျော်လာခဲ့ပြီ။ အပြင်ဘက်မှာ ဂြိုလ်တွေအများကြီးရှိတယ်။ စကြဝဠာကို ကြီးစိုးနေတဲ့ အားကြီးတဲ့ လူသားနေထိုင်တဲ့ နိုင်ငံတွေလည်း အများကြီးရှိတယ်။ လူသားမျိုးနွယ်တွေက အတိတ်ကလို အခြားကြယ်အစုအဝေးထဲက မျိုးနွယ်စုပေါင်းမျိုးစုံရဲ့ အနိုင်ကျင့်တာကို ခံရတဲ့ ကလေးသေးသေး မဟုတ်တော့ဘူး။

နောက်ပြီး လူသားတွေမှာ အတော်လေးထူးခြားတဲ့ ပါရမီရှိတယ်။ လူသားတွေက ရှင်သန်နိုင်စွမ်းမှာရော ယဉ်ကျေးမှုမှာရော အားကောင်းကြတယ်။ အခြား မျိုးနွယ်စုတွေရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့တောင်မှ သူတို့တွေရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုကို တခြားမျိုးနွယ်စုယဉ်ကျေးမှုတွေနဲ့ မသိမသာ ရောနှောနိုင်ကြတယ်။

ဒီလိုနှစ်ထောင်ပေါင်းများစွာကြာပြီးနောက်မှာ ကြယ်အစုအဝေးထဲက မျိုးနွယ်စု အမျိုးမျိုးဟာ အကုန်လုံး လူသားတွေရဲ့ လွှမ်းမိုးမှုကို ခံကြရတယ်။ နောက်ပြီး ဒါကြောင့်ပဲ သွေးနှောမျိုးနွယ်တွေက တကယ်တော့ အတော်လေး ပျံ့နှံ့နေကြတယ်။

အဲဒါကြောင့် စကြဝဠာတစ်ခုလုံးက အတိတ်ကထက်တောင် ပိုလို့စိတ်အားထက်သန်ပြီး တက်ကြွစွာ တုံ့ပြန်ခဲ့ကြတယ်။

လူသားတွေက အကုန်လုံး ကမ္ဘာပြန်အလာကို အောင်ပွဲခံနေကြတယ်။ တစ်ချိန်တည်းမှာပဲ သွေးနှောမျိုးနွယ်တွေဟာလည်း သူတို့ရဲ့မိဘတွေ၊ ဘိုးဘွားတွေနဲ့အတူတူ ကမ္ဘာပြန်အလာကို အောင်ပွဲခံကြတယ်။ ကြယ်အစုအဝေးထဲက မျိုးနွယ်အချို့အတွင်းမှာ လူသားတွေကြီးမှူးတဲ့ စီးပွားရေး၊ ကော်ပိုရေးရှင်းတွေနဲ့ အဲဒီလိုမျိုးအဖွဲ့အစည်းတွေ အများအပြားကလည်း ကမ္ဘာပြန်အလာကို ကြိုဆိုကြတယ်။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now