အပိုင်းသုံးဆယ့်ခြောက်(ပထမပိုင်း)

1.2K 222 2
                                    

Burmese Translation of "After Marrying The Male God".

Translator – ScartletAnemone
_________

အပိုင်း ၃၆ - မျှော်လင့်ချက်ပျက်သုဉ်း
__________

“အဲတာကို “မျှော်လင့်ချက်ပျက်သုဉ်း” တယ်လို့ခေါ်တယ်”
__________

ချီပိုင်ချာလည်း ရှောပင်းစင်တာထဲကို တစ်ခေါက်ပြန်လှည့်ပတ်ကြည့်လိုက်ပြီး၊ ဖူမင်ယယ်အတွက် အဝတ်အစားတစ်စုံကို ဝယ်လိုက်သည်။

သူ ရေချိုးခန်းဆီကို ပြန်ရောက်သွားချိန်မှာ၊ ဖူမင်ယယ်က အခုမှရေကန်ထဲကနေ တက်လာကာစဖြစ်ပြီး ရေစက်တို့က သူ့ကျောပြင်ထက်မှာ စီးကျနေခဲ့၏၊ သူ့ရဲ့ရှည်လျားသည့် ပေါင်တံများကို ရေချိုးတဘက်ဖြင့် ပတ်ထားခဲ့ပြီး၊ သူ့ခါးနှင့် ဝမ်းဗိုက်ကြွက်သားတို့ကို ထင်ထင်ရှားရှားကြီး မြင်နေရသည်။

ချီပိုင်ချာက ရှောပင်းအိတ်ကို သူ့ဆီတိုက်ရိုက်ပစ်ပေးလိုက်ပြီး “အင်္ကျီဝတ်လိုက်တော့… ဒါတွေအကုန်လုံးက ခင်ဗျားရဲ့ကိုယ်တိုင်းချည်းပဲ”

ဖူမင်ယယ်က အိတ်ကိုယူကာ “မင်းအတွက် ဘာမှမဝယ်ခဲ့ဘူးလား။ ချာချာကတော့ အမြဲတမ်း ကိုယ့်ကိုပဲ ဦးစားပေးနေတော့တာ”

ချီပိုင်ချာ : ကျွန်တော်က အထူးချုပ်ပေးတဲ့အင်္ကျီတွေကိုပဲ ဝတ်တာ”

ဖူမင်ယယ် : “…” ကောင်းပါပြီ… အဲလိုဆိုလည်း။

ကျောင်းရှိရေပေးဝေမှုက ဖြတ်ထားခံရသေးတာကြောင့်၊ သူတို့နှစ်ယောက်လည်း စားသောက်ဆိုင်မှာ ညစာထွက်စားလိုက်ကြပြီးတော့ အိမ်ကိုတန်းပြန်‌လိုက်ကြသည်။
ချီပိုင်ချာက ရေချိုးခန်းထဲ၌ ဆေးကြောသန့်စင်ပြီးသည့်နောက်မှာ ကုတင်ဘေးနားရှိ စားပွဲခုံလေးထဲကနေပြီးတော့ လက်ထပ်လက်စွပ်ကို ထုတ်ကာ လက်ချောင်းထိပ်တို့ဖြင့် ဖျစ်ညစ်လိုက်သည်။

တောက်ပပြီး ဝိုင်းစက်နေသော ရေသူမပုလဲထက်မှာ အလွန်တရာကို လှပသည့် သူ့ရဲ့ရှည်လျားသွယ်လျှသော လက်ချောင်းတို့က ပုံရိပ်ထင်ဟပ်နေခဲ့သည်။

သူ အိပ်ရာထက်မှာလှဲပြီး ချင်ယိရုံကို ဘယ်လိုရှင်းရမလဲဟု တွေးနေမိသည်။
သူမ၏systemကို ပိတ်ပင်ပစ်လိုက်တာက မခက်ခဲပေ၊ တကယ်ခက်ခဲနေတာက မုန်ရှင်း၏နာမည်ကို ပြန်အဖတ်ဆယ်ဖို့ဖြစ်သည်။

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now