အပိုင်းလေးဆယ့်ခြောက်(ဒုတိယပိုင်း)

1K 220 0
                                    


ချီပိုင်ချာကသဘောမတူလောက်ဟု ဖူမင်ယယ်က ထင်ထားခဲ့‌မိသည်။ အကယ်၍ အဲဒီလိုဆိုရင်လည်း သူက ချီပိုင်ချာကို အကြွင်းမဲ့ ထောက်ပံ့ပေးနေဦးမှာပင်။ မထင်မှတ်ထားဘဲ ချီပိုင်ချာက သဘောတူခဲ့၏။

သူပြန်ဖြေလိုက်၏။ "ကောင်းပြီလေ... ကျွန်တော် TVထဲမှာ ထပ်မပါတော့ပါဘူး ... ဒါပေမယ့် အဲဒီ့အစီအစဉ်ရဲ့ မူရင်းရိုက်ကူးထားတဲ့ဟာရဲ့ copyကိုတော့ လိုချင်တယ်"

သူက နဂိုကတည်းက ဖန်းယာအာကို စုံစမ်းဖို့ရာအတွက် အစီအစဉ်မှာ ပါဝင်ခဲ့တာဖြစ်သည်၊ ဒါပေမယ့် အခုတော့ ဖန်းယာအာနှင့်ချင်ယိရုံ၏ကိစ္စတွေကို ဖြေရှင်းပြီးသွားပြီပင်။ အစီအစဉ်ကိုထုတ်လွှင့်ပြီးတဲ့နောက် သူ့ကိုလူသိများလာခဲ့လျှင်၊ ထိုဟာက ပြဿနာသာ တိုးလာစေမှာဖြစ်သည်။

သူနှင့်ဖူမင်ယယ်တို့ အတူတူကုန်ဆုံးခဲ့ကြသည့် အချိန်တွေကို ကြည့်ရှုခွင့်ရရုံနှင့်တင် ‌လုံလောက်ပြီဖြစ်သည်။

ဖူမင်ယယ်က ရွှီလီကို ချက်ချင်းပင် ဖုန်းခေါ်လိုက်၏။

ဖုန်းဖြေပြီးနောက်မှာ ရွှီလီလည်း သက်ပြင်းမော ချလိုက်မိသည်။

ချီပိုင်ချာနှင့်ဖူမင်ယယ်၏ရိုက်ကွက်တွေကို ဖျက်ပစ်ရတာက သိပ်တော့ ထူးခြားသွားတာမရှိပေ။ ရိုက်ကူးရေးအဖွဲ့၏မူလအစီအစဉ်မှာကိုက သူတို့နှစ်ဦး မပါဝင်ခဲ့တာဖြစ်ပြီး၊ သူတို့နှစ်ယောက်က မထင်မှတ်ထားဘဲနှင့် ယာယီခဏပါဝင်လာခဲ့ကြတာပင်၊ ထို့ကြောင့်မို့ သူတို့ကိုဖယ်ရှားပစ်လိုက်လျှင်လည်း ကိစ္စမရှိပေ။

ပြောစရာသတင်းခေါင်းစဉ် အရေအတွက်လေး သိသိသာသာ လျော့သွားရုံသာရှိ၏။

သို့သော် ဖူမင်ယယ်က ရင်းနှီးမြုပ်နှံသူ ဒယ်ဒီကြီးပင်။ သူက အနုပညာလောကထဲကို တစ်ခါလောက် လက်တည့်စမ်းခဲ့ပါသော်လည်း၊ ဤရိုက်ကူးရေးအဖွဲ့ကနေပြီးတော့ ဖိတ်ကြားထားခဲ့သည့် အမျိုးသမီးဧည့်သည်နှစ်ဦးက တစ်ယောက်ပြီးတစ်ယောက် ပြဿနာတွေနှင့် ကြုံခဲ့ကြရ၏။ သူ့ရဲ့ရင်းနှီးမြုပ်နှံမှုကို ပြန်မရုပ်သိမ်းသွားတာကိုက သူ့ဘက်က‌နေပြီးတော့ အကောင်းဆုံး လုပ်ပေးနေတာဖြစ်သည်။

ထားလိုက်ပါတော့... ထားလိုက်ပါတော့။

ဘယ်လိုနေနေ အစီအစဉ်ရဲ့အသွင်အပြင်ကို ကယ်ရီလုပ်ပေးသွားမယ့် ကျန်းယန်နဲ့ယုယင် ရှိနေသေးတာပဲဟာ... ပြီးတော့ လျို့ခိုင်းရှန်နဲ့ချွေ့ဟောင်ရဲ့ လူကြိုက်များမှုကလည်း လျှော့တွက်လို့တော့မရဘူး။

ဒီအစီအစဉ်ကို ဖန်တီးရတာက နဂိုကတည်းက သူ့အတွက် ပင်ပန်းခဲ့ရတာတော့မဟုတ်ပေ၊ သူက နာမည်ကြီး အနုပညာရှင်တချို့ကို နှစ်ဦးနှစ်ဘက် အကျိုးအမြတ်ရစေဖို့အတွက် ဖိတ်ခေါ်ခဲ့တာပင်။ အခု ဖန်းယာအာနှင့်ချင်ယိရုံအပေါ် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တွေကို၊ သေသေချာချာ ပြန်တွေးကြည့်လိုက်လျှင်၊ သူတို့တွေက ဤအစီအစဉ်ကို မလွှင့်ရသေးခင်ကတည်းက နာမည်ကြီးအောင်လို့ လုပ်ပေးသွားတာဖြစ်သည်။

ဖူမင်ယယ်က ချီပိုင်ချာနှင့်အတူ ဆေးရုံမှာ တစ်လ‌နေပေးခဲ့၏။ သူ့ဆုံးဖြတ်ချက်ကိုလိုအပ်သော အရေးကိစ္စတွေက ကုမ္ပဏီမှာ တောင်လိုပုံလာခဲ့ပြီး၊ ချီပိုင်ချာက သူဆေးရုံကနေ ဆင်းပြီးပြီးချင်းမှာပဲ သူ့အားချက်ချင်းဆိုသလိုပင် အဝေးသို့ မောင်းထုတ်ခဲ့၏။

အခုက ဂျူလိုင်ရောက်နေပြီဖြစ်ပြီး၊ ကျောင်းတွေက နွေရာသီအားလပ်ရက် စနေပြီဖြစ်သည်။ ဖူမင်ယယ်ကို အဝေးပို့ပြီးနောက်မှာ ချီပိုင်ချာလည်း ဖန်းယာအာကို သွားတွေ့ခဲ့၏။

သူက မှတ်ဉာဏ်တွေကို ရှင်းလင်းရတာနှင့် အတော်လေးကို ကျွမ်းဝင်နေပြီဖြစ်သည်။

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now