Chapter 49 Part 2 (U+Z)

6.2K 1.2K 43
                                    

-Unicode-

အခန်း ၄၉ (၂): အခု ဒါကတကယ့်အစစ်အမှန် စိတ်ကြည်နူးစရာ အံ့အားသင့်မှုတစ်ခုပဲ

ကျွမ်းကျိုးက လုံးဝ အိပ်ရေးဝဝ အိပ်လိုက်ရတယ်။ အခုဆို ပိုပိုများတဲ့လူတွေက ၁၀၀ ရာခိုင်နှုန်း ဓာတ်ရောင်ခြည်ကာရံ စွမ်းအင်စနစ်ကို ဖန်တီး နိုင်နေကြပြီ။ သူ့ဂုဏ်သတင်းကလည်း အချိန်ကြာလာတာနဲ့အမျှ ကြီးထွားလာတယ်။ အဲဒါကြောင့် သူ့ကိုယုံကြည်တာတွေလည်း တိုးပွားလာတယ်။

တစ်ည အိပ်လိုက်ပြီးနောက်တော့ သူ့တန်ခိုးစွမ်းအားကလည်း ပိုလို့တောင် ပွားများလာသေးတယ်။

အားအင်တက်ကြွမှုရောင်ဝါအပြည့်နဲ့ ရေချိုးခန်းအဝမှာ ရပ်ပြီး ဝမ်ရှောင်းယွင် ဆေးကြောသန့်စင်ပြီးတာကို စောင့်နေတယ်။ ပြီးရင် သူတို့ ထွက်လို့ရပြီ။

ဝမ်‌ရှောင်းယွင် သွားတိုက်နေတုန်း ကျွမ်းကျိုးက လောဆော်နေတယ်။ "မြန်မြန်လုပ်! အရမ်းနှေးတာပဲ!"

သူတို့ကားပျံပေါ်ရောက်တော့ ဝမ်ရှောင်းယွင်က ကားကို အလွန်မြန်မြန် မောင်းတယ်။ အဲဒီတော့ ကျွမ်းကျိုးက စိုးရိမ်လာတယ်။ "ဖြည်းဖြည်း အရမ်းအမြန်ကြီးမမောင်းနဲ့!"

ဝမ်ရှောင်းယွင်က မျက်ခုံးပင့်လိုက်တယ်။ "ကိုယ့်ကို မြန်စေချင်တာလည်း မင်းပဲ။ အခုကျတော့ မြန်လွန်းတယ်ဆိုပြီး ညည်းညူပြီး နှေးခိုင်းပြန်ရော။ ကျိုးကျိုး ဘယ်တစ်ခုလဲ။ ကိုယ့်ကို မြန်စေချင်တာလား။ နှေးစေချင်တာလား"

ကျွမ်းကျိုးက နည်းနည်းလေး ရှက်သွေးဖြာသွားပြီး ပြောတယ်။ "ကျွန်တော်က ညည်းညူနေတာမဟုတ်ပါဘူး။ အန္တရာယ်ကင်းဖို့ကို အလေးထားစေချင်လို့ပါ"

ဝမ်ရှောင်းယွင်က တခစ်ခစ်ရယ်လိုက်တယ်။ "ကောင်းပြီလေ"

အဲဒီလိုပြောရင်းနဲ့ သူက ဘာကိုစဉ်းစားမိသွားလဲမသိ၊ တစ်ကိုယ်တည်း ရေရွတ်နေတယ်။ "ဘယ်တော့မှ ဒီစကားတွေကို အိပ်ရာထဲမှာ ကြားရပါ့မလဲ"

သူက တိုးတိုးလေး ပြောလိုက်တာဆိုပေမဲ့ ကျွမ်းကျိုးက ကြားသွားသေးတယ်။ ဒါပေမဲ့ သူနားမလည်ဘူး။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now