Chapter 44 (U+Z)

6.1K 1.2K 48
                                    

-Unicode-

အခန်း ၄၄: ကိုယ့်နည်းစနစ်က မကောင်းရင် ကိုယ့်ကိုစိတ်ပျက်သွားမှာလား

ကျွမ်းကျိုးရဲ့ သဘောပေါက်နားလည်နိုင်စွမ်းဟာ တကယ်တော့ သိပ်မဆိုးလှဘူး။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူ့နားလည်နိုင်စွမ်းက နည်းနည်း လျော့ပါးနေဖို့ သူမျှော်လင့်နေမိတယ်။

သူ့အပေါ်ကျင့်ဝတ်ချိုးဖောက်ချင်တယ်ဆိုတဲ့ အထဲက 'ကျင့်ဝတ်ချိုးဖောက်တယ်(စော်ကားတယ်)' ဆိုတဲ့ အဓိပ္ပါယ်က တကယ်တမ်း ဘာကိုဆိုလိုလဲဆိုတာ သူ.....သိကို မသိချင်ဘူး။

သူက အလွန်လွယ်လွယ်ကူကူ ရှက်သွေးဖြာနေမိပြီ။ ဒီတစ်ခေါက်မှာ သူ့ရဲ့နားရွက်ဖျားတွေကနေ လည်ပင်းအနောက်အထိကို နီဆွေးနေတော့တယ်။

သူ တကယ်တော့ ကြိုပြင်ဆင်ထားပြီးပြီ။ တကယ်လို့... တကယ်လို့ ဝမ်ရှောင်းယွင်သာ သူ့ကို လက်ထပ်ဖို့ပြောလာခဲ့ရင်၊ ဖွင့်ပြောခဲ့ရင်၊ လက်ခံလိုက်မယ်လို့.....

မဟာနတ်မင်းကြီးတောင်မှ အသံတိတ် ခွင့်ပြုထားပြီးပြီပဲ။ (T/N အော် ဇွတ်)

ဒါပေမဲ့ အခု ဝမ်ရှောင်းယွင် တကယ်ကြီး ဖွင့်ပြောလာတော့ ကျွမ်းကျိုးက ဂူတစ်လုံးရှာပြီး ပုန်းနေချင်မိတယ်။

ဘာဖြစ်လို့ ဝမ်ရှောင်းယွင်က ကိစ္စတွေကို ဒီလောက် တဲ့တိုးကြီး ပြောနိုင်ရတာလဲ။

"အဲဒါကြောင့် မင်းရဲ့မနာလိုစိတ်က တကယ်တော့ ဘာမှမဟုတ်ပါဘူး" ဝမ်ရှောင်းယွင်က သူ့ဘာသူ စကားကို နိဂုံးချုပ်လိုက်တယ်: "ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကတော့ တအားပျော်တယ်။ ကိုယ့်စိတ်ထဲမှာ အဲဒါက ဘာမကောင်းတဲ့စိတ်ဆန္ဒမှ မဟုတ်ဘူး။ အဲဒါ ကိုယ့်အပေါ် မင်းရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့နည်းပဲ"

ဝမ်ရှောင်းယွင်က ခေါင်းငုံ့ပြီး ကျွမ်းကျိုးကို ကြည့်လိုက်တယ်: "ကိုယ်ပြောတာ မှန်လား"

ကျွမ်းကျိုးက ဝမ်ရှောင်းယွင်နဲ့ အကြည့်ချင်းဆုံရမှာ အရမ်းရှက်နေတယ်။ တစ်ဖက်လူရဲ့ မျက်နှာထားက တဟုန်းဟုန်းတောက်နေတဲ့ ငရဲမီးလို သူ့ကို ဖောက်ထွက်လောင်ကျွမ်းသွားတော့မလိုပဲ။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now