Chapter 66 - Extra 3 (U+Z)

5.3K 1K 28
                                    

-Unicode-

အခန်း ၆၆ - Extra 3: မင်္ဂလာဆောင် အခမ်းအနား

ကျွမ်းကျိုးက မြေးလေးတွေလို ဆက်ဆံခံလိုက်ရတဲ့ မဟာနတ်မင်းကြီးနှစ်ပါးကို စိတ်ပြန်ကြည်လင်သွားအောင် တော်တော်ကြာ ချော့ယူလိုက်ရတယ်။

ဝမ်ရှောင်းယွင်ဟာလည်း မဒမ်ဝမ်ကို သူ ဒီကလေးနှစ်ယောက်ကို မွေးစားတာ မဟုတ်တဲ့အကြောင်း တော်တော်အချိန်ပေးပြီး ရှင်းရှင်းလင်းလင်း ရှင်းပြလိုက်ရသေးတယ်။

ဒါပေမဲ့ ကလေးနှစ်ယောက်ရဲ့ မိဘတွေနာမည် မပြောပြနိုင်တဲ့အတွက် သူတို့တွေက မိဘမဲ့တွေပါလို့ပဲ ပြောနိုင်တော့တယ်။

မဒမ်ဝမ်က အင်တင်တင်နဲ့ မေးတယ်။ "သူတို့တွေက မိဘမဲ့တွေလည်းဖြစ်သေး၊ ငယ်လည်းငယ်သေးတာကို ဘာလို့ ငါတို့ဝမ်မိသားစုကို ဒီအတိုင်း ခေါ်လာလို့မရရမှာလဲ"

ဝမ်ရှောင်းယွင်က ငြိမ်ကျသွားပြီး သူ့ကိုယ်သူပြောနေမိတယ်။ ဒီကလေးနှစ်ယောက်ရဲ့ အသက်အရဆို သူတို့က အင်ပါယာကြီး ဖြစ်တည်လာတဲ့ကာလထက်တောင်မှပဲ ပိုအသက်ကြီးနေဦးမယ်။

ဝမ်ရှောင်းယွင်က စိတ်အနှောင့်အယှက်ဖြစ်လာတယ်။ အဆုံးမှာတော့ သူက "ကျွန်တော် အခွင့်အရေးရတဲ့ တစ်ချိန်ကျရင် ထပ်ပြီး ရှင်းပြပါ့မယ်" လို့ပဲ ပြောနိုင်တော့တယ်။

ဒီလိုနဲ့ ဒီအဖြစ်အပျက်ကို ကျော်သွားနိုင်လိုက်တယ်။

ဒါပေမဲ့ မဟာနတ်မင်းကြီးနှစ်ပါးက သိပ်ပြီး စိတ်မကျေနပ်သေးဘူး။ သူတို့ စိတ်မကြည်ရင် ဘာလုပ်နိုင်လဲ။ ဝမ်ရှောင်းယွင်ကို ဆွဲခေါ်ပြီး နည်းနည်း ကြပ်ပေးရမှာပေါ့၊ ဟုတ်တယ်မလား။

ဝမ်ရှောင်းယွင်က နေ့တိုင်း ကင်းလှည့်တာဝန်ရှိတယ်။ အဲဒီအချိန်တိုင်းမှာ သူက အမြဲတမ်း ပျော့ခွေနေတဲ့ ခြေထောက်တွေနဲ့ သွားရတယ်။

စစ်စခန်းက စစ်သားတွေ ဝမ်ရှောင်းယွင် ထူးဆန်းတဲ့ ကိုယ်ဟန်နဲ့ လမ်းလျှောက်နေတာကို တွေ့တဲ့အခါ ချက်ချင်း ကျိုးကျိုးကို ပိုပြီး ထူးဆန်းတဲ့ မျက်နှာထားတွေနဲ့ စပြီး ကြည့်လာကြတယ်။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now