အပိုင်းနှစ်ဆယ့်ကိုး

1.3K 260 8
                                    

Burmese Translation of “After Marrying The Male God”.

Translator – ScartletAnemone
___________

အပိုင်း ၂၉- လက်ရေး
________

“ကျွန်တော်က မလှလို့လား”

-------------------

သူကြောက်နေမိသည့်အရာကို သူတကယ်ပင် ဆွဲဆောင်မိခဲ့သည်။

ချီပိုင်ချာတစ်ယောက် အပြင်ကို ပြန်ထွက်လိုက်သည့်တခဏမှာပဲ အစားအသောက်ပါကင်အိတ်လေးကို လက်မှာကိုင်ရင်းနှင့် မတ်တပ်ရပ်နေခဲ့သော ဖူမင်ယယ်ကို တန်းတွေ့လိုက်ရသည်။ ထိုယောင်္ကျားက တံခါးနားမှာ အမူအရာကင်းမဲ့စွာဖြင့် မတ်တပ်ရပ်နေခဲ့ပြီး၊ သူ ထိုနေရာမှာ ဘယ်လောက်ကြာအောင် ရပ်နေခဲ့လဲဆိုတာ မသိရပေ။

သူထွက်လာတာကိုမြင်တော့ ဖူမင်ယယ်က အေးတိအေးစက်ဖြင့် နှာမှုတ်ကာ လှည့်ထွက်သွားလိုက်သည်။

သူသဝန်တိုနေတယ်… သူသဝန်တိုနေတယ်… ‌သူ နောက်တစ်ကြိမ်ထပ်ပြီးတော့ သဝန်တိုနေတယ်… နောက်တစ်ကြိမ်ထပ်ပြီးတော့… နောက်တစ်ကြိမ်ထပ်ပြီးတော့….။

ချီပိုင်ချာလည်း ခေါင်းကိုမော့၍ သူ့ခေါင်းထက်မှာ ပူပြင်းစွာ တောက်ပနေသည့် နေမင်းကြီးကို တစ်ချက်ကြည့်လိုက်သည်၊ ထိုနောက့်မှာတော့ အားအင်ချိနဲ့သည့်ဟန်ဆောင်ကာ သူနဖူးကို လက်ဖြင့်ထိန်းလိုက်သည်။

“နည်းနည်းလောက် ဖြေးဖြေးလေးလျှောက်ပေးလို့ မရဘူးလား… ကျွန်တော် ခေါင်းနည်းနည်းမူးလာလို့…”

ဖူမင်ယယ်တစ်ယောက် ချက်ချင်းဆိုသလို နောက်ပြန်လှည့်ပြီးတော့ စိုးရိမ်တကြီးမေးလာခဲ့သည်။ “အပူရှပ်တာလား”

ချီပိုင်ချာက ခေါင်းကို အသာလေး ညိမ့်ပြလိုက်သည်။ သူ့အသားရေက ဖြူဖျော့နေခဲ့ပြီး၊ သူ့မျက်နှာက ကျစ်ကျစ်တောက်အောင်ပူနေသော နေရောင်ကြောင့် အနည်းငယ် နီနေခဲ့ကာ အမှန်တကယ်ကို  အပူရှပ်သည့်လက္ခဏာတွေ ပြနေခဲ့သည်။

သူကပြောလိုက်၏။ “အရမ်းပူတယ်… ကျွန်တော် လမ်းမလျှောက်ချင်ဘူး”

“အိတ်ကိုကိုင်ထားပေး” ဖူမင်ယယ်က စက္ကူအိတ်လေးကို ချီပိုင်ချာဆီ လှမ်းပေးလိုက်ပြီးတော့ သူ့ရှေ့မှာ ထိုင်ချလိုက်သည်။ “ကျောပေါ်တက်လိုက်”

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now