အပိုင်းသုံးဆယ့်လေး(ဒုတိယပိုင်း)

1.2K 241 1
                                    

(၃၄) ဉီးနှောက်ကိုခိုးယူ(ဒုတိယပိုင်း)
Burmese Translation of “After Marrying The Male God”.

Translator - ဂွေ့
(၃၄) ဉီးနှောက်ကိုခိုးယူ(ဒုတိယပိုင်း)
ကျောင်းအုပ်ရုံးခန်း
“ကျောင်းသားမုန့်ရှင်း...မနေ့ကမင်းလုပ်လိုက်တဲ့အပြုအမူက အရမ်းအန္တရာယ်များလွန်းတယ်။ မင်းခုန်ချလိုက်ရင် အဲ့အောက်က လူတစ်ယောက်ယောက်ကိုထိခိုက်သွားနိုင်တယ်ဆိုတာရော တွေးမိရဲ့လား?”
ကျောငိးအုပ်က စားပွဲကိုလက်ဖြင့်ရိုက်လိုက်ပြီး သူ့မျက်နှာက ဒေါသအပြည့်ဖြင့်ပြောသည်။

မုန်ရှင်းကတော့ခေါင်းငုံ့ရင်း ရပ်နေကာဘာမှမပြော။

သူ အစကတည်းက ထောင့်နေရာကိုတွက်ထားခဲ့ပြီးသား။ သူ ဘယ်သူ့ကိုမှထိခိုက်စေမှာမဟုတ်။ အများဆုံး သူသေသွားတာပဲ ဖြစ်နိုင်သည်။

ဒါကိုပြောဖို့လည်းမလိုတော့ပါဘူး။ သူဘာပြောပြော ဘယ်သူကမှ ယုံမှာမဟုတ်ဘူးလေ။

“မင်းက ထူးချွန်တဲ့ကလေးပါ။ မင်းရဲ့အရည်အချင်းကိုယုံကြည်လို့လည်းမင်းကိုခြွင်းချက်အနေနဲ့ထားပြီး လက်ခံခဲ့တာ။ လေးနှစ်လုံးမင်းရဲ့ ကျောင်းပညာအရည်အချင်းက အရမ်းကိုကောင်းခဲ့တယ်။ မင်းမိသားစုငွေကြေးမတတ်နိုင်တာသိလို့ ငါတို့ ပညာသင်စုတောင်ပေးခဲ့တာ။ မင်းက ပညာသင်ဆုကို မင်းအရည်အချင်းနဲ့ရခဲ့တာ”
ကျောင်းအုပ်က သက်ပြင်းချ၏။
“ဒါမျိုးတွေဖြစ်ပြီးတော့ ငါတို့လည်းအရမ်းစိတ်ညစ်ပြီးမင်းကိုလည်း သနားပါတယ်။ မင်းဆရာတွေလည်း မင်းကိုအရမ်းစိတ်ပျက်နေကြတယ်။ ဒါပေမယ့်ငါတို့မင်းကိုအခွင့်အရေးပေးတဲ့အနေနဲ့ မင်းကိုတိုက်ရိုက်တော့ကျောင်းမထုတ်ဘူး”

“လွန်ခဲ့တဲ့ ကျောင်းမှာဆွေးနွေးပွဲက မင်းကိုဖိအားတွေအများကြီးပေးခဲ့တယ်ဆိုတယ်။ ဒါပေမယ့် လူတွေက ကိုယ့်အမှားရဲ့ နောက်ဆက်တွဲကိုတော့ လက်ခံရမယ်။ မင်းမလုပ်ခဲ့ဘူးဆိုရင် မင်းကိုကျောင်းသားတွေက ဝေဖန်စရာအကြောင်းမရှိဘူး။”
ကျောင်းအုပ်ကြီးကို်ယ်တိုင်ကလည်း ဒီလိုကူးချခြင်းမျိုးကိုလက်မခံပေ။ မုန့်ရှင်း၏အပြုအမူက သူ့ကိုကျောင်းထုတ်ဖို့လုံလောက်သော်လည်း ကျောင်းအုပ်က အရည်အချင်းကိုတန်ဖိုးထားသူမို့ မုန့်ရှင်းတစ်ယောက်လမ်းမှာလိုက်သည်ဟု ယူဆကာ သူ့အမှားကိုပြင်ဆင်ရန်အခွင့်အေပေးဖြင်းဖြစ်သည်။

မုန့်ရှင်းက သူ့အမှားသူ နားမလည်ဘဲ ၀န်ခံဖို့ငြင်း၊ တောင်းပန်ဖို့ငြင်းပြီး လူသနားအောင် သတ်သေတာပင်လုပ်ပြလိုက်သေးသည်။

