Chapter 53 (U+Z)

5.6K 1.1K 52
                                    

-Unicode-

အခန်း ၅၃: ဘရို အဲဒီပစ္စည်းကောင်းလေး နည်းနည်းလောက် မျှလို့ရမလား

ဒုတိယတဲကို ရှာတွေ့သွားတဲ့နောက် ကျွမ်းကျိုးက အဲဒီသစ်သားပန်းပုရုပ်လေးတွေက သူထုထားတာဆိုတာ ပိုသေချာသွားတယ်။

ဝမ်ရှောင်းယွင်က ကျိုးကျိုး အတိတ်တုန်းက B-324 ပေါ်မှာ နေခဲ့တာဖြစ်ရမယ်လို့ အတော်လေး သေချာနေတယ်။

အစကတည်းက ဝမ်ရှောင်းယွင်က ကျိုးကျိုး ဘယ်ဂြိုလ်က လာခဲ့တာလဲဆိုတာ သေချာမသိခဲ့ဘူး။

ကျိုးကျိုးက ကြွယ်ဝခြင်းနတ်ဘုရားဆိုတာ သူမသိခင်အထိပဲ။ အဲဒီအချိန်မှသာ ကျိုးကျိုးက ဟိုးရှေးရှေးက ပျောက်ကွယ်သွားတာ ကြာခဲ့ပြီဖြစ်တဲ့ ကမ္ဘာဟောင်းကနေ လာခဲ့တာဖြစ်ရမယ်လို သူသုံးသပ်ခဲ့တာ။

ကမ္ဘာဟောင်းက ပျောက်ကွယ်သွားတာ အလွန်ကြာခဲ့ပြီဖြစ်တဲ့အတွက် တကယ်လို့ ကျိုးကျိုးသာ တကယ် ကမ္ဘာဟောင်းကဆိုရင် ကမ္ဘာက စကြဝဠာတစ်ခုလုံး မမြင်နိုင်တဲ့နေရာမှာ သိုဝှက်ခံထားရတာဖြစ်နိုင်တယ်။ တစ်ချိန်တည်းမှာ ကျိုးကျိုးမှာတော့ ကမ္ဘာကို ဝင်ထွက်သွားလာဖို့ နည်းလမ်း ရှိရမယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့အခေါက် ကျိုးကျိုး သူ့ကို ကမ္ဘာဘာလို့‌ ပျောက်ကွယ်သွားရလဲလို့ မေးတုန်းက ဝမ်ရှောင်းယွင် ချက်ချင်း သိလိုက်တယ်။ ကျိုးကျိုးလည်း ကမ္ဘာဘယ်မှာလဲဆိုတာ မသိဘူးပဲ။ အဲဒါကြောင့်သာ သူ အဲဒီအတွေးကို ဖယ်ရှားခဲ့တာ။

ကျိုးကျိုး ဘယ်နေရာကနေပဲ လာခဲ့တာဖြစ်ပါစေ သူလက်ခံထားပြီးသားပဲ။

ဒါပေမဲ့ အခုတော့ ကျိုးကျိုးက အမှိုက်ဂြိုလ် B-324 ပေါ်မှာနေခဲ့တဲ့ ခြေရာလက်ရာတွေ ရှာတွေ့ခဲ့တယ်။ ဒီအဖြစ်က ဝမ်ရှောင်းယွင်ကို နည်းနည်းအံ့ဩသွားစေတယ်။

သူအချိန်ယူစဉ်းစားနေရင်း ကျွမ်းကျိုးက ရုတ်တရက် မေးလာခဲ့တယ်။ "အမှိုက်ဂြိုလ် B-324 က.... ကမ္ဘာဖြစ်နိုင်လား"

ဒါက တစ်ခုတည်းသော ဖြစ်နိုင်ချေပဲ။

ကျွမ်းကျိုးက တွေးမိတယ်။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now