Chapter 45 (U+Z)

6K 1.3K 118
                                    

-Unicode-

အခန်း ၄၅: ကမ္ဘာနဲ့ 5S ကြားက ဆက်နွယ်မှု

ပေယွီစီးမတိုင်ခင်က တတိယတပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူးက ဝမ်ရှောင်းယွင်ရဲ့အဖေ ဝမ်ထျန်းဖြစ်တယ်။

ဝမ်ထျန်းကို အင်ပါယာရဲ့ စစ်ပွဲနတ်ဘုရားလို့ တင်စားခေါ်ကြတယ်။ သူကွယ်လွန်သွားတုန်းက ဝမ်ရှောင်းယွင်က ငယ်သေးတယ်။ ပေယွီစီးတောင်မှ ဗိုလ်ချုပ်ကြီး မဖြစ်သေးဘူး။ တတိယတပ်ဖွဲ့ကို ထိန်းချုပ်တဲ့သူက တခြားတစ်ယောက်ဖြစ်တယ်။ အဲဒီလူ ရာထူးကိုတာဝန်ယူလိုက်တုန်းက တတိယတပ်ဖွဲ့ကို တခြားတပ်ဖွဲ့တွေနဲ့ ပေါင်းလိုက်ရတဲ့ အန္တရာယ်မျိုးနဲ့ ရင်ဆိုင်ရတော့မလိုတောင် ဖြစ်သွားသေးတယ်။

ဝမ်ရှောင်းယွင် တတိယတပ်ဖွဲ့ကို ဝင်လာတုန်းက အဲဒီလူက သူ့ရဲ့မြင့်မားတဲ့ မွေးရာပါပါရမီတွေကို မနာလိုဝန်တိုဖြစ်သေးတယ်။ ဝမ်ရှောင်းယွင်ရဲ့အဖေက စစ်ပွဲနတ်ဘုရားဆိုတဲ့ အချက်ကို ထည့်ပေါင်းလိုက်တော့ အဲဒီလူက ဝမ်ရှောင်းယွင်အတွက် အခက်အခဲပေါင်းစုံ ဖန်တီးတော့တာပဲ၊ သူ့ကို မြေမြှုပ်ခံရအောင်အထိ ဖြစ်စေတော့မလို့။

ပေယွီစီး တတိယတပ်ဖွဲ့တစ်ခုလုံးကို အောင်အောင်မြင်မြင် လွှဲယူလိုက်ပြီး ပြန်လည်တည်ဆောက်တဲ့အချိန်မှ ဝမ်ရှောင်းယွင်ဟာ နောက်ဆုံး သူ့ရဲ့ထူးခြားပြောင်မြောက်မှုတွေကို ထုတ်ပြသခွင့် တဖြည်းဖြည်းချင်း ရလာတယ်။

ဒါပေမဲ့ ပေယွီစီးက ထူးထူးခြားခြား ကံကောင်းတဲ့သူတော့ မဟုတ်ခဲ့ဘူး။ သူက တပ်ဖွဲ့မှူးနေရာမှာ အကြာကြီး မထိုင်ခဲ့ရဘူး။ အဲဒါက သူ့ရဲ့စိတ်စွမ်းအားက အဆိပ်သင့်ခံရပြီး အတင်းအကျပ် အနားယူခိုင်းခံခဲ့ရလို့ပဲ။

ပေယွီစီးကို ဖမ်းခေါ်သွားပြီးနောက် သူ့ရဲ့ရူးသွပ်မှုနဲ့ နံပါတ်တစ်စစ်သင်တန်းကျောင်းကို တိုက်ခိုက်မှုက ကြယ်စုကွန်ရက်တစ်လျှောက် အလွန်မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားတယ်။ ထိခိုက်ဒဏ်ရာရတဲ့ လူအရေအတွက်ကိုလည်း လူသိထင်ရှား ကြေညာခဲ့တယ်။

"လူ ၁၂ ယောက် အပြင်းအထန် ဓာတ်ရောင်ခြည်သင့်ခံခဲ့ရပြီး ၂၇ ယောက်က အသင့်အတင့် ဓာတ်ရောင်ခြည်သင့်ခံရတယ်။ အပြင်းအထန်ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူ တစ်ဦးမှ မရှိပါ"

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now