အတော်လွန် အတော်ခေါင်းမာပြီး ယုတ်ညံ့သောစိတ်ဓာတ်ပင်။ ဒီလိုအရည်အချင်းနှင့်လူမျိုးကိုတော့ ဘယ်လောက်တော်တော် စာဆက်လေ့လာခွင့်မပေးနိုင်ပေ။

မုန့်ရှင်းကတော့ တူညီသောစကားကိုပဲပြောနေဆဲ။
“ကျွန်တော် မလုပ်ခဲ့ပါဘူး”

ကျောင်းအုပ်ကြီးမျက်နှာက စိတ်ပျက်တာရော စိတ်မောတာရော ရောနေသည်။

“ရစ်ဝဲနေသော မြတ်နိုးမှုလေး ကို ထုတ်တဲ့အချိန်က မင်းဖန်တီးထားတဲ့အချိန်ထက်ကိုစောတယ်ကွ။ ဘယ်လောက်ပဲ တိုက်ဆိုင်ပါတယ်ပြောပြော အစကနေအဆုံးထိ နုတ်တွေကအစ သည်၏ မရွေးတူတာကတော့မဖြစ်နိုင်ဘူး။ မုန့်ရှင်း ငါက သေချာနေပြီးသားကိစ္စပဲ။ မင်း၀န်မခံချင်လို့မရဘူး”

“ပထမဆုံးအနေနဲ့ လူကောင်းတစ်ယောက်ဖြစ်အောင်သင်ယူပါဉီး ပြီးမှ ဂီတကိုဆက်သင်။”
ကျောင်းအုပ်က အသက်ရှည်ရှည်ရှူသွင်းလိုက်သည်။
“မင်းရဲ့စိတ်အခြေအနေက ကျောင်းမှာဆက်ပြီးစာသင်ဖို့ မသင့်တော်ဘူး။ ဒီပတ်၀န်းကျင်ကို ထားခဲ့ပါတော့။ မင်းရဲ့စိတ်ကိုချိန်ညှိနိုင်ပြီး ကိုယ့်အမှားကိုယ်သိဖို့မျှော်လင့်ပါတယ်”

“ကျောင်းသားမုန့်ရှင်း....”
တစ်ချိန်က သူအံ့အားသင့်ခဲ့ရသော ဉာဏ်ကြီးရှင်ကျောင်းသားကို ကြည့်ရင်း မျက်လုံးများကို ခါးသီးစွာမှိတ်လိုက်သည်။
“မင်းကျောင်းထွက်လိုက်ပါ။ အဆောင်မှာတော့ သုံးရက်ဆက်နေခွင့်ပေးမယ်။ အဲ့ဒါကိုသုံးပြီး အိမ္ရှာပေါ့။ မင်းပစ္စည်းတွေသိမ်းပြီး ထွက်သွားတော့။”

မုန့်ရှင်းက ခေါင်းငိုက်စိုက်ပြီး တံခါးအပြင်သို့သွားလိုက်သည်။

“ဆရာ့ရဲ့ကြင်နာမှုကို ကျေးဇူးတင်ပါတယ်။”
မုန့်ရှင်းက တံခါးရှေ့တွင်ရပ်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
“ကျွန်တော်ဆရာ စိတ်ပျက်အောင်ဘာမှမလုပ်ခဲ့ပါဘူး”


သူပြောပြီးတာနှင့်ခပ်မြန်မြန်ပဲထွက်သွားတော့သည်။

မုန့်ရှင်းက သူ့အဆောင်ကိုမပြန်ဘဲ သူ့ကိုယ်ပိုင် စန္ဒယားခန်းထဲသို့ဝင်လိုက်သည်။ အခန်းနံရံက လျှပ်စစ်နာရီမှ လက်တံများက ဂဏန်းများကြား ခုန်ကနေကြသည်။ သူ စန္ဒယားအဖုံးကိုဖွင့်ပြီး သူ့လက်ချောင်းများက စန္ဒယားခလုတ်များအပေါ်သို့ စက္ကန့်မျှ တို့ထိပြီးနောက် စိတ်ခံစားမှုကိုဖြစ်စေသည့် သီချင်းတစ်ပိုင်းတစ်စထွက်ပေါ်လာတော့သည်။

သူတစ်ချိန်လုံး ဘာခံစားချက်မှမရှိသည့်အတို်င်းတည်ငြိမ်နေသော်လည်း သူ့လက်ချောင်းတွေအောက်မှထွက်ပေါ်လာသည့် သံစဉ္ တွေကတော့ ကြမ်းတမ်းကာ သူ့ခံစားချက်တွေကို ဖော်ပြနေသလိုပင်။

စိတ်ဓာတ်ကျ၊ မှားယွင်း၊ အထီးကျန်၊ ဆုံးရှုံး၊ အထင်လွဲခံရ....

