မိတ်ဆက် ( မိတ္ဆက္)

18K 992 62
                                    


ချီပိုင်ချာက ဤလောကကြီး၏နောက်ဆုံး
သော နတ်ဘုရားဖြစ်သည်။ သူ မော်ဒန်
ခေတ်အထိ ရှင်သန်လာပြီးချိန်မှာတော့
ဘဝကြီးက အလွန်ပင်ပျင်းစရာကောင်း
သောကြောင့် သူ သာမန်လူသားတစ်ယောက်
နှင့်ချစ်ကျွမ်းဝင်ကာ လက်ထပ်ခဲ့သည် ။

ထို့နောက်မှာတော့ သူ အချစ်မှာ တကယ်ပင်
ပျော်ဝင်သွားခဲ့သည် ။ နေ့တိုင်းနေ့တိုင်း
သူ့ရဲ့ပါတနာ အသက်ကြီးလာပြီးတော့
သေသွားတဲ့အချိန်ရောက်လာရင် သူ
ဘယ်လိုလုပ်ရမလဲဆိုပြီး တွေးပူနေရသည် ။
တကယ်တော့ သူ့ရဲ့ပါတနာကလည်း နတ်
ဘုရားတစ်ပါးပင်ဖြစ်ပြီး သူနှင့်ထပ်တူပင်
စိုးရိမ်ပူပန်နေခဲ့သည် ။

နောက်မှာတော့ သူ့ရဲ့ချစ်သူကို သူက
နတ်ဘုရားတစ်ပါးဖြစ်ကြောင်း ပြောပြဖို့
ချီပိုင်ချာ စိတ်ဒုန်းဒုန်းချ ဆုံးဖြတ်လိုက်
တော့သည် " အချစ်ရေ ... မင်းကို ပြောပြ
စရာတစ်ခုရှိတယ် "

ဖူမင်ယယ် စိတ်လှုပ်ရှားစွာနဲ့ပြောလိုက်
တယ် " ကိုယ့်အချစ် ... ကိုယ့်မှာလည်း
မင်းကို ပြောပြစရာလေးရှိတယ် ။ တကယ်
တော့ ကိုယ်ကသေမျိုးမဟုတ်ဘူး ...
ကိုယ်က evil god ပါ ။ ' မကောင်းဆိုးဝါး
(Evil ) ' ဆိုတဲ့စကားကို ကြားလိုက်ရလို့
လန့်မသွားပါနဲ့ ။ အဲဒီ့ ကိုယ့်ကိုကိုယ်
ဖြောင့်မတ်မှန်ကန်ပြီး သမာသမတ်ရှိတယ်
လို့ကြေညာနေတဲ့ နတ်ဘုရားတွေကမှ
သူတော်ကောင်းယောင်ဆောင်နေကြတဲ့
ဟာတွေ ... ဟုတ်သားပဲ ... မင်း ကိုယ့်ကို
ဘာပြောချင်လို့လဲ ?"

ချီပိုင်ချာ : " တကယ်တော့ ငါကလည်း
သေမျိုးတစ်ယောက်မဟုတ်ဘူး "

ဖူမင်ယယ် :" ... အဲတာဆို အချစ်က ဘာလဲ?"

ချီပိုင်ချာ :" သူတော်ကောင်းယောင်
ဆောင်နေတဲ့ဟာ "

လူတိုင်းလူတိုင်း၏ အမုန်းတရား ၊ ကျိန်စာ
တွေ ၊ လောဘတွေနှင့် မောက်မာမှုတွေကို
နားဆင်နေခဲ့ရသည့် evil godက လောက
ကြီး၏ အနူးညံ့ဆုံးဖြစ်ကာ စင်ကြယ်သည့်
snow god ကို ချစ်မိသွားခဲ့သည် ။

“ကိုယ့်ရဲ့ ဖြစ်တည်မှုကိုတောင်
ဆန့်ကျင်ပြီးတော့ မင်းကိုချစ်တယ် ”

အေးစက်ကာ သိမ်မွေ့သည့် snow god shou နှင့် အပြင်မှာ ကြီးစိုးခြယ်လှယ်နေ
ပေမယ့် အတွင်းမှာတော့ သူ့ဇနီးလေးရဲ့
အုပ်ထိန်းမှုကို ခံနေရသော gong

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now