အပိုင်းသုံးဆယ်

1.2K 255 6
                                    

Burmese Translation of "After Marrying The Male God".

Translator - ဂွေ့

(၃၀) အသန့်ကြိုက်
_____________________

"ငါ့ရဲ့လိပ်လေး"

------------------------

ဖန်းယာအာ၏ ခန္ဓာကိုယ်ကို တခြားတစ်ယောက်ကပိုင်ဆိုးထားသည်ကို သေချာစေဖို့အတွက် နောက်လုပ်ရမည့်အဆင့်က ဝိဉာဉ္ကိုခွဲထုတ်ဖို့ပင်။

သူတို့က တစ်နေကုန် ကင်မရာတွေအောက်မှာနေရသလို ညကျတော့လည်း ယောကျာ်း၊ မိန်းမ အဆောင်က ခွဲထားပြန်သေးသည်။ ထို့ကြောင့် ညနေခင်းမှာပဲ အခွင့်အရေးကရှိသည်။

သို့သော် နေ့လည်ပိုင်းရိုက်ကူးရေးပြီးသည်အထိ နေက မကျသေး။ ဖူမင်ယယ်က ချီပိုင်ချာကို ဆွဲခေါ်လာပြီး "ကိုယ်တို့အပြင်မှာသွားစားရအောင်"

ချီပိုင်ချာက ပြန်ပြောသည်။
"ကျွန်တော့်မှာ လုပ်စရာရှိ....."

"အဲ့ဒါက ကိုယ့်ထက်အရေးကြီးလို့လား?"
ဖူမင်ယယ်က သူ့ကိုပြန်ကြည့်၏။

သူ့ပုံစံက တည်ငြိမ်နေသည်။ အကယ္၍ ချီပိုင်ချာက အရေးတကြီးလုပ်စရာရှိသည်ဟု ပြောလာခဲ့လျှင်လည် သူနားလည်စွာသဘောတူပေးမည်ဖြစ်သည်။

ဒီအတိုင်း သူ အတော်လေးမပျော်မရွှင်ဖြစ်သွားရုံလောက်ပါပဲ။ အတော်လေးကိုမပျော်မရွှင်ဖြစ်သွားမှာ။

ချီပိုင်ချာက ပြောလိုက်သည်။ "ရပါတယ် ထားလိုက်ပါ"

အလုပ်နှင့် မိသားစုဆို မိသားစုကိုပဲ သူရွေးမှာပင်။

တစ်ရက်လောက် မလုပ်လို့လည်း ဘာမှတော့မဖြစ်။ အကယ်၍ ဖူမင်ယယ်ကို သ၀န်တိုအောင်လုပ်လိုက်မိလျှင်တော့ ထိုအမျိုးသားက စိတ်ကောက်သွားမည်ဖြစ်ကာ ဒေါသထွက်ထွက်နှင့် သူ့ကိုတစ်ညလုံးအိပ်မရအောင်လုပ်လိမ့်မည်။

ဖူမင်ယယ်က အဲ့ကျမှ အပြုံးမျက်နှာနှင့်
"သွားကြစို့"

သူတို့ Sမြို့၏ ရှီချန်းမြို့နယ်က အစားအသောက်စျေးတန်းကိုဝင်ခဲ့သည်။ သူတို့ ဘတ်စ်ကားပေါ်ကဆင်းတော့ ညီအကိုမသိတသိအချိန်ဖြစ်နေလေပြီ။ တစ်နေ့တာအချိန်ကုန်ဆုံးသွားပြီး ညမြင်ကွင်းက စတင်သက်ဝင်လှုပ်ရှားလာသည်။  လမ်းပေါ်တွင် လူတွေက ပျားပန်းခတ်မျှ စည်ကားနေကာ စျေးဆိုငတွေကလည်း တစ်ဖက်တစ်ချက်စီမှာ အော်ဟစ်ရောင်း၀ယ်နေကြပြီး အစားအသောက်နံ့တို့ကလည်း လေထုထဲတွင်လှိူင်ထနေသည်။

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now