အပိုင်းလေးဆယ့်နှစ်

1.1K 252 8
                                    

Burmese Translation of “After Marrying The Male God”.

Translator – ScartletAnemone
-----------

အပိုင်း 42- နတ်ဘုရားအမြူတေ
--------

“ မစ္စတာ… နာတယ်…”

-----------
သူ့ကိုပြန်ဖြေလာတာကတော့ ရေခဲဓားသွား၏အညှာအတာမရှိ‌သော တိုက်ခိုက်မှုပင်ဖြစ်ချေ၏။

Pascalက အလျင်အမြန်ပင် လှုပ်ရှားလိုက်ပြီးတော့ ထိုတိုက်ခိုက်မှုကို ရှောင်လိုက်သည်။ ရေခဲဓားသွားက သူ့အနောက်မှာရှိသော ကုလားထိုင်ထဲကို စိုက်ဝင်သွားခဲ့သည်။

ရွေဖြင့်ပြုလုပ်ထားခဲ့သော ကုလားထိုင်တစ်လုံးလုံးကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေခဲ့သည်။

“ဝိုး” Pascal က လက်ခုပ်တီးပြီးတော့ အံ့ဩတကြီး ချီးကျူးလိုက်သည်။

“မဆိုးဘူးပဲ”

နှင်းက နူးညံ့ပြီးတော့ ထိရှလွယ်၏၊ ထိလိုက်ရုံနှင့်တင်ကို အရည်ပျော်တတ်သည်။ သို့စေကာမူ ရေခဲအဖြစ်ပြောင်းသွားချိန်မှာတော့  ပြင်းပြင်းထန်ထန် တိုက်ခိုက်တတ်၏။

အဲတာတွေအကုန်လုံးက Pascalရဲ့မျက်လုံးထဲမှာ ကလေးကစားသလို ဖြစ်နေပေမယ့်လည်းပေါ့။

ချီပိုင်ချာက နဂိုတုန်းက သူတို့အနောက်ကို စုံစမ်းဖို့ရာအတွက် လိုက်လာခဲ့တာဖြစ်ပြီး၊ ဖြေရှင်းလို့ရသည့်ကိစ္စဆိုလျှင် တစ်ခါတည်းနှင့် ဖြေရှင်းခဲ့ဖို့ဖြစ်သည်။ သူ့အစွမ်းအစနှင့်ဆိုလျှင် 99%သော အခြေအနေတွေကို ဘာပြဿနာမှမရှိဘဲ ဖြေရှင်းလို့ရ၏။

သူအခုကြုံတွေ့နေရတဲ့ အခြေအနေက ကျန်နေတဲ့ 1%ပင်။

သူဒီစံအိမ်ကြီးထဲကို ခြေချပြီးသည့်နောက်မှ ကမ္ဘာနံပါတ် 108က နတ်ဘုရား၏မတ်ဆေ့ကို ရခဲ့တာဖြစ်သည်။ တစ်ဖက်လူက သူတို့၏ဒိုင်မန်းရှင်းရှိ နတ်ဆိုးဘုရင် Pascal က ငရဲ၏အက်ကြောင်းကနေ တစ်ဆင့်ဖြတ်ပြီးတော့ သူ့ရဲ့ပိုင်နက်ထဲကို ကျုးကျော်ဝင်ရောက်သွားကြောင်း သတိပေးလာခဲ့ပြီး‌တော့၊ Pascal၏ အချက်အလက်တွေနှင့် အားနည်းချက်တွေကိုပင် စဉ်းစားပေးသည့်အနေဖြင့် ‌ပြောပြလာခဲ့သေးသည်။

သူဘာမှကိုမပြောခဲ့သလို ဖြစ်နေပေမယ့်လည်းပေါ့။

ဘာလို့လဲဆိုတော့ သူ့ကို ချီပိုင်ချာ လုံးဝအနိုင်မတိုက်နိုင်လို့လေ။

ဤကမ္ဘာက စကြဝဌာထဲမှာ အရမ်းကိုငယ်ရွယ်သေးပြီးတော့၊ ဒိုင်မန်းရှင်းကလည်း အသစ်ဖြစ်ကာ၊ ကမ္ဘာရှိနတ်ဘုရားတွေ၏ သတ်တမ်းကလည်း ကမ္ဘာ၏သတ်တမ်းကို ကျော်လွန်လို့မရပေ။ Pascal၏ကမ္ဘာက ဤကမ္ဘာကြီးထက် အများကြီး အများကြီးကို စောပြီးတော့ တည်ရှိခဲ့တာပင်။

