အပိုင်းဆယ့်ငါး

1.6K 310 10
                                    

Burmese Translation of "After Marrying The Male God".

Translator - ဂွေ့

(၁၅) အကြောင်းပြချက်
_____________________

မင်းကိုအရမ်းစိတ်ပူတယ်

_______

"ချာချာ ချာချာ?"
ဖူမင်ယယ်က သူ့လက်ချောင်းတွေကိုယမ်းပြလိုက်သည်။

"ဟင်"
အဲ့တော့မှ ချီပိုင်ချာတစ်ယောက် အတွေးထဲက ရုန်းထွက်လာပြီး ဖူမင်ယယ်သိပ်မကြာခင်ကမှပြန်ရောက်လာတာကို သိလိုက်ရသည်။

သူမ မောကြည့်လိုက်၏။
"ပြန်ရောက်တာ ကြာပြီလား?"

"ကို်ယ်ပြန်လာတော့ မင်းခပ်ဝေးဝေးကိုငေးနေတာတွေ့တာပဲ။ ခဏခဏခေါ်နေတာတောင် မင်းမကြားဘူးလေ"
ဖူမင်ယယ်က သူ့ကို သံသယမျက်လုံးနှင့်ကြည့်လိုက်သည်။
"မင်းဘာတွေတွေးနေတာလဲ?"

ချီပိုင်ချာတစ်ယောက် နံရံပေါ်က နာရီကိုလှမ်းကြည့်လိုက်တော့ ညနေ၇နာရီထိုးလုပြီ။

မစ္စတာဖူနှင့်အချစ်ခရီးကိုပြန်ပြောင်းတွေးတောနေခြင်းဖြစ်သော်လည်း အချိန်၂နာရီက ခဏနှင့်ကုန်သွားခဲ့သည်။ လှပတဲ့အမှတ်တရတွေက လူသားတွေရဲ့ အချိန်ကိုမေ့လျော့အောင် စွမ်းဆောင်နိုင်တာပါလား။ မစ္စတာဖူနှင့်အတူ ခံစားခဲ့သည့အမှတ်တရတွေကို သူရှင်းရှင်းလင်းလင်းမှတ်မိနေသည်။ အားကောင်းသော ခံစားချက်က ဘယ်လိုမုသားမျိုးမှ မပါ၀င်ခဲ့။

systemကပေးထားသည့် မစ္စတာဖူ၏ နှလုံးသားကတော့ ဘာအရောင်မှကိုမမြင်ရ။
ဘာတွေဖြစ်နေတာလဲ?

သူ သံသယမထားခဲ့တာမျိုးတော့မဟုတ်ပေမယ့် ဒီတစ်ခါတော့ သူတကယ်ရင်ဆိုင်ရတော့မည်။

တစ်စုံတစ်ခုက မှားယွင်းနေသည်။

ဖူမင်ယယ်ကတော့ စိတ်အားထက်သန်စွာဖြင့်
"ကျောင်းမှာဘယ်ခွေးလေးတွေက မင်းကိုစိတ်တိုအောင်လုပ်လိုက်တာလဲ?"

ချာချာက တစ်ခုခုတွေးနေပုံပေါ်သည်။

ချီပိုင်ချာက ခေါင်းကိုယမ်းကာ မတ်တပ်ရပ်ပြီးပြောလိုက်သည်။
"ကျွန်တော် ညစာသွားပြင်ဉီးမယ်"

"မင်း စိတ်အခြေအနေမကောင်းတာကို ညစာချက်ဉီးမလို့လား"

ဖူမင်ယယ်က သူ့ကိုတားလိုက်သည်။

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now