Chapter 61 (U+Z)

5.6K 1.1K 44
                                    

-Unicode-

အခန်း ၆၁: ခင်ဗျား ဘာလို့ ဆီတွေ ယိုနေရတာလဲ

ကျွမ်းကျိုး နိုးလာတော့ သူ့ပတ်ပတ်လည်မှာ အားလုံး မှောင်မိုက်နေတယ်။

သူ မသိစိတ်အရ အရပ်မျက်နှာအနှံ့ လှည့်ပတ်ကြည့်လိုက်တယ်။ ခဏလောက် သူက အခုထိ သူ့ဘေးမှာ နှေးကွေးထုံထိုင်းတဲ့ ကျောက်တုံးမိစ္ဆာလေးတစ်ကောင်ပဲ ရှိတဲ့ လူသူကင်းမဲ့တဲ့ဂြိုလ်ပေါ်မှာ ရှိနေတုန်းလို့တောင် အထင်မှားသွားသေးတယ်။

မဟုတ်သေးပါဘူး နေပါဦး သူက အဲဒီလူမရှိသူမရှိဂြိုလ်ကနေ ထွက်လာပြီးပြီလေ။

ကျောက်တုံးမိစ္ဆာလေးလည်း သေသွားပြီးပြီ။

ကျွမ်းကျိုးက ခေါင်းခါလိုက်တယ်။ သူ့ရဲ့မှတ်ဉာဏ်တွေအကုန်လုံး ပြန်ပေါ်လာတယ်။ သူက အိပ်ရာပေါ်မှာ ခဏလောက် ငေးတိငေးငိုင်နဲ့ ထိုင်နေရင်း သူ့မှတ်ဉာဏ်တွေကို နည်းနည်းချင်းစီ ပြန်ပြီးစုစည်းနေတယ်။

အတော်အတန်ကြာပြီးနောက် အဆုံးမှာ သူက လှုပ်ရှားလိုက်တယ်။ လက်ကိုမြှောက်ပြီး မျက်လုံးတွေကို ပွတ်သပ်နေတယ်။

သူက ကျွမ်းကျိုးပါ။

သူက မြို့တော်ဂြိုလ်မှာ ရှိနေခဲ့တာ။

သူ့ရဲ့ နတ်တန်ခိုးအစွမ်းတွေလည်း ပြန်ရပြီးနေပြီ။

သူ့မှာ.... သူ့မှာ ဝမ်ရှောင်းယွင် ရှိသေးတယ်။

အဲဒီလိုတွေးလိုက်တော့ ကျွမ်းကျိုးရဲ့ မျက်လုံးတွေက ရေးတေးတေးလေး တောက်ပသွားတယ်။ ခေါင်းကိုလှည့်ပြီး ချက်ချင်းဆိုသလို ဝမ်ရှောင်းယွင်ကို လိုက်ရှာတော့တာပဲ။

သူ သူ့ကိုလှမ်းအော်ခေါ်တော့မဲ့အချိန်မှာပဲ ခုတင်ဘေးမှာ လက်တွေပေါ်ခေါင်းအုံးပြီး အိပ်နေတဲ့သူကို တွေ့လိုက်ရတယ်။

ဒီလူက နဂိုကကို ထွားပြီး အရပ်ထောင်ထောင်မောင်းမောင်းနဲ့ဖြစ်တယ်။ ခုတင်ကလည်း သိပ်ပြီး မမြင့်လှဘူး။ သူ အဲဒီနေရာမှာ မှောက်လျက်အနေအထားနဲ့ လှဲနေတာကိုကြည့်ရတာ နည်းနည်းလေး ကျပ်နေသလိုပဲ။ သူ့မျက်ခုံးတွေတောင်မှ အနည်းငယ် တင်းတင်းကျပ်ကျပ် တွန့်ချိုးနေသေးတယ်။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now