Chapter 46 (U+Z)

6K 1.2K 42
                                    

-Unicode-

အခန်း ၄၆: မင်းလာတာ အရမ်းနောက်ကျသွားပြီ

ဧကရာဇ်ကလဲ(ရ်)က ဝမ်းရှောင်းယွင်ကို တော်ဝင်နန်းတော်ကို ခေါ်ရတဲ့အကြောင်းရင်းက တကယ်ကို ဝမ်ရှောင်းယွင်ရဲ့ အနားယူဖို့ကိစ္စဖြစ်တယ်။

ဒီတစ်ချက်ကိုတော့ တီးဝမ်က ကျွမ်းကျိုးကို မလိမ်ခဲ့ဘူး။

အထူးအခြေအနေမျိုးမှာ အင်ပါယာတပ်ဖွဲ့လေးခုရဲ့ တပ်ဖွဲ့မှူး ၄ ယောက်အနက် သုံးယောက်က နောက်ဆုံးတစ်ယောက်က ဆက်နေသင့်လား၊ ထွက်သွားသင့်လားဆိုတာကို ဆုံးဖြတ်ဖို့ မဲပေးခွင့်ရှိတယ်။

ဟုတ်တာပေါ့၊ ဒီနေရာမှာ မရှိမဖြစ်ရှိရမဲ့ လိုအပ်ချက်က အထူးအခြေအနေဆိုတာပဲ။

အခု ဝမ်ရှောင်းယွင်လို အခြေအနေမျိုးကို ပြောတာ။ သူက ဘာအမှားမှ မလုပ်ထားပေမဲ့ အသိုင်းအဝိုင်းရဲ့ လွှမ်းမိုးမှုက ကြီးမားလွန်းတယ်။ ပြောစရာကိုမလိုတာက စွန့်စားရမဲ့ အန္တရာယ်ဟာလည်း အလွန်မြင့်မားတယ်။

ဧကရာဇ်ကလဲ(ရ်)တောင်မှ လူထုရဲ့အသံကို လျစ်လျူရှုထားဖို့ မဖြစ်နိုင်ဘူး။

နောက်ပြီး ပေယွီစီးကို ရှေ့မှာ ဥပမာအနေနဲ့သုံးထားတဲ့အတွက် ဓာတ်ရောင်ခြည်သင့်ခံထားရတဲ့သူတစ်ယောက်က တကယ်ပဲ သိုဝှက်ထားတဲ့ ချိန်ကိုက်ဗုံးတစ်လုံးကို ပိုင်ဆိုင်ထားရသလိုပဲ။

သူက အခုနေကောင်းနေပြီး အလွန်ကောင်းမွန်တဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေမှာ ရှိနေပုံရတဲ့တိုင်အောင်...

သို့ပေမဲ့ အရာအားလုံးက ဖြစ်နိုင်တယ်၊ တစ်ခုခုဆို ဘယ်လိုလုပ်မလဲလေ။

တစ်ခုခုသာ ဖြစ်သွားခဲ့ရင်ဘယ်လိုလုပ်မလဲ။ လူထုက အာဏာပိုင်တွေကို ဖိအားပေးလိမ့်မယ်၊ ဓာတ်ရောင်ခြည်သင့်ထားတဲ့သူတစ်ယောက်ကို ဆက်ခန့်ထားတဲ့အတွက် စစ်တပ်ကို အပြစ်တင်လိမ့်မယ်။

အဲဒါကြောင့် ဒီလိုမျိုး အလွန်အမင်း မတည်ငြိမ်တဲ့ အခြေအနေအောက်မှာ ဒါကို အထူးအခြေအနေအနေနဲ့ ဖြေရှင်းလို့ရတယ်။ တပ်ဖွဲ့မှူးထဲကတစ်ယောက်က ဒီအဆိုကို ဧကရာဇ်ဆီကို တင်သွင်းလာတယ်။ အဲဒီနောက် အခြားတပ်ဖွဲ့မှူးတွေကို သူတို့အမြင်အတွက် ဆွေးနွေးတိုင်ပင်မှာဖြစ်တယ်။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now