၀မ်းနည်းမှုတို့ပြည့်နှက်နေသည်။

ပြောစကားများနှင့် အရေးစာလုံးများကခံစားချက်များကို ဖော်ပြနိုင်စွမ်းမရှိတော့သည့်အချိန်တွင် ဘုရားသခင်က လူသားတွေကို ဂီတအားချီးမြှင့်တော်မူခဲ့သည်။

အပြင်မှာ ငြိမ်ငြိမ်လေးရပ်ပြီးနားထောင်နေသည့် ချီပိုင်ချာသည်ပင် စန္ဒယားသံစဉ္တို့၏ရိုက်ခတ်ခြင်းကိုခံရကာ တည်ငြိမ်နေသော ရေလိုလူကိုပင် ဝဲဂယက်တွေထစေသည်။

ဒီလိုခံစားချက်နှင့်ဘယ်သူမဆို လွတ်မြောက်နိုင်မှာမဟုတ်။

မုန့်ရှင်း၏ ဖျော်ဖြေမှုက သူ့စိတ်ကျဝေဒနာကို ဖော်ပြခြင်းတစ်ပိုင်းတစ်စပင်။

သို့သော်လည်း သူက ကမ္ဘာ့အဆင့်မှီသည့်အနေအထားတစ်ခုကိုပင်ရောက်နေခဲ့ပြီးပြီ။

ဒါကိုလူတွေကြားကြလျှင် ချီးကျူးထောပနာအပြုခံရမှာ ကျိန်းသေသည်။

သို့သော်အခုတော့ ချီပိုင်ချာတစ်ယောက်တည်းသာ ပြတင်းပေါက်အပြင်မှ နားဆင်နေရသည်။

နတ်ဘုရားက သူ့နှလုံးသားထဲက အသံကို ကြားသွားလေပြီ။

ဒီကလေးမျိုးက သေချာပေါက်ဉာဏ်ကြီးရှင်ဟု ခေါ်ရမည်။ ထို့အပြင် ဉာဏ်ကြီးရှင်တစ်ယောက်က တကယ့်သူခိုးကြောင့် ပျက်စီးရခြင်းမဖြစ်သင့်ပေ။

ချီပိုင်ချာက သူ့ဖုန်းဖြင့် အသံဖမ်းထားလိုက်၏။

အထဲမှာတော့ စန္ဒယားတီးပြီးသွားသည့် မုန့်ရှင်းက စန္ဒယားပေါ်တွင်မှောက်အိပ်ကာ မနေနိုင်တော့သည့်အဆုံးသည်းထန်စွာငိုကြွေးတော့သည်။

ကြည့်ကောင်းသောကောင်လေး၏မျက်လုံးများက ငိုကြွေးထားသောေကြာင့်နီရဲနေသည်။ သူပင့်သက်ရှိုက်ရင်း လက်တွေစန္ဒယားခလုတ်တွေပေါ်တွင် တုန်ရီနေပုံက သနားစရာ။

ချီပိုင်ချာ တိတ်ဆိတ်စွာလျှောက်လာလိုက်ရင်းကောင်လေးကိုတစ်ရှူးကမ်းပေးလိုက်သည်။

မုန့်ရှင်းကြောင်သွားကာ သူ့လက်တွေနှင့် မျက်ရည်တွေကို သုတ်ပစ်လိုက်ပြီးစန္ဒယားအဖုံးကိုပိတ်ကာ ထွက်သွားဖို့ပြင်လိုက်သည်။

ဒီကလေးက သီးသန့်နေတတ်သူဖြစ်ကာ လူလည်းကြောက်တတ်သည်။ သူဘယ်သူနှင့်မှ အဆက်အဆံမလုပ်ချင်သလို သူ့ရှက်စရာအသွင်ပြင်ကိုလည်းမမြင်စေချင်။

“မုန့်ရှင်း မင်းမခိုးခဲ့ဘူးဆိုတာ ငါသိတယ်”
ချီပိုင်ချာကပြောလိုက်သည်။

မုန့်ရှင်းခြေလှမ်းတွေရပ်သွားသည်။

သူချီပိုင်ချာကိုလှမ်းကြည့်ကာ တိုးညှင်းစွာပြောလိုက်သည်။
“ခင်ဗျားဘာပြောလိုက်တာလဲ?”

“ငါပြောတာက ချင်ယိရုံက မင်းဟာကို ကူးချတာလို့”

မုန့်ရှင်က ခေါင်းကိုယမ်းလိုက်သည်။
“မဖြစ်နိုင်ပါဘူး။ သူက ကျွန်တော့်ထက်တောင်စောပြီး သီချင်းကိုထုတ်ထားတာ။ ဒါ တိုက်ဆိုင်တာနေမှာပါ”

သူက သီချင်းဖန်တီးတိုင်း အခန်းတံခါးပိတ်နေတတ်ကာ ပတ်၀န်းကျင်ကိုဂရုမစိုက်သည်မို့ ရစ်၀ဲနေသောမြတ်နိုးမှုလေး ကို ထိုအချိန်က ထုတ်လိုက်ပြီး တစ်နိုင်ငံလုံးအောင်မြင်နေသည်ကို သူမသိပေ။ သူရေးထားသည့်သီချင်းနှင့် တစ်ထပ်တည်းတူနေတာကိုလည်းသူမသိ။

သို့သော် သီအိုရီတွေအရတော့ သူရော ချင်ယိရုံရော တစ်ယောက်၏ သီချင်းစာရွက်ကိုတစ်ယောက်မြင်နိုင်သည့်အခွင့်အရေးမှမရှိခဲ့တာ။ ဘယ်လိုလုပ်တခြားသူက သူ့ကိုကူးချမလဲ?

“ဘယ်လိုလုပ်တိုက်ဆိုင်တာဖြစ်ပါ့မလဲ”
ချီပိုင်ချာက ပြုံးနေသော်ငြား သူ့မျက်လုံးထဲတွင် နွေးထွေးမှု မပါဝင်။

ဖျော်ဖြေရေးနယ်ပယ်တွင် singer-backerဟူသော systemတစ်မျိုးရှိသည်။ ထိုအရာက များစွာသော ကမ္ဘာများဆီက တစ်စုံတစ်ယောက်ဖန်တီးထားသော ကောင်းမွန်ထူးချွန်သည့်အနုပညာလက်ရာများ၊ တူညီသော ကမ္ဘာထဲက မထုတ်ဖော်ရသေးသည့် အနုပညာလက်ရာများကို ခိုးကာ မူလပိုင်ရှင် မဖြန့်ေ၀ရသေးခင်မှာပင် အစောကြီးဖြန့်ဝေလိုက်ပြီး system၏ hostက အထွပ်အထိပ်သို့ရောက်ရှိသွားသည်။

ချင်ယိရုံ၏ ပြောင်းလဲသွားသော ဂီတပုံစံနှင့် သူမနာမည်ကြီးလာသော အရှိန်ကိုကြည့်လျှင် သူမလက်ထဲတွင် ထိုsystemရှိနေတာကို ချီပိုင်ချာသိလိုက်သည် သူမ၏ အသံတွေ အသားအရည်တွေကိုတောင် systemနှင့် လဲလှယ်ထားနိုင်သေးသည်။ ထို့ကြောင့် တကယ့်sirenတစ်ကောင်ဖြစ်သော ယုယင်၏ သဘာ၀အတိုင်းဖြစ်သော အသံနှင့် ယှဉ္နရအောင်ကွာခြားလွန်းနေခြင်းဖြစ်သည်။

သူမကို systemဆီမှ ဖယ်ထုတ်တာနှင့်မလုံလောက်။ system ပိုင်ရှင် ပြောင်းလဲမှုကြောင့်မတရားခံခဲ့ရသော မုန့်ရှင်းအတွက် တရားမျှတမှုကိုပြန်ရှာပေးကာ သူ့ဟာကို ပြန်ပေးရမည်။

Systemတွေက သဘာ၀လွန်တွေဖြစ်တာမို့ ခြေရာလက်ရာမပျက် လုပ်နိုင်ကာ တခြားကမ္ဘာတွေက အနုပညာတွေဆိုလျှင်နောက်ကြောင်းပင် ပြန်မလိုက်နိုင်တော့ပေ။ လူသားတွေမှာ ဖြူစင်မှုကို သက်သေပြစရာမရှိသလို မုန့်ရှင်းကိုယ်တိုင်ပင် သူ့ကိုယ်သူနားမလည်တော့။

သို့သော်ဒါကပြဿနာမဟုတ်ပေ။ နတ်ဘုရား၏ တာ၀န်သာဖြစ်သည်။

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now