သူတို့ကမ္ဘာနှစ်ခု၏ကြားမှာ အချိန်ကွာဟချက်က သန်းနှင့်ချီပြီးတော့ရှိကာ၊ Pascalကလည်း သူ၏‌လောကနှင့်တစ်ပါးတည်း မွေးဖွားလာခဲ့တာဖြစ်သည်။
ဤလောက၏စွမ်းအင်က သန့်စင်သောချီနှင့်ညစ်ညမ်းသောချီကနေပြီးတော့ ပေါ်ပေါက်လာခဲ့သလိုပဲ၊ ကမ္ဘာနံပါတ် 108၏စွမ်းအင်က အလင်းနှင့်အမှောင်ကနေပြီးတော့ ပေါ်ပေါက်လာခဲ့တာပင်။

ဤလောကကြီးမှာ သန့်စင်သောချီနှင့် ညစ်ညမ်းသောချီ‌ နှစ်ခုစလုံးကနေပြီးတော့ နတ်ဘုရားတွေအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသော်လည်း၊ ကမ္ဘာနံပါတ် 108၏လောကစည်းမျဉ်းက ပိုပြီးတော့ရက်စက်၏၊ အလင်းနှင့်အမှောင် နှစ်ခုစလုံးကနေပြီးတော့ နတ်ဘုရားတစ်ပါးတည်းသာ မွေးဖွားနိုင်ခွင့်ရှိသည်ဟု ပြဌာန်းထားခဲ့သည်။

အဆုံးမှာတော့ အလင်းကအမှောင်ကို အနိုင်ယူနိုင်ခဲ့ပြီး၊ နတ်ဘုရားအမြူတေကို ရကာ၊ လောကကြီး၏ ဂုဏ်သရေရှိသော နတ်ဘုရား Hermannဖြစ်လာခဲ့သည်။ အမှောင်က အနည်းငယ်မျှ အင်အားနည်းခဲ့တာကြောင့်၊ နတ်ဘုရားအမြူတေကို ရနိုင်ခွင့် ဆုံးရှုံးခဲ့ရပြီးတော့၊ ငရဲမှာအဖိနှိပ်ခံခဲ့ရကာ၊ နတ်ဆိုးဘုရင် Pascal ဖြစ်လာခဲ့သည်။
သူက နတ်ဘုရားအငယ်ဖြစ်ဆဲဖြစ်ပြီး နတ်ဘုရားအစစ်နီးပါး စွမ်းအင်တွေကို ပိုင်ဆိုင်ထားဆဲဖြစ်ကာ၊ တကယ့်အစစ်အမှန် နတ်ဘုရားဖြစ်လာဖို့ရန်အတွက် အမြူတေ‌လေးသာ လိုအပ်နေတာပင်။

Hermannတောင်မှပဲ သူ့ရဲ့နတ်ဘုရားစွမ်းအင် တစ်ဝက်နီးပါးကိုသုံးပြီးတော့မှ Pascalကို ခက်ခက်ခဲခဲ ဖိနှိပ်နိုင်ခဲ့ပြီး၊ သေဆုံးသွားအောင် မသတ်နိုင်ခဲ့ချေ။ သူ့ဒူးခေါင်းနှင့်တွေးကြည့်ရင်တောင်မှပဲ ချီပိုင်ချာတစ်ယောက် နိုင်ဖို့အခွင့်အရေးမရှိမှန်း သိသာနေခဲ့သည်။ နှင်းနတ်ဘုရား၏သတ်တမ်းက Pascal၏သတ်တမ်းနှင့် ယှဉ်လို့တောင်မရပေ။ ဘယ်လိုပဲဖြစ်နေပါစေ သူက နတ်ဆိုးဘုရင်၏ပြိုင်ဘက်တော့ လုံးဝမဟုတ်ပေ။

Hermannက နတ်ဘုရားဖြစ်တာကြောင့်၊ ကမ္ဘာတွေကို ဖြတ်ကျော်ပြီးတော့ Pascal ကိုလိုက်ဖမ်းပြီး ပြန်ခေါ်သွားဖို့ဆိုတာ မဖြစ်နိုင်ပေ။ နတ်ဘုရားတွေ ဒိုင်မန်ရှင်းနယ်အပေါက်တွေကို ဖြတ်ကျော်လိုက်ပါက ကမ္ဘာနှစ်ခုစလုံးကို ပြိုလဲသွားနိုင်စေသည်။ နတ်ဘုရားတွေ၏အုပ်ချုပ်သူအရှင်ကလွဲလို့ ကျန်တဲ့နတ်ဘုရားတွေက လေဟာနယ်ကို သူတို့၏လက်ချည်းသက်သက်ဖြင့် ချိုးဖျက်ဖို့ဆိုတာမဖြစ်နိုင်ပေ။ Hermann က ဤကမ္ဘာမှာရှိသည့် နတ်ဘုရားတွေကို Pascal၏အားနည်းချက်ကို ပြောပြပေးရုံသာ တတ်နိုင်ခဲ့သည်။ Pascal၏ခန္ဓာကိုယ်ကို အမှောင်ထုဖြင့် ဖန်တီးထားခဲ့တာဖြစ်ပြီး၊ သူ့ကိုထိန်းချုပ်နိုင်သည့် တစ်ခုတည်းသောအရာက အလင်းသာဖြစ်ပြီး၊ ထိုသို့မဟုတ်ပါက  ပိုပြီးတော့ နတ်ဆိုးဆန်သော အမှောင်ထုသာဖြစ်နိုင်လိမ့်မည်။

ဤကမ္ဘာကြီးထဲမှာ ထိုအရာနှစ်ခုစလုံးမရှိပေ။

နေနတ်ဘုရားက အိပ်စက်သွားပြီဖြစ်ပြီး၊ သူနိုးနေခဲ့ရင်တောင်မှပဲ သူ့ရဲ့အလင်းရောင်က Hermannကို မယှဉ်နိုင်ပေ၊ Pascalကို ဖိနှိပ်ဖို့ဆိုတာ ပြောမနေနဲ့တော့။ တစ်ဖက်မှာလည်း ဆိုးယုတ်ခြင်းနတ်ဘုရားက အိပ်မပျော်သေးသော်ငြားလည်း၊ သူက Pascalထက်ပိုပြီးတော့ စွမ်းအားကြီးဖို့ဆိုတာ မဖြစ်နိုင်ပေ။

အကြောင်းရင်းကတော့ တူတူပင်၊ ဤကမ္ဘာ၏နတ်ဘုရားတွေက အကုန်
ငယ်လွန်းအားကြီး၍ဖြစ်သည်။

သူတို့၏အသတ်ကွာခြားမှုကိုတော့ ထည့်ပြောနေစရာတောင်မလိုတော့ပေ။ နှင်းနတ်ဘုရား၏နတ်ဘုရားအမြူတေက အလင်းအမျိုးအစားလည်း မဟုတ်သလို အမှောင်အမျိုးအစားလည်းမဟုတ်ပေ၊ Pascal နှင့် ထိပ်တိုက်တွေ့တာက သေလမ်းရှာနေတာနှင့်မခြားဘူးပင်။

သို့စေကာမူ သူရှေ့ဆက်တိုးရလိမ့်မည်။
စွမ်းအားကြီး‌သည့် တစ်ဖက်ကမ္ဘာက ကျူးကျော်သူက ဘယ်ကမ္ဘာကိုမဆို အကြီးအကျယ်ထိခိုက်စေသော ပျက်စီးမှုကို ဖြစ်စေလိမ့်မည်။ နတ်ဘုရားမှာ ထိုဟာကိုတားဆီးဖို့ရန်အတွက် တာဝန်ရှိ၏။

သဘာဝအတိုင်း ပျောက်ကွယ်သွားခြင်း သို့မဟုတ် ယုံကြည်ကိုးကွယ်မှုတွေ ပျက်သုန်းသွားခြင်းကြောင့်မဟုတ်လျှင် နတ်ဘုရားတွေက ထာဝရရှင်သန်သည့်သူတွေဟု ပြောလို့ရသည်။ သူတို့၏နတ်ဘုရားကိုယ်ထည်ကို ဖျက်ဆီးခံလိုက်ရရင်တောင်မှပဲ၊ သူတို့၏နတ်ဘုရားဝိညာဉ်ကတော့ ထာဝရတည်ရှိနေဦးမှာဖြစ်သည်။

သို့စေကာမူ နောက်ထပ်အခြေ‌အနေ တစ်ခုလည်းရှိသေး၏။

စကြ၀ဠာကြီးထဲရှိ နတ်ဘုရားတိုင်းမှာ သူတို့၏မျက်ခုံးအလယ်တွင် သိမ်းဆည်းထား‌သော နတ်ဘုရားအမြူတေရှိ၏။
နတ်ဘုရားအမြူတေက နတ်ဘုရား၏အရေးပါဆုံးသော သ‌င်္ကေတဖြစ်ပြီး၊ နတ်ဘုရား၏စွမ်းအင်အရင်းအမြစ်လည်းဖြစ်ကာ၊ နတ်ဘုရား၏သေစေနိုင်သော အားနည်းချက်လည်းဖြစ်သည်။

နတ်ဘုရားကိုသတ်ခြင်းအမှုအား အမှန်တကယ်ပင် ကျုးလွန်လို့ရ၏။

အဲလိုမှမဟုတ်လျှင် ဘယ်လိုလုပ်ပြီးတော့ ကမ္ဘာတွေအများကြီး ဖျက်ဆီးခံခဲ့ရတာဖြစ်မလဲ။ နေ့စဉ်နေ့တိုင်းမှာ ကမ္ဘာတွေ ပျက်သုန်းနေကြရပြီး၊ ကမ္ဘာအသစ်တွေ မွေးဖွားနေကြ၏။ သူတို့၏အဆုံးသတ်ကို တွေ့ကြုံရသော ကမ္ဘာကြီး၏နတ်ဘုရားမှန်သမျှက နည်းလမ်းမျိုးစုံဖြင့် ပျောက်ကွယ်သွားကြရသည်၊ သူတို့က ဖျက်ဆီးချေမှုန်းဖို့မဖြစ်နိုင်သည့် သူတွေမဟုတ်ကြပေ။

သို့သော် ထိုသို့ဖြစ်ရင်တောင်မှပဲ သူကတော့ နှင်းနတ်ဘုရား၏အမည်နာမဖြင့် နောက်ဆုံးထွက်သက်အထိတိုင်အောင် ဤ‌ကမ္ဘာကြီးအတွက် တိုက်ခိုက်သွားမှာဖြစ်သည်။

သူက သူ့သတ်တမ်းတစ်လျှောက်မှာ စွမ်းအားအကြီးဆုံးသောရန်သူနှင့် ရင်ဆိုင်နေရတာပင်။

ရွယ်ချာ၏အမူအရာက အေးစက်နေခဲ့သည်။ သူ့လက်ဖဝါးပြင်ထက်မှာ မြောက်မြားလှစွာသော ရေခဲဓားသွားတွေကို ဖန်တီးလိုက်ပြီးတော့၊ ထိုဟာတွေကို Pascalရှိနေသည့်ဘက်အား ပစ်လွှတ်ပြီးတော့ တိုက်ခိုက်လိုက်သည်။

မကြာသေးခင်အချိန်ကမှ ချိတ်စည်းကို ဖွင့်ထားခဲ့မိပြီးတော့ ပြန်ချိတ်မပိတ်ရသေး၍ တော်သေးသည်။ ထို့ကြောင့်မို့လို့သာ သူ့ရဲ့နဂိုပုံစံဖြစ်သော ဆယ်ကျော်သက်အသွင်ကို ပြန်ပြောင်းပြီးတော့ စွမ်းအားအထွတ်အထိပ်ထိရောက်အောင် ထိန်းထားနိုင်တာဖြစ်သည်။

သို့စေကာမူ သူ့ရဲ့စွမ်းအားက တစ်ထောင်ပုံလျှင်တစ်ပုံဖြစ်နေပါစေ အထွတ်အထိပ်မှာပဲ ရောက်နေပါစေ၊ မြောက်မြားလှစွာသောနှစ်တွေကို ရှင်သန်နေနိုင်ခဲ့ပြီးသည့် နတ်ဆိုးဘုရင်နှင့် ယှဉ်လိုက်ချိန်မှာတော့ ဘာမှမဟုတ်တော့ပေ။

ရေခဲဓားသွားတွေက အကုန်လုံးကို ဖရဲဖရဲဖြစ်သွားစေခဲ့သည်။ မီးလင်းဖိုရှိမီးက ငြိမ်းသက်သွားခဲ့ပြီး၊ မျက်နှာကျက်မှာရှိသော မီးဆိုင်းက အောက်သို့ပြုတ်ကျကာ အစိတ်စိတ် အမွှာမွှာဖြစ်သွားခဲ့ပြီး၊ ကော်ဇောတွေက ရေခဲအချွန်တို့ဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ရေအဖြစ်ပြောင်းလဲသွားသော ရေခဲတွေက ကြမ်းပြင်ကို စိုစွတ်သွားစေခဲ့ပြီး၊ ထိုအပေါ်ကို ခြေတစ်လှမ်းမျှ နင်းမိရုံနှင့်တင်ကို ‌ခြေချော်ပြီးတော့ ပစ်လဲလောက်သည်။

ထိုသို့‌ဖြစ်နေပေမယ့်လည်း သတိမေ့နေခဲ့သော လျို့ယန်ရှင်းနှင့်ဖန်းယာအာကို မထိအောင်တော့ သူဂရုတစိုက်ဖြင့် လုပ်ခဲ့သည်။

Pascalက မြန်လည်းမမြန် နှေးလည်းမနှေးသောအရှိန်ဖြင့် အမြဲရှောင်ရှားနေခဲ့သော်လည်း၊ ဘယ်တော့မှပြန်ပြီးတော့ တိုက်ခိုက်မလာခဲ့ပေ၊ ကြွက်ကိုဆော့ကစားနေတဲ့ ကြောင်တစ်ကောင်ကဲ့သို့။

“မင်းက အတော်လေးကိုလှတဲ့ အလှလေးပဲ…  အမြဲတမ်း အရမ်းကြီး ကြမ်းရမ်းနေစရာမလိုပါဘူး” Pascal က ရေခဲဓားသွားတွေကို ရှောင်ဖယ်ရင်းမှ ပြုံးလိုက်၏။
“ ဒီလိုတိုက်ခိုက်နည်းတစ်မျိုးကိုပဲ သိတာလား”

သူ့စကားမဆုံးသေးခင်မှာပဲ နှင်းထုကြီးက ကောင်းကင်ထက်ကနေ ‌ပြုတ်ကျလာပြီးတော့ Pascal ကို နှင်းလူသားအဖြစ် ပြောင်းလဲလိုက်သည်။

Pascal: “…”

သူက နှင်းပုံထဲကနေပြီးတော့ အလျင်အမြန် ထွက်ကာ ဆက်ပြောလိုက်သည်။ “ မင်းက ငါနဲ့အတူ နှင်းလူသားလုပ်ချင်တာလား။ ဒီတောင်းဆိုချက်လေးက တော်တော်တော့…” “‌အဆင်ပြေသားပဲ”ဆိုသည့်စကားကို မပြောရသေးခင်မှာပဲ  ချွန်မြသော ရေခဲဓားသွားတစ်ချောင်းက လေထုကိူ ဖြိုခွင်းပြီးတော့ Pascal၏ပါးပြင်ကို ဖြတ်ကျော်ကာ၊ သူ့ရဲ့ချောမောသော မျက်နှာထက်မှာ သွေးစီးကြောင်းတစ်ခုကို ဖြစ်စေခဲ့သည်။

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now