Chapter 24 (U+Z)

6.7K 1.3K 18
                                    

-Unicode-

အခန်း ၂၄: ဝမ်ငတုံး ကားတစ်ပတ်လည်သွားတဲ့မြင်ကွင်း

ရှောင်ဖော့လန် #2 နဲ့ #3 နဲ့ ချိတ်ဆက်ပြီးသွားတဲ့နောက်မှာ ကျန်းဖုန်းနဲ့ ကျိုးဟုန်ရိဟာ စိတ်ထဲကနေ မြေအောက်ကျောက်တွင်းအထဲက အခြေအနေကို စစ်ဆေးကြည့်လို့ရသွားတယ်။ မီတာရာချီတဲ့ဂူကိုဝင်ဖို့ လူလုပ်သားတွေ ထပ်မလိုတော့ဘူး။

ဒီအဖြစ်က ကျောက်တွင်းထဲမှာ အကာအကွယ်ဂီယာတွေ ဝတ်ဆင်ထားရင်တောင် လူတွေက မိနစ် ၃၀ လောက် အကန့်အသတ်သာ အချိန်ရတဲ့အတွက် ကျောက်တူးတဲ့လုပ်ငန်းကို တန့်သွားစေတဲ့ ဓာတ်ရောင်ခြည်များတဲ့ ပြဿနာကို ဖြေရှင်းပေးလိုက်ရုံတင်မကဘူး။ ကျောက်တူးတဲ့ဖြစ်စဉ်အတောအတွင်း ဓာတ်ရောင်ခြည်ယိုစိမ့်မသွားတာ သေချာအောင် ကြီးကြပ်ကွပ်ကဲဖို့ လူသားလိုအပ်နေတဲ့ ပြဿနာကိုပါ ဖြေရှင်းလိုက်နိုင်တယ်။

ကျောက်တူးတဲ့လုပ်ငန်းက နောက်ဆုံးတော့ တောမီးလိုပဲ အရှိန်တက်လာတယ်။

တပ်မဟာဦးစီးချုပ်ဟော့ သယ်လာတဲ့ အသစ်စက်စက်သတ္တုကျောက်တူးတဲ့ ကိရိယာတွေကို မီတာတစ်ရာအနက်ရှိတဲ့ ဂူထဲကို #2 နဲ့ #3 ရဲ့အကူအညီနဲ့ အကုန်လုံးကို ပို့ဆောင်လိုက်နိုင်တယ်။

ဒါက တတိယတပ်ဖွဲ့ကလူတွေအတွက် စိတ်စွမ်းအားနဲ့ မောင်းနှင်လို့ရတဲ့ စက်ရုပ်တွေကို ပထမဆုံးတွေ့ဖူးတာပဲ။ နေ့တိုင်း သူတို့က ကျန်းဖုန်းနဲ့ ကျိုးဟုန်ရိကို အားကျတဲ့အကြည့်တွေနဲ့ ကြည့်ကြတယ်။

"မင်းတို့တွေ ဘယ်ကနေ ဒီစက်ရုပ်တွေ ဝယ်လာတာလဲ၊ ငါတို့အကုန်လုံး အခုတလော ဒီအမှိုက်ဂြိုလ်မှာပဲ သောင်တင်နေတာ မင်းတို့က ဘယ်ကနေရတာလဲ"

"ဆရာကြီးကယ်လုအန်းက သူတို့ကိုယူလာတာလား၊ မင်းတို့တွေ့တယ်မလား.. ဒီစက်ရုပ်တွေက ဆရာကြီးကယ်လုအန်းရောက်လာပြီးတော့မှ ပေါ်လာတာလေ"

"ဒီလိုပြောတော့လည်း တကယ်ဖြစ်နိုင်တဲ့ပုံပဲ! ဆရာကြီးကယ်လုအန်းကပဲ ဒီလိုမျိုး တီထွင်နိုင်မှာပေါ့"

"ဒီလိုစက်ရုပ်မျိုးကို ဘယ်တော့ အလုံးအရင်းနဲ့ ထုတ်နိုင်မလဲ၊ ဘယ်တော့ ဒီလိုနည်းပညာကို မက်ခါတွေမှာ သုံးနိုင်မလဲဆိုတာ ဘယ်သူသိမှာလဲ"

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now