အပိုင်းသုံးဆယ့်လေး

1.1K 221 1
                                    

၃၄) ဉီးနှောက်ကိုခိုးယူ(ပထမပိုင်း)
Burmese Translation of "After Marrying The Male God".
"ငါမလုပ်ခဲ့ဘူး"
_________

ချီပိုင်ချာက သူ့ဖုန်းကိုထုတ်ကာ တည်နေရာပြAppကိုဖွင့်လိုက်သည်.

ပြည်သူ့ဆေးရုံနှင့် ဂီတကျောင်းက ဆန့်ကျင်ဖက်နေရာတစ်ခုဆီမှာရှနေတာဖြစ်သည်။ အကွာအဝေးပြဿနာက စိတ်စွမ်းအင်ဖြင့်တန်းရောက်နိုင်သော်လည်း မစ္စတာဖူက ရေချိုးတာသိပ်ကြာသည့်သူမဟုတ်တော့ သူ့အတွက်သွားစရာက တစ်နေရာပဲရမည်။

ဖန်းယာအာ ထိခိုက်မိသည့်သတင်းက ဟိုးလေးတကြော်ဖြစ်နေပြီ။တိုင်းပြည်နတ်ဘုရားမဆိုးသော ဂုဏ်ပုဒ်က သွားအထင်သေးလို့တော့မရ။ တစ်ခုခုနှင့်တိုက်မိတာကအစ သတင်းဖြစ်နေသည်။

programအဖွဲ့၏ နောက်က PR (ဆက်ဆံရေး) teamနှင့် ဖန်းယာအာ၏ PR teamကလည်း အတော်လေးကိုမြန်သည်။ သူမ အကြာကြီးလဲကျသွားတာမဟုတ်တာတောင် သတင်းက နေရာတကာတိုင်းကိုပျံ့နေလေပြီ။ ကြည့်ရတာ သူတို့လည်း ချွေ့ဟောင်၏ အဖွဲ့နှင့်ညှိပြီးလောက်ပြီ။ ကြေညာချက်တွင် ပြုတ်ကျရသည့်အကြောင်းအရင်းမှာ ချွေ့ဟောင်ကြောင့်ဆိုတာမပါဘဲ ရိုက်ကူးရေးတွင် မတော်တဆဒဏ်ရာရခြင်းဟုသာ ဖော်ပြထားခဲ့သည်။

ထိုသတင်းက ဖန်းယာအာ အိမ်တော်တစ်ခုထဲဝင်သွားပြီးထွက်လာသည့်အကြောင်းကိုပါဖုံးအုပ်သွားသည်။ မနေ့ကပဲ ဖန်းယာအာ၏ စိတ်၏စိတ်ဓာတ်ကို မေးခွန်းထုတ်နေခဲ့ကြရာမှ ယနေ့တွင်တော့ ဖန်းယာအာ၏ ဝေ့ပေါ်တွင် နောင်တများ၊ စိတ်မကောင်းခြင်းများနှင့်သာပြည့်နှက်နေခဲ့သည်။ လက်မလျှော့နိုင်သေးသည့် antiများရှိနေသေးလျှင်လည်း သူတို့လည်းသေချာပေါက် fanတွေကင်တာ ခံရမှာဖြစ်သည်။

ဖန်းယာအာက သူမ၏ ဒဏ်ရာရသည့်သတင်းကိုသုံးပြီး သူမ၏ ကောလဟာလကိုဖံူးသလို programအဖွဲ့ကလည်း ထိုသတင်းကိုသုံးပြီး အစီအစဉ္ကိုလူသိများအောင်လုပ်သည်။ မတော်တဆမှုတစ်ခုကနေ ၂ဉီး၂ဖက်အမြတ်ရသည့်အေခြအနေကုိပြောင်းသွားသည်။

သူတို့အကုန် ရုပ်ရှင်လောက၏ အစိတ်အပိုင်းတစ်ခုဖြစ်ဖို့ထိုက်တန်ကြသည်။ တုန့်ပြန်မှုမြန်ဆန်ကာ ခေါင်းမာသူတစ်ယောက်မှမပါ။

ဆေးရုံတွင် သတင်းသမားအုပ်ကြီးက ဖန်းယာအာ၏ အခြေအနေကိုပထမဆုံးသတင်းယူဖို့စောင့်နေကြလောက်သည်။ ဆေးရုံဝင်းတစ်ခုလုံး လူရှုပ်နေမှာပြောစရာတောင်မလို။ လှုပ်ရှားဖု့ိမသင့်တော်ပေ။

Sမြို့၏ ဂီတကျောင်းကိုအရင်သွားတာ ကောင်းလိမ့်မည်။
မနေ့က အဆောက်အဉီးပေါ်မှခုန်ချသည့်ကလေးကို ကယ်ထားေသာ်လည်း သူ့စိတ်အခြေအနေက စိုးရိမ်နေသေးသည်။ သူသွားစစ်ဆေးမှဖြစ်မည်။
သူ့ဉီးတည်ရာနေရာကိုဆုံးဖြတ်ပြီးတော့ Sမြို့ ဂီတကျောင်းထဲသို့ မျက်စိတစ်မှိတ်အတွင်းမှာပင်ရောက်သွားပြီး သစ်ပင်ကြီးတစ်ပင်နောက်တွင်ပုန်းကွယ်နေလိုက်သည်။

ထိုနေရာက တရုတ်တွင်အကောင်းဆုံး ဂီတကျောင်းဖြစ်သည်။ တက္ကသိုလ်တ်ခုဖြစ်သောကြောင့် ပိတ်ရက်မှာပင်လုတွေရှိနေပြီး အများစုက ယူနီဖောင်းဝတ်မထားကြပေ။

တက္ကသိုလ်ကျောင်းအင်္ကျီတွေက အထူးပွဲရှိသည့်နေတွေလောက်သာ၀တ်ရပြီး ဘယ်ကျောင်းသားကိုမှ နေ့တိုင်းဝတ်ရန်ဖိအားပေးမထားပေ။ မုန့်ရှင်း၏ သရုပ်ကိုရဲတွေစုံစမ်းနိုင်ခဲ့ရသည့်အကြောင်းကတော့ သူ ကျောင်းဝတ်စုံကို ဝတ်ထားသောကြောင့်ပင်။
ကြည့်ရတာ မုန့်ရှင်းတွင် လဲ၀တ်စရာအင်္ကျီများများစားစားမရှိတာဖြစ်နိုင်သည်။ သူ၏ အရောင်လွင့်နေသောကျောင်းအင်္ကျီနှင့် အဝါရောင်ထနေပြီဖြစ်သော ဖိနပ်တွေက သူ့ဘ၀ခက်ခဲခဲ့ကြောင်းဖော်ပြနေကြ၏။

ချီပိုင်ချာ သစ်ပင်နောက်မှထွက်လိုက်ကာ ဂစ်တာအိတ်လွယ်ပြီးလာနေသည့် ကောင်မလေးတစ်ယောက်ရှေ့တွင်ရပ်လိုက်သည်။
"ဒီမှာဗျ"

ကောင်မလေးမော့ကြည့်လိုက်တော့ သစ်ပင်ရိပ်အောက်က ခပ်သွယ်သွယ်အမျိုးသားကိုတွေ့ပြီး မိန်းမောမိသွားသည်။

သူက အရမ်းလှလွန်းတယ်။ ဟုတ်တယ်မလား။ ဒီအနုပညာကျောင်းမှာ အချောတွေဆိုတာ ရိုက်သတ်မကုန်ပါဘူး။ ဒါပေမယ့် ဒီလူကတော့အရမ်းချောတာပဲ။ ကျောင်းမှာ ဒီလိုလူမျိုးဘယ်တုန်းကရှိလိုက်တာပါလိမ့်။ ကျောင်းidol ဖိုရမ်အဆောက်အအုံကိုရှာမတွေ့လို့များလား?
သူမ အမြန်ပဲရှေ့တိုးလိုက်သည်။
"စီနီယာ...ဘာဖြစ်လို့လဲဟင်"
ချီပိုင်ချာက လူ့လောကတွင် အသက်၂၇နှစ်သာရှိသေးသော်လည်း သူ့ပုံစံက ငယ်ရွယ်ပုံပေါက်တာမို့ တက္ကသိုလ်ထဲတွင်တော့ ဆရာအစား ကျောင်းသားဟုသာ အထင်ခံလိုက်ရသည်။ ကောင်မလေးက ချီပိုင်ချာကိုကြည့်ရင်း ရှကိမလာခင် အကြည်ကိုလွှဲလိုက်ရသည်။ သူမ ဒုတိယတစ်ခေါက်ထပ်ကြည့်မိပါက နေရာမှာတင် နှလုံးခုန်တွေမူမမှန်ဖြစ်သွားနိုင်သည်။

သူမက အမျိုးသား၏ သွယ်လျသောလက်ချောင်းဖြူများကိုကြည့်ရင်း ဒီစီနီယာက စန္ဒရားအတန်းကလားဟု တွေးနေမိသည်။

"တစ်ခုလောက်မေးချင်လို့ပါ"
ချီပိုင်ချာက ပြောလိုက်သည်။
"မုန့်ရှင်းကို သိလားဟင်"

"မုန့်ရှင်းလား?"
ကောင်မလေး အံ့သြသွားသည်။
"သူ့ကိုကျောင်းမှာ မသိတဲ့သူမရှိဘူးလေ။ တေးရေးပြိုင်ပွဲတိုင်း သူပထမရနေကျ"

မနေ့ညက ကျောင်းသားတွေဆွေးနွေးနေတာ ကြားရသလောက်တော့ မုန့်ရှင်းက နာမည်ကြီးကျောင်းသားဖြစ်ပုံရသည်။ ကောင်းသောနာမည်ကြီးခြင်းမျိုးလားဆိုတာကို သူသိချင်နေခြင်းပင်။
သေချာပေါက်ချီးကျူးသောစကားဖြစ်သော်လည်း သူမလေသံတွင် သရော်လိုဟန်ပါနေသည်။

"ပြီးတော့မနေ့က ပြဿနာအကြီးကြီးရှာထားတာ ကျောင်းအုပ်တောင်လန့်တယ်"
ကောင်မလေးကဆက်ပြောသည်။
"အကိုကြီးက ဒီကျောင်းက ဟုတ်ဘူးမလား? သူ့ကိုမသိတဲ့သူကျောင်းထဲမှာမရှိဘူး"

"သူ ဘာဖြစ်ခဲ့တာလဲ?"
ချီပိုင်ချာကမေးလိုက်သည်။
"ကိုယ်က တကယ်လည်းဒီကျောင်းကမဟုတ်ပါဘူး။ ကိုယ့်ညီမလေးကတော့ဒီကျောင်းကလေ။ သူက ကျောင်းမှာ မုန့်ရှင်းဘယ်လောက်တော်ကြောင်းခဏခဏပြောနေလို့။ သူ့ရဲ့အချစ်ကိုတားမြစ်ချင်တာမျိုးမဟုတ်ပေမယ့် အကိုကြီးတစ်ယောက်အနေနဲ့ အခြေအနေကိုသိသင့်တယ်ထင်လို့ပါ။ အဲ့ဒါမှစိတ်ချမယ်လေ"

ဘုရားရေ ညီမလေးအတွက် လာစစ်ဆေးပေးတာတဲ့။ ဒါဘယ်လို တရုတ်အကိုမျိုးလဲ?

ကောင်မလေးက သူ့ညီမလေးဆိုတာကို စိတ်ထဲက ကြိတ်မနာလိုနေမိပြီ။ ဒီလိုမျိုးချောမောခန့်ညားတဲ့ အကိုမျိုးသာ သူမဆီရှိရင် ဘယ်ယောကျာ်းလေးကိုမှချောတယ်ထင်မှာမဟုတ်တော့ဘူး။

"ဒါဆို ညီမလေးကို ဆုံးမပေတော့။ သူမုန့်ရှင်းကြောင့်မျက်ကန်းဖြစ်သွားပြီ။ မုန့်ရှင်းက အရည်အချင်းရှိပြီး ရုပ်ချောတယ်ဆိုပေမယ့် အကျင့်မကောင်းဘူး။ သူ့အရည်အချင်းဆိုတာတောင် အစစ်အမှန်ဟုတ်ရဲ့လားမသိဘူး"

"အသေးစိတ်လေးပြောပြပါလား?"

ကောင်မလေးက လက်ကိုပါးစပ်လေးနှင့်အုပ်ကာ တိုးတိုးလေးပြောသည်။
"သူ ကူးချထားတာ"

ချီပိုင်ချာ: "ဟင်?"

"တေးရေးအတန်းက စီနီယာတွေပြောတာကြားတာတော့ သူကမာနကြီးပြီး အတန်းထဲက ဘယ်သူနဲ့မှအဆက်အဆံမလုပ်ဘူးတဲ့။ ကျောင်းကအတော်များများက သူ့ကိုသည်းမခံနိုင်ကြဘူး။ ဒါပေမယ့် သူက ဉာဏ်ကြီးရှင်မို့ သူမာနကြီးတာကိုတော့နားလည်ပေးလို့ရပါတယ်" ကောင်မလေးကဆက်ပြော၏။
"အစကတော့ အဲ့လိုတွေးမိတာပေါ့နော်။ ဒါပေမယ့် သူက နောက်ဆုံးတစ်ဖြတ်တုန်းက တကယ်ကြီးကူးထားတဲ့ စာမူတွေကို အကဲဖြတ်တွေဆီပေးလိုက်တာတဲ့။ အဲ့ဒါက ကျောင်းအုပ်ကြီးရဲ့ကိစ္စဆိုပေမယ့် ကျွန်မကတော့ သည်းမခံနိုင်ဘူး...."

"ဘယ်သူ့ဆီက ကူးတာလဲ?"
ချီပိုင်ချာက မေးလိုက်သည်"

"ပြောရရင် ရီစရာကြီးပါ။ သူက ကူးတယ်ဆိုရင်တောင် မခို့တရို့လေးလုပ်သင့်တာကို။ ချင်ယိရုံနဲ့ လျိုခိုင်ရှန်းရဲ့ "ရစ်ဝဲနေသောမြတ်နိုးမှုလေး" ကို ကူးသတဲ့။ မယ်လိုဒီတစ်ပုဒ်လုံး အတိအကျပဲနော်။ အရမ်းဗြောင်ကျလွန်းတယ်။သူကဒိီလိုနာမည်ကြီးသီချင်းကိုတောင် ကူးရဲတာ ကျွန်မတို့ကို အကန်းတွေလို့ထင်နေလို့လားမသိဘူး။ ချင်ယိရုံက ရစ်ဝဲနေသောမြတ်နိုးမှုလေးကိုရေးတဲ့သူဆိုတာ မသိတဲ့သူမရှိဘူး။ အဲ့ဒါကိုသူက အခုထိ သူရေးတာပါလို့ပဲငြင်းနေတာ။ လုပ်ကျလုပ်ရဲပြီး တာ၀န်ကျမယူရဲဘူး။ လူတွေက သူ့ကိုအထင်သေးသွားကြတာပဲရှိတာ" ကောင်မလေးက ခေါင်းကိုယမ်း၏။
"မနေ့ကလည်း သတ်သေမယ်တကဲကဲ လုပ်သေးတယ်တဲ့။ ဒရမ်မာတွေများလိုက်တာ။ သူကအခု ကျောင်းမှာ ရီစရာကြီးဖြစ်နေပြီ။"

ချီပိုင်ချာက ခေါင်းကိုငြိမ့်လိုက်သည်။
"ကျေးဇူးနော်"
မေးမြန်းပြီးတာနဲ့ သူသွားချင်နေပြီလေ။

"ဟေး အကိုကြီး...အကိုကြီးညီမ နာမည်လေးနဲ့ ဘယ်ဌာနကလဲပြောသွားဉီးလေ။ အဲ့ဒါဆို သူ့ကိုညီမ ကျောင်းမှာစောင့်ရှောက်ထားပေးလို့ရတယ်။ အဲ့လိုလူမျိုးကကြိုက်ဖို့မတန်ပါဘူး။"
ကောင်မလေးက ပြောလိုက်သည်။
"ညီမတို့ we chatဒါမှမဟုတ် ဖုန်းနံပါတ်လဲကြမလား?"

သူမနည်းနည်းစိတ်လှုပ်ရှားနေသညိ။ ပထမဆုံးစကားပြောဖူးတဲ့သူအတိုင်း။ ချီပိုင်ချာ၏ချောမောလွန်းသောရုပ်ရည်ကြောင့်သာမဟုတ်ရင် သူမဒီလောက်အများကြီးပြောမိမှာမဟုတ်ပေ။
ချီပိုင်ချာကတော့ ယဉ္ကျေးစွာပင် ပြုံးလိုက်သည်။
"အခု ညီမလေးကိုသွားကြိုမလို့ပါ။ ကံမကုန်ရင်တော့ ပြန်ဆုံကြတာပေါ့"
"ဟုတ်ကဲ့"
ကောင်မလေးက စိတ်ပျက်စွာဖုန်းကိုချလိုက်သည်။

ရုပ်ချောတဲ့ကောင်လေးတွေကို ဖြတ်သွားဖြတ်လာပဲ တွေ့နိုင်တာပါလား.....

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now