အပိုင်းနှစ်ဆယ့်တစ်

1.5K 292 1
                                    

Burmese Translation of "After Marrying The Male God".

Translator - ဂွေ့

(၂၁) စုံစမ်း
_____________________

နှင်းနတ်ဘုရား အချိန်အတော်ကြာရှာခဲ့သည်။

**********

နဂါးမျက်လုံးတစ်ခုတည်းကိုသူယူထားရတာ ထူးဆန်းသည်ဟုတော့ သူထင်ခဲ့သည်။ သို့သော် သူ့အသက်သခင်က ထိန်းသိမ်းထားဖို့အကျိုးအကြောင်းပြောပြခဲ့သည်မို့ လွှင့်ပစ်လို့တော့မရပေ။

သူ နဂါးပုလဲကို နေရောင်အောက်တွင် ကြည့်ရှုလိုက်တော့ အတော်လေးလှပတာကိုတွေ့လိုက်ရသည်။ ပထမဆုံးအကြိမ် နဂါးကိုနှိမ်နင်းဖူးသည်မို့ ထူးခြားသည်ဟု ယူဆကာ ရတနာတစ်ပါးကဲ့သို့ ထိန်းသိမ်းထားလိုက်တော့သည်။
နိုးလာပြီးနောက်ပိုင်း တခြားနတ်ဘုရားတစ်ပါးကိုတွေ့ရတာပထမဆုံးမို့ သူဘယ်သူမှန်း သူမသိခဲ့ပေ။ အိပ်လည်းမအိပ်ချင်တော့သည်မို့ နှင်းနတ်ဘုရားတစ်ယောက် နှင်းတောင်တွေကနေ ထွက်ခွာလာခဲ့ပြီး အပြင်လောကတွင် နတ်ဘုရားတွေအများကြီးနှင့် သိကျွမ်းခဲ့သည်။
လေနတ်ဘုရား မိုးနတ်ဘုရား မိုးကြိုးနတ်ဘုရား ပန်းနတ်ဘုရား စသဖြင့် သူတို့က အရောင်စုံသော ဝတ်ရုံများကိုဝတ်ဆင်ကြပြီး တစ်ခုစီကလည်းအလွန်လှပသည္။

သဘာ၀နတ်ဘုရားတွေအများကြီးရှိသော်လည်း ထိုနေ့က သူ့ကိုကယ်ခဲ့သည့် ၀တ်ရုံနက်နှင့် နတ်ဘုရားကိုတော့ မတွေ့ခဲ့ပေ။

သူ့သူငယ်ချင်းတွေကို သူမေးကြည့်သော်လည်း အဲ့လိုပုံသဏ္ဍာန်နှင့်နတ်ဘုရားမျိုးကို မတွေ့ဖူးကြဘူးတဲ့။

ကြည့်ရတာ ၀တ်ရုံနက်နှင့် နတ်ဘုရားသည် ဤကမ္ဘာတွင်ရှိပုံမပေါ်။

နှင်းနတ်ဘုရားအချိန်အတော်ကြာရှာခဲ့သော်လည်း ဘယ်တော့မှရှာမတွေ့ခဲ့။

ယနေ့အချိန်အထိပေါ့။

"မစ္စတာချီ....မစ္စတာချီ?"

ချီပိုင်ချာမော့ကြည့်လိုက်သည်။
"ဟင်?"

သူ့ရှေ့တွင်ရှိနေသည်က အခန်းသုံးနှင့်လေးတွင် သမိုင်းသင်သော တွဲဖက်ဆရာတစ်ယောက်။ မျိုးရိုးနာမည်မှာ တန်းဖြစ်ကာ ပုံမှန်တက္ကသိုလ်တစ်ခုတွင် ဘွဲ့ရခဲ့ပြီးအလုပ်လုပ်တာ မကြာသေးပေ။ လက်လည်မထပ်ရသေးသလို နာမည်ကြီးမင်းသမီး ဖန်းယာအာကို အလွန်အမင်းစွဲလမ်းနေသူဖြစ်သည်။

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now