Chapter 23 (U+Z)

6.9K 1.3K 43
                                    

-Unicode-

အခန်း ၂၃: သူကနေ့တိုင်း တွေ့ဆုံပွဲတွေသွားရမှာ

ကယ်လုအန်းက ကြွယ်ဝခြင်းနတ်ဘုရားကို ကိုးကွယ်ရမလား၊ မကိုးကွယ်ရမလား နှစ်ခုအကြား ဗျာများနေတုန်းပဲ။

သူကိုးကွယ်လိုက်ရင် သူငယ်ချင်းလေးရဲ့ အမြင်ကောင်းသွားမယ်။ သူငယ်ချင်းလေးက သူနဲ့အတူ စက်ရုပ်တွေသုတေသနလုပ်လိမ့်မယ်..... မဟုတ်ဘူး စက်ရုပ်က ဘာတန်လို့လဲ။ ဒီမှာ မက်ခါတွေကသာ အဓိကအချက်ပဲ။

စက်ရုပ်တွေက လေ့ကျင့်ဖို့ ပစ္စည်းသပ်သပ်ပဲ။

ဒါပေမဲ့ သူကိုးကွယ်လိုက်ရင် သူကလည်း ဒီအဓိပ္ပာယ်မရှိတဲ့ အယူသီးတဲ့အပြုအမူကို ထောက်ခံတယ်လို့ ညွှန်ပြမနေဘူးလား။

"မဟုတ်ဘူး မဟုတ်ဘူး" ကယ်လုအန်းကတော့ ဆုံးဖြတ်ချက်ပြတ်သားပြီး ခိုင်မာနေဆဲပင်: "ငါသေချာပေါက် မင်းတို့ရဲ့ လမ်းမှားနေတဲ့အယူတွေကို အားပေးအားမြှောက်မလုပ်နိုင်ဘူး"

ဒါပေမဲ့ သူက မကိုးကွယ်ဘူးဆိုရင် ဘယ်လိုလုပ်ပြီး သူငယ်ချင်းလေးကို ချော့ရမှာလဲ။

"ငါနည်းနည်း ကိုးကွယ်ချင်ယောင်ဆောင်လိုက်ရင်ကော" ကယ်လုအန်းဟာ ဒွိဟဖြစ်နေတယ်။

ချန်ကျင့်ရွှယ်ဟာ သူ့ကိုဘေးမှကြည့်နေရင်း ပင်ပန်းလာတယ်။ သူက ရှောင်ဖော့လန်ကို မချီလိုက်ကာ ပြောတယ်: "အချိန်ယူပြီးစဉ်းစားပါ လူကြီးမင်း ကျွန်တော် လုပ်စရာရှိတာလေးတွေ အရင်သွားလုပ်လိုက်ဦးမယ်"

ကယ်လုအန်း: "မင်းက ဘာတွေအလုပ်ရှုပ်နေတာလဲ။ ဒီလိုအချိန်မျိုးမှာ ငါ့ကိုကူပြီး အစီအစဉ် စဉ်းစားပေးရမှာမဟုတ်ဘူးလား"

ချန်ကျင့်ရွှယ်: "ကျွန်တော်က အစီအစဉ်ပေးပြီးပြီပဲ၊ ဆရာကြီးကသာ လုပ်ဖို့ ငြင်းဆန်နေတာ"

ကယ်လုအန်း: "မင်းတို့ကောင်တွေက ဒီမှာ လုံးဝ ဆုံးဖြတ်ချက်မှားနေတာလေ"

ချန်ကျင့်ရွှယ်: "ဒါဆို အချိန်ယူပြီး ဖြည်းဖြည်းချင်း အစီအစဉ် စဉ်းစားလိုက်ပါ"

ထိုသို့ပြောရင်း သူက ရှောင်ဖော့လန်ကို သယ်၍ ပြန်ရန် အဆင့်သင့်ပြင်လိုက်တယ်။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now