အပိုင်းလေးဆယ့်သုံး(တတိယပိုင်း)

1.1K 250 8
                                    

(၄၃) ချီယဲ့ (တတိယပိုင်း)
April 11, 2023 by Jinnie Grace
Burmese Translation of “After Marrying The Male God”.
Translator - ဂွေ့

(၄၃) ချီယဲ့ (တတိယပိုင်း)

ချီယဲ့က သူ့ကိုအချိန်အတန်ကြာအောင်ကြည့်နေပြီး ရွှယ်ချာ၏ နှာဖူးလေးကိုငုံ့နမ်းလိုက်သည်။
ဆေးရုံထဲတွင်ရှိနေသော ချီပိုင်ချာနိုးလာခဲ့သည်။

သူ့လက်ဖျံတွင် ဆေးချိတ်ထားပြီး လက်တွေတစ်လျှောက်က ပတ်တီးစီးထားကာ ပိုးသတ်ဆေးနံ့လည်းရနေ၏။

ဖူမင်ယယ်က သူ့ဘေးတွင်ထိုင်ကာ ပန်းသီးအခွံခွာနေသည်။

အချိန်တစ်ခဏလောက်တော့ သူထင်ယောင်ထင်မှားတွေမြင်နေသည်ဟု ချီပိုင်ချာတွေးနေမိသေးသည်။

နတ်ဘုရားတွေသေပြီးလျှင် ဘာဖြစ်လဲဆိုတာကို သူမသိ။ သူတို့ခန္ဓာကိုယ်နှင့်ဝိဉာဏ်ကတော့ ကောင်းကင်နှင့်မြေကြီးကြားတွင် လုံးဝပျက်သုန်းသွားရသည်။ ဘယ်ကိုမှ မသွားနိုင်ပေ။

သူဘာလို့ မစ္စတာဖူကိုတွေ့နေရသေးတာလဲ?

သူ့မျက်ခုံးရိုးကြားကို ကျူးကျော်ခံရသည့် ခံစားချက်က ရှင်းလင်းလွန်းသည်။ ထိုအချိန်က ဉီးခေါင်းကိုခွဲခံရသလိုခံစားချက်ကို သူမမေ့။ သူ့ရဲ့အမြုတေက ဘာလို့ရှိနေရသေးတာလဲ? မိစ္ဆာဘုရင်လက်ထဲကနေ သူ့ကိုဘယ်သူက ကယ်သွားတာလဲ?

ထိုမေးခွန်းများက ဖူမင်ယယ်ကိုချီပိုင်ချာကြည့်နေမိချိန်မှာတော့ အားလုံးနောက်ရောက်သွားသည်။

သူ့မှာအတွေးတစ်ခုသာရှိတော့သည်။

မစ္စတာဖူကိုထပ်မြင်ရတာ သိပ်ကောင်းတာပဲ။

ချီပိုင်ချာသတိရတာကို ဖူမင်ယယ်မြင်တော့ သူ့မျက်နှာ လင်းခနဲဖြစ်သွားသည်။
“အဆင်မပြေတာ နာနေတဲ့နေရာရှိသေးလား”

အမျိုးသားငယ်က သူ့ရင်ခွင်ထဲသို့ တန်းရောက်လာ၏။

ဖူမင်ယယ်ကြောင်သွားပြီး သူ့လက်ထဲက ဓားအစွန်းကို သူ့ဖက်သို့လှည့်လိုက်သည်။ သို့မှသာ ချီပိုင်ချာကို မထိုးမိမှာပင်။

“အဆင်ပြေသွားပြီ အဆင်ပြေသွားပြီ”
ဖူမင်ယယ်က ချီပိုင်ချာ့ကိုဖက်ရင်းနှစ်သိမ့်သည်။

“ဒီမှာပန်းသီးလေးစားလိုက် ပန်းသီးကချိုတယ်။ မင်း စိတ်ကြည်သွားမှာ”

ချီပိုင်ချာက ပန်းသီးကိုလျစ်လျူရှုကာ သူ့ပုခုံးပေါ်လှဲချလိုက္သည်။ အသံတွေက တုန်ယင်စွာဖြင့် “မစ္စတာဖူ....”

“ကိုယ်ဒီမှာရှိတယ်”
ဖူမင်ယယ် သူ့လက်ကို ညင်သာစွာကိုင်လိုက်သည်။

ဖူမင်ယယ်၏ အသံကိုကြားတော့ ချီပိုင်ချာ အနည်းငယ် ထိန်းချုပ်မှုပျောက်သွား၏။ သူ စိတ်ကိုလျှော့လိုက်သည့်အချိန်တွင် ထိုဖုန်းကောကို မစ္စတာဖူ၏ အသံကိုနောက်ဆုံးကြားနိုင်မည့်အခွင့်အရေးဟု သူယူဆခဲ့သည်။ ဒါဆိူ သူငြိမ်းချမ်းစွာသေနိုင်ပြီ။

သူ့သော် တကယ်တမ်းကျ သူအတော်လေးပူဆွေးခဲ့ရ။ သူ ဒီထက်ပိုပြီး ကြာကြာလေးနေချင်သေးကာ ဒီဘ၀သက်တမ်းကို မစ္စတာဖူနှင့် သက်ဆုံးတိုင်ရှိနေချင်သေးသည်။

ဒီဘ၀တွင် သေကွဲကွဲခဲ့ကြရင်ဆိုသည့်အတွေးက သူ့ကို နာကျင်စေလွန်းလှသည်အထိ မစ္စတာဖူကို သူချစ်သည်။

သူ ရုတ်တရက်ကြီးတစ်ခုကိုပျောက်ဆုံးကာ တစ်ခုကိုပြန်ရလိုက်သည်။ ပျော်ရွှင်မှုနှင့်အတူ အနာဂတ်ကိုတွေးကြောက်မိသော အကြောက်တရားများ။

အကြိမ်ပေါင်းမရေမတွက်နိုင်အောင် မစ္စတာဖူတစ်ယောက် သဘာ၀အတိုင်းသေဆုံးပြီးသည့်နေုက်တွက်ဖြစ်နေမည့် သူ့ပုံစံကိုသူတွေးကြည့်ခဲ့ဖူးသည်။ သို့သော် သူတစ်ကယ်တမ်း အသက်အန္တရာယ်နှင့်ကြုံသောအခါ သူ၏ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားမှုများက အချည်းအနှီးဖြစ်သွားသည်။

သူလက်မခံနိုင်။

မစ္စတာဖူနှင့် သူမခွဲနိုင်။

“တောင်းပန်ပါတယ်။ ကိုယ်မင်းကိုမကာကွယ်နိုင်ခဲ့ဘူး”
ဖူမင်ယယ်က သူ့ကိုဖက်ထားသည်။ “မင်းခန္ဓာကိုယ်မှာ အရိုးနေရာအတော်များများကျိုးထားတာ။ သိပ်မလှုပ်နဲ့”

ကျိုးတယ်?

ထိုအချိန်တုန်းက ခံစားရသည့် မချိမဆန့်ဝေဒနာကို ချီပိုင်ချာမှတ်မိနေသေးသည်။

လူပုံစံတွင် မိစ္ဆာဘုရင်၏ တိုက်ချက်က သူ့ကိုအရိုးတစ်ခြား အသားတစ်ခြားဖြစ်သွားစေနိုင်ပြီး သူ့တစ်ကိုယ်လုံး ကျိုးကြေသွားရမှာဖြစ်သည်။ သို့သော် အခုတော့ သူက လုံးဝအဆင်ပြေနေကာ လက်နှင့်ခြေထောက် သုံးနေရာလောက်သာ ပတ်တီးစည်းထားရပြီး နာကျင်မှုကိုလည်းမခံစားရပေ။

သူ့ဒဏ်ရာတွေက ထင်ထားတာလောက်တောင်မများ။

လူသားတွေရဲ့ ကုသနိုင်မှုlevelက ဒိလောက်တောင်မြင့်နေပြီလား? ဒါမှမဟုတ် သူ့မှတ်ဉာဏ်တစ်ခုခုပဲမှားနေတာလား?

“ကျွန်တော် မေ့လဲသွားပြီးတော့ဘာတွေဖြစ်ခဲ့တာလဲ?”

“ကိုယ်မင်းကိုဖုန်းဆက်တယ်။ အဲ့စကားကိုပြောပြီး ရုတ်တရက်ကြီးဖုန်းကျသွားတော့ ကိုယ်စိတ်ပူပြီးမင်းရဲ့ဖုန်းကိုခြေရာခံလိုက်တာ။ အဲ့ကိုရောက်သွားတော့ မင်းရော မိန်းမနှစ်ယောက်ရော မြေကြီးပေါ်မှာလဲကျနေကြပြီး တရားခံက ထွက်ပြေးသွားပြီ။ သူတို့ကအဆင်ပြေပါတယ် လန့်ပြီးမေ့လဲသွားကြရုံတင်။ မင်းပဲနေရာအနှံ့မှာအရိုးကျိူးနေတာ”
ဖူမင်ယယ်က စိတ်ပူစွာပြောလိုက်၏။
“နာနေသေးလား?”

သူ ထိုနေရာကိုရောက်သွားပြီး လူငယ်က ဒဏ်ရာတွေနှင့် မေ့လဲနေတာကို မြင်ပြီးသည့်နောက်တွင် သူစိတ်လွတ်သွားတော့မတတ်ဖြစ်သွားတာကို ဘုရားသာသိလိမ့်မည်။ တရားခံကိုမဖမ်းနိုင်ဘဲ အပိုင်းပိုင်းမစုတ်လိုက်ရတာကိုတွေးမိတိုင်းသူမုန်းမိသည်။

သို့သော် အခုထိ ဘယ်သူလုပ်သွားလဲဆိုတာကို သူရှာမတွေ့သေး။

ဒီအချိန်လောက် သူ့ကိုယ်သူ အင်အားမရှိဟု ခံစားရတာမျိုးမရှိဖူးပေ။

ချီပိုင်ချာမျက်မှောင်ကျုံ့လိုက်၏။

Pascalက သူ့ကို မထင်မှတ်ဘဲ သတ်ဖို့လက်လျှော့လိုက်တာများလား?

ပြာဖြစ်ပြီးလေလွင့်နေပြီဖြစ်သော Pascal :
မဟုတ်ဘူးဟေ့...တကယ့်အကောင်ကြီးဖြစ်နေတဲ့ မင်းရဲ့ချစ်လှစွာသောဘဲကြီးက မထင်မှတ်ဘဲ ငါ့ကိုသတ်သွားတာ!

ချီပိုင်ချာမျက်မှောင်ကျုံ့တာကိုမြင်တော့ ဖူမင်ယယ်စိတ်ပူသွားရပြန်သည်။
“နာလာလို့လား?”

ချီပိုင်ချာက ဖူမင်ယယ်၏ ရင်ခွင်ထဲဝင်မှီရင်းနူးညံ့စွာပြောလို်က်၏။
“နာတယ်”

“ကိုယ်ဆရာဝန်သွားခေါ်ပေးမယ်”

“ဒဏ်ရာတွေကမဟုတ်ဘူး။” ချီပိုင်ချာက သူ့နှလုံးနေရာကိုထိုးပြရင်း “ဒီနေရာကနာတာ”

“မစ္စတာဖူကိုနောက်ထပ်ဘယ်တော့မှမမြင်ရတော့ဘူးလို့စဉ္းစားလိုက်မိတော့ ဒီနေရာက အရမ်း အရမ်းကိုနာတယ်”

ဖူမင်ယယ်က တိုးညှင်းစွာပြော၏။ “ကိုယ့်နှလုံးသားက ပိုနာပါတယ်”

ချီပိုင်ချာကို ဆေးရုံထဲပွေ့ခေါ်လာသည့် သူ့ပုံစံက အလွန်ကိုကြောက်စရာကောင်းလွန်းသည်။ သူ ဒီကိုလက်စားချေဖို့ရောက်လာသည်ဟုတောင် ထင်သွားကြသည်။

ဖူမင်ယယ်၏ထိုအချိန်တုန်းက ပုံစံက တကယ့်ကိုကြောက်မက်ဖွယ်ရာ။

ထိုနေရာမှာပဲ ချီပိုင်ချာ၏ ဒဏ်ရာတွေကို သူ့နတ်စွမ်းအင်ဖြင့်ကုသပေးဖို့လုပ်ခဲ့သော်လည်း မရခဲ့ပေ။ ချာချာ့ကိုထိခိုက်စေသူက လူသားမဟုတ်ဟု သူခန့်မှန်းမိသည်။ တရားခံကိုမရှာတွေ့တာလည်းပါသည်။

သူတို့ကိုသာ ဖမ်းမိကြည့်။ သူကိုယ်တိုင် အပိုင်းပိုင်းဖြတ်ကာ ပြာမှုန်ဖြစ်အောင်လုပ်ပစ်မည်။



Zawgyi